၃.၃.၂၀၁၄၊ တနင်္လာနေ့
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံ ကိန်းနယ်မြေ၏ သတ္တုသိုက်ဗဟိုချက်နေရာကျသော လယ်တီသိမ်တော်နှင့် တောင်ကြားစေတီကို လတ်တလော ရွှေ့ပြောင်းရန် မဖြစ်နိုင်သေးကြောင်း ဆည်တည်းရွာဟောင်းကျောင်းတိုက်မှ
လယ်တီသိမ်တော်နှင့် တောင်ကြားစေတီ ပြောင်းရွှေ့တော့မည်ဆိုသည့် သတင်းသည် အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ရာ အဆိုပါသတင်းနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ဒေသခံဖြစ်သည့် ဆရာ တော်သို့ မေးမြန်းလျှောက်ထားရာတွင် အထက်ပါအတိုင်း ပြန်လည်မိန့်ကြားလိုက်ခြင်းဖြစ်
သိမ်ဟောင်းနေရာကိုလည်း သံဃာတော်တွေနဲ့ သိမ်နုတ်ကံ ပြုလုပ်ရဦးမယ်။ နောက်ပြီး အသစ်ဆောက် မယ့်နေရာမှာလည်း သိမ်သမုတ်ရဦးမယ်။ အဲဒါကြောင့် လတ်တလောရွှေ့ပြောင်းမယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး”ဟု ဆရာတော်က မိန့်သည်။
အဆိုပါ သိမ်ပြောင်းမည့်အစီအစဉ်ကို ဒေသခံသံဃာတော်များနှင့် ရွာသားများကလည်း မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း ဆရာတော်က မိန့်ကြားခဲ့သေးသည်။ ဒေသခံပြည်သူများ၏ ယုံကြည်ချက် များအရ အဆိုပါပြောင်းရွှေ့မည့် လယ်တီခဏ္ဍသိမ်တော်သည် ပထမ လယ်တီဆရာတော်ဘုရားကြီး သီ တင်းသုံးနေထိုင်ခဲ့သည့် သိမ်တော်ဖြစ်ကြောင်း သမိုင်းအထောက်အထားများကို ကိုးကား၍ ဒေသခံများ က ပြောဆိုထားသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတ
ယင်းနေ့က ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဗန်းမော်ဆရာတော်ကြီးနှင့်အတူ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဒု-ဝန်ကြီး ဦးစိုးဝင်း၊ တိုင်းအစိုးရအဖွဲ့ သာသနာရေးဝန်ကြီး ဦးတင်ဝင်း၊ ရဲမှူးကြီးနေထွန်း၊ ဒု-ရဲမှူးကြီးတင်မိုးအဖွဲ့တို့က အဆိုပါ လယ်တီသိမ်တော်နှင့် တောင်ကြားစေတီအား ဝင်ရောက်ဖူးမြော်ခဲ့ သေးကြောင်း လက်ပံတောင်းကြေးနီစီမံကိန်း လုံခြုံရေးရဲအရာရှိတစ်ဦးက ပြောသည်။
နိုင်ငံရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ ဒီကိစ္စ စောနေသေးတယ်လို့ အန်တီတို့က မြင်ပါတယ်။ စုံ စမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)အရ တင်ပြပေးထားခဲ့ပြီးပြီ။ အခုချိန်မှာ ရွှေ့မယ်ဆိုရင်တော့ အဲ့ဒီအချက်နဲ့ မညီဘူးလို့ပဲ ပြောရမှာပေါ့”ဟု ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်ပြီး လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ
လက်ပံတောင်းတောင်ကြား တောရစင်္ကြံကျောင်းခေါ်သောနေရာနှင့်
Mizzima - News in Burmese
3.3.14
လယ်တီသိမ်ပြောင်းရွှေ့ရေး လတ်တလော မဖြစ်နိုင်သေးဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment