အခုတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းအလှည့်ပေါ့ရှင်၊ ဖိလစ်ပိုင်နိုင်ငံက ယူနိုက်တက် လက်ဘော်ရေထရီနဲ့ ပြည်တွင်းက ဆပ်ပြာ၊သွားတိုက်ဆေးနဲ့ ကျန်းမာရေးသုံးကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ဗျူတီး ပဲလေ့ (စ)ကုမ္ပဏီတို့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းသစ်တစ်ခုတည်ထောင်ဖို့ နှစ်ဦးသဘောတူလိုက်ပြီဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃သန်းတန်ကြေးရှိတဲ့ ဒီပူးပေါင်းဆောင်ရွက်မှုအတွက် ကုမ္ပဏီအသစ်နာမည် ယူနိုက်တက် ဗျူတီး ပဲလေ့(စ) နဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းမှုဆိုင်ရာ ကုန်ပစ္စည်းတွေကို ထုတ်လုပ်သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ A-21 ဆပ်ပြာနဲ့ Best-T သွားတိုက်ဆေးစတဲ့ကုန်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ဗျူတီး ပဲလေ့(စ)ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြိုင်ဟင်းက ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကနေ နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့် ကုန်ပစ္စည်းတွေကို ထုတ်လုပ်သွားဖို့ရှိနေပြီး စွမ်းဆောင်မှုတွေကို ပိုမိုမြှင့်တင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Credit to : Mizzima
0 comments:
Post a Comment