လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာပြောင်းရွှေ့ကြေးပေါင်(၈၅)သန်းနဲ့ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ဘေးလ်ဟာ EA(Electronics Art) က ထုတ်လုပ်တဲ့
ဖီဖာ-၁၄ဂိမ်းရဲ့တန်ကြေးအမြင့်ဆုံး
ကစားသမားစာရင်းမှာတော့ ထိပ်သီး(၁၀)ဦးစာရင်း မ၀င်ခဲ့ဘဲ အဆင့်(၁၇)နေရာပဲ
ရပ်တည်နိုင်ခဲ့ပါတယ်။ EA ဟာ အခုလ ၂၄ရက်နေ့မှာ ဖီဖာ-၁၄ဂိမ်းခွေကို
စတင်ဖြန့်ချိတော့မှာဖြစ်ပြီး Playstation 3 ၊ Xbox 360 စက်တွေနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။
ဒီအထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဖြစ်ပြီး ဒုတိယနေရာမှာတော့ရီးရဲလ်တိုက်စစ်မှူး
ရော်နယ်ဒိုက ရပ်တည်နေသလို ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဗန်ပါစီ၊
ရွန်နီတို့ကလည်း ဘေးလ်ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
http://yoyarlay.com/sport/football/37717-ea ဇော်ထွန်း(ရိုးရာလေး)
0 comments:
Post a Comment