မော်တော်ယာဉ်လုပ်ငန်းရှင်များမျှော်လင့်နေသော ပါကင်ပါမစ်များကို ပြန်လည်ချထားပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မော်တော်ယာဉ်လုပ်ငန်းရှင်အသ င်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ မော်တော်ယာဉ်လုပ်ငန်းရှင်အသ င်းချုပ်များ၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာစိုးထွန်းကဆိုသည်။
“ဘယ်တော့လဲဆိုတာတော့ မပြောလိုက်ဘူး။ မပေးလို့လည်း မရဘူးလေ။ လုပ်ငန်းရှင်တွေမှာ အခက်အခဲဖြစ်နေကြပြီ” ဟု ၎င်းကပြောဆိုသည်။
ပါကင်ပါမစ်ထုတ်ပေးမှုရပ်ဆိုင်းထားသည်မှာ သုံးလကျော်ကြာမြင့်လာပြီဖြစ်သည့်အတွက် မော်တော်ယာဉ်လုပ်ငန်းရှင်များမှာ အရောင်းအဝယ်များ ရပ်ဆိုင်းထားရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။
“ရက် ၁၀၀ စီမံချက်အပြီးမှာ အတိအကျဆုံးဖြတ်ပေးမယ်လို့တော့ ပြောပါတယ်” ဟု အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည့် မော်တော်ယာဉ် တစ်ဦးတည်းတင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောဆိုသည်။
“ဘယ်တော့လဲဆိုတာတော့ မပြောလိုက်ဘူး။ မပေးလို့လည်း မရဘူးလေ။ လုပ်ငန်းရှင်တွေမှာ အခက်အခဲဖြစ်နေကြပြီ” ဟု ၎င်းကပြောဆိုသည်။
ပါကင်ပါမစ်ထုတ်ပေးမှုရပ်ဆိုင
“ရက် ၁၀၀ စီမံချက်အပြီးမှာ အတိအကျဆုံးဖြတ်ပေးမယ်လို့တေ
Credit To >>> The Voice Weekly
0 comments:
Post a Comment