ပြင်သစ်လေတပ်မှလေကြောင်းစစ်ဆင်ရေးစတင်ပြီးနောက်နေ့ မှ
စတင်တိုက်ခိုက်ခဲ့ပေမယ့် ရုရှားလေတပ်ဟာ တိုက်လေယာဉ်များအပြင်
မဟာဗျူဟာမြောက်တာဝေးဗုံးကြဲလေယာဉ်ကြီးများကိုလည်း
ရုရှားနိုင်ငံမှထပ်မံစေလွှတ်တိုက်ခိုက်စေခဲ့ပါတယ်။
အစဉ်အဆက် နိုင်ငံတကာမှ
အပြစ်ဆိုခြင်း၊ရှုံ့ ချခြင်းတို့ ကိုအလျဉ်းဂရုစိုက်လေ့မရှိသည့်
သမ္မတပူတင်ဧ။်သွေးကြွေးဆပ်ရေးစီမံချက်အရ
ရုရှားလေတပ်ဟာအမျိုးအမည်မသိလက်နက်အချို
့နှင့်ကလပ်စတာဗုံးအပါအ၀င်ဖျက်အားပြင်းဗုံးများကိုအသုံးပြုခဲ့သည့်အပြင်
ရက်တိုတိုအတွင်းမှာ တနေ့ ကို
ပျှမ်းမျှအကြိမ်(၁၃၀)နီးပါးပျံသန်းတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးမှုပမာဏဟာ
ယခုတလောအနောက်နိုင်ငံများဧ။်လေကြောင်းစစ်ဆင်ရေးထက်ပိုမိုကြီးမားခဲ့ပါတယ်။
ဒါကိုတောင် ရုရှားသမ္မတပူတင်မှ အကြမ်းဖက်သမားများအား အပြတ်ရှင်းလင်းရန်
မလုံလောက်သေးဟုဆိုကာ ရုရှားစစ်လေယာဉ်ကို
(၆၉)စင်းအထိတိုးမြှင့်ချထားမည်ဟုမနေ့ ကထုတ်ပြောသဖြင့် စစ်ဆင်ရေးဧရိယာသည်
မည်မျှအထိရောက်ရှိသွားနိုင်သည်ကို စောင့်ကြည့်နေကြပါတယ်။
ရုရှားကြည်းတပ်အင်အား တစ်သိန်းငါးသောင်းကိုလည်း
အသင့်အနေအထားတွင်ပြင်ဆင်ထားသည်ဟုလည်း ရုရှားသတင်းဌါနများမှရေးသားသဖြင့်
လက်စလက်န ပြင်းသည့် သမ္မတပူတင်အနေဖြင့် ဘယ်အတိုင်းအတာအထိ
လုပ်ဆောင်မည်ကိုကြည့်ရဦးမှာပါ။
ရုရှားလေတပ်ဟာ
မြေအောက်ဘန်ကာ၊စခန်းများအတွင်း ခိုအောင်းအခြေစိုက်နိုင်သည်ကို
ကြိုတင်တွက်ဆထားသည့်အတိုင်း မြေပြင်တခုလုံးကိုလှန်ပစ်ပြီးအမှုန်
့ဖြစ်စေသည့်မြေလှန်ဗုံးများနျှင့်
ပစ်မှတ်တခွင်မြေပြင်ရှိကြီးငယ်မရွေးသက်ရှိသတ္တ၀ါမှန်သမျှကိုမီးလောင်တိုက်သွင်းပစ်သည့်
"Cluster Bomb" ကလပ်စ်တာဗုံးများကိုလည်းအသုံးပြုခဲ့သည့်အတွက်
ယခုတလောမြင်တွေ့ နေရသည့်ဗီဒီယိုဖိုင်တိုင်းလိုလိုတွင် ဒေသခံများ
တုန်လှုပ်စွာဖြင့်ကိုးကွယ်ရာဘာသာကိုတမ်းတနေကြသံများကိုကြားနေရပါသည်။
ရုရှားတပ်ဖွဲ့ ဝင်များသည် စစ်ဆင်ရေးတွင်အသုံးပြုမည့်ဗုံးဆံများတွင်
ရုရှားဘာသာဖြင့် (ကျွန်တော်တို့ ပြည်သူအတွက်)(ပါရီမြို့ ပြည်သူအတွက်)
စသည့်အဓိပ္ပါယ်ရသော
ရုရှားစာသားများကိုရေးသားပြီးဗုံးကြဲလေယာဉ်များပေါ်တွင်တပ်ဆင်သည်ကိုလည်းတွေ
့ရပါတယ်။
Credit To >>> ပြည်မြန်မာ News
24.11.15
ရှုရှားလေတပ်မှ အမျိုးအမည်မသိသောလက်နက်တချို့ နှင့် ဖျက်အားပြင်းလှသောဗုံးလက်နက်များအသုံးပြု သည့်စစ်ဆင်ရေးကြောင့် အစဉ်အဆက်အန်တုခဲ့သည့် အကြမ်းသမားများ မကြုံစဖူးတုန်လှုပ်ခြောက်ခြားကာအထိနာဟုဆို - -
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment