ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်သစ်ကူး မဟာသင်္ကြန်ရက်များအတွင်း မဟာ သင်္ကြန်အကြတ်နေ့ဖြစ်သော ဧပြီ ၁၄ ရက်(ကြာသပတေး နေ့)နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၈ ရက် (တနင်္လာနေ့)တို့တွင် အများပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ စာဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေလုပ်ငန်းများကို နားရက်မယူဘဲ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အမြန်ချောပို့ လုပ်ငန်းကို လည်းနှစ်သစ်ကူး မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် ပိတ်ရက်မရှိ နေ့စဉ် ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါရက်များအတွင်း ဝတ်စုံပြည့်ဖြင့် တာဝန်ထမ်းဆောင်နေကြသည့် စာပို့လုလင်၊ ကြေးနန်းပို့လုလင်များကို ရေပက်ကစားခြင်းမပြုကြရန် မြန်မာ့ စာတိုက်လုပ်ငန်းမှ မေတ္တာရပ်ခံထားကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment