တရားရှာတယ်ဆိုပေမဲ့ အမှန်တကယ်က ရှာနေရမှာ မဟုတ်ပါဘူး။
တွေ့အောင် မြင်အောင် စောင့်ကြည့်နေရမှာ...။
" တရားမြင်တယ်ဆိုတာ"
အချိန်တိုင်းမှာ ဖြစ်ပျက်နေတဲ့ ရုပ်၊ နာမ်တရားတွေကို မြင်နေတာကို တရားမြင်တယ်လို့
ခေါ်ပါတယ်။
အထူးအဆန်းတွေ မြင်ရလိမ့်မယ်လို့ မျှော်လင့်မနေပါနဲ့...။
"တွေးမနေနဲ့ စောင့်ကြည့်နေ"
ကိုယ့်ရုပ် ကိုယ့်နာမ် သဘောအမှန်ကို သိအောင် စောင့်ကြည့်နေတာဟာ တရားအလုပ်အားထုတ်နေတာပါ။ တွေးမနေနဲ့ စောင့်ကြည့်နေပါ။
" ရည်မှန်းပြီးအားထုတ် "
ဝိပဿနာ ဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ထိကို ရည်မှန်းပြီးအားထုတ်ပါ။
ကုသိုလ်ဖြစ်ရုံလေး အားထုတ်မယ်ဆိုရင် ကုသိုလ်ရတာလောက်ပဲ ဖြစ်နေပါလိမ့်မယ်...။
(ဒေါက်တာအရှင်ပညိဿရ )
နှလုံးသားအာဟာရ
0 comments:
Post a Comment