Huawei အနေဖြင့် အမေရိကန်ဈေးကွက်သို့ ၎င်း၏ Honor အမှတ်တံဆိပ်ဖြင့်
ဝင်ရောက်ရန် ပြင်ဆင်နေကြောင်းနှင့် ထုတ်ပြန်ကြေညာချက်ကို ဇန်နဝါရီလ
အစောပိုင်းတွင်ကျင်းပမည့် CES 2016 တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏
အမှုဆောင်အရာရှိချုပ် ဂျော့ခ်ျရှောင်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
သို့ရာတွင် Huawei ၏ အမှတ်တံဆိပ်ခွဲဖြစ်သော Honor မှ အသစ်ဖြန့်ချိမည့် ထုတ်ကုန်များအကြောင်းကို မသိရှိရသေးပေ။
လက်ရှိတွင် Honor 7 သည် နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်ပြီး ၎င်းတွင် ၅.၂ လက်မ 1920 x 1080 screen, octa-core Kirin 935 processor, 20-megapixel ကျောဘက်ကင်မရာနှင့် 8-megapixel အရှေ့ဘက်ကင်မရာတို့ ပါဝင်သည်။ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး 3GB RAM နှင့် 3100mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။
Credit To>>> Internet Journal

0 comments:
Post a Comment