ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု၊ မရင်းကုန်းကျေးရွာတွင် အရက်သောက်စားပြီး မူးယစ်ကာ အသိစိတ်ပျောက်နေစဉ် မိမိ၏ ရင်သွေး ကလေးငယ်(၁၁)လသားအား ဒီဇင်ဘာ၂၂ညနေတွင်ဖခင်ကိုယ်တိုင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်း
မှသိရသည်။
မရင်းကုန်းကျေးရွာနေ သိန်းစိုး (ခ)အိုက်စိုးသည် ညနေ၆း၃၀တွင်နေအိမ်မှ မိမိရင်သွေးသားငယ်ကို ခေါ်ဆောင် ၍ဆိုင်ကယ်ဖြင့် အိမ်အပြင်သို့ထွက်သွားခဲ့သည်။ ဇနီးဖြစ်သူဒေါ်လဲ့လဲ့ဝင်းထွန်းမှ
၏ခင်ပွန်း စိုင်းသိန်းစိုးအားရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်းကုန်းတွင် တွေရှိခဲ့ကြောင်း ဒေါ်လဲ့လဲ့ဝင်းထွန်းမှပြောသည်။
ကလေးငယ် အအေးပတ်မည်ကို စိုးရိမ်၍ အိမ်သို့အိမ်ပြန်ရန် ပြောခဲ့သဖြင့် မိမိရင်သွေးငယ်(၁၁)လသားအား ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး
ဝှေ့ရမ်းကာ ဆိုင်ကယ်ဖြင့် ရိုက်ချလိုက်သည်ဟုဆိုသည်။
ကလေးငယ်မောင်ထွန်းမြင့်အောင်အား
အရက်သေစာ သောက်စားမူးယစ်ပြီး လတ်တလောအသိစိတ်ပပျောက်နေသဖြင့် မိမိ၏သားငယ်မှန်း မသိနိုင်တော့ဘဲ ရိုက်သတ်ခဲ့ကြောင်း အမှုစစ်ဒုရဲမှူးဦးလှထွေးထံမှသိ
မိုးညှင်းမြို့နယ်အတွင်း ပထမဦးဆုံးမိမိရင်သွေးကို သတ်မိသည့် အမှုဖြစ်ကြောင်း၊ ဒေါ်လဲ့လဲ့ဝင်းထွန်းမှ တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မ ရဲစခန်းတွင်ခင်ပွန်းဖြစ်သူအား အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားထားကြောင်း ဒုရဲအုပ်စောအောင်ဝင်းဝင်းမှပြော
အသက်၂၁နှစ်ရှိ တရားခံစိုင်းသိန်းစိုး(ခ)အိုက်စ
သီဟအောင်(ကချင်)
The Myanma Age
0 comments:
Post a Comment