ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသေအချာပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။
ဆီးရီးယားသမ္မတ အာဆတ်အစိုးရဟာ အရပ်သားတွေကို ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ လုံးဝ သံသယမရှိအောင်ကို ကျိန်းသေတယ်လို့ မစ္စတာ ကယ်ရီ က အထက်လွှတ်တော် နိုင်ငံခြားရေး ရာကော်မတီ ကြားနာပွဲမှာ ထွက်ဆိုသွားတာပါ။
ဆီးရီးယားစစ်တပ်ဟာ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ သေချာ ကြိုတင် ပြင်ဆင်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားရှိတယ်။ ဒီတိုက်ခိုက်မှုကို သူပုန်တွေ လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာ သိပ်စဉ်းစားကြည့်ဖို့ မလိုဘူးလို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။
အမေရိကန် လွှတ်တော်အမတ် တချို့က ဆီးရီးယားနိုင်ငံအရေးကိစ္စမှ
အဆိပ်ဓာတ်ငွေ့ အသုံးမပြုရဘူးဆိုပြီး သမ္မတ အိုဘားမား က မကျော်ဖြတ်ရအောင် မျဉ်းနီ တားထားတာဟာ ကမ္ဘာအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။ အီရန်၊ ဟက်ဇဘိုလာနဲ့ မြောက်ကိုရီးယားတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ တုတ်တုတ်မှ မလှုပ်တာ ကို စောင့်နားထောင်နေကြတယ်လို့လ
သမ္မတ ဘရက်ခ် အိုဘားမားက ဆီးရီးယားအစိုးရအပေါ် တိုက်ခိုက်မှု တစုံတရာ မလုပ်ခင်မှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို တောင်းခံ မယ် လို့ ပြောကြားထားပါ တယ်။
VOA
0 comments:
Post a Comment