ပြည်တွင်းဈေးကွက် ကြီးမားလာခြင်းကြောင့် မော်တော်ယာဉ်သုံးအဆင့်မြင့် နည်းပညာ ၀န်ဆောင်မှုဈေးကွက် ကျယ်ပြန့်လာတယ်လို့ Bosch ရဲ့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။
Bosch ရဲ့ Mobility Solutions လို့ ခေါ်တဲ့ မော်တော်ယာဉ်များအတွက်လိုအပ်တဲ့ အဆင့်မြင့်နည်းပညာသုံး ၀န်ဆောင်မှုလုပ်ငန်းကဏ္ဍက၂၀၁၅ ခုနှစ်အတွင်း ဆက်လက် တိုးတက်မှုရရှိခဲ့တယ်။
မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်နဲ့ ဆက်စပ်ပစ္စည်း ဈေးကွက်အတွင်းspark plugs နဲ့ ဘက်ထရီပစ္စည်းများ လိုအပ်ချက်မြင့်တက်လာတဲ့အတွက် ရောင်းအား ပမာဏမှာ တိုးတက်မှုများ ရရှိခဲ့ပြီး စက်ယန္တရားသုံး မော်တော်ယာဉ်များမှာ အသုံးပြုတဲ့ ပစ္စည်းများရောင်းအားမှာလည်း
မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ဈေးကွက် ယခုအတိုင်း ဆက်လက်မြင့်တက် နေမယ်လို့ Bosch ရဲ့ လေ့လာချက်များအရ သုံးသပ်ထားပါတယ်။ မော်တော်ယာဉ်တွင်းအသုံး ပြုတဲ့ ဘရိတ်စနစ် နည်းပညာပိုင်းအပြင်Bosch က ထုတ်လုပ်လိုက်တဲ့ အခြားပစ္စည်းများ နဲ့ ၀န်ဆောင်မှုများ လိုအပ်ချက် ဆက်လက်မြင့်တက်သွားမယ်လို့ခန့်မှန်းထားပါတယ်။
“မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ကဏ္ဍနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်နေတဲ့အတွက် Bosch
နည်းပညာမြင့် ထုတ်ကုန်နဲ့ ၀န်ဆောင်မှု အမျိုးမျိုးကိုဈေးကွက်အတွင်း လိုအပ်ချက် မြင့်တက်လျက်ရှိပါတယ်။
အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံဟာBosch အတွက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့အဓိကဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါ တယ်။” လို့ BOSCH လုပ်ငန်းစုရဲ့ မြန်မာနိုင်ငံဈေးကွက်ကိုယ်
၂၀၁၅ ခုနှစ်အတွင်း Bosch ကုမ္ပဏီက ရန်ကုန်မြို့မှာBosch ကားဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ မန္တလေးမြို့မှာလည်း ဖွင့်လှစ်ခဲ့ပါတယ်။ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာအနှံ့ရောင်းအားပမာဏကို၃ ရာခိုင် နှုန်း မှ ၅ ရာခိုင်နှုန်း အကြား တိုးတက်လာမယ်လို့မျှော်မှန်းထားပါတယ်။
ဂျာမနီနိုင်ငံမှ Bosch ကုမ္ပဏီဟာ မြန်မာနိုင်ငံဈေးကွက်သို့၂၀၁၂ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး မော်တော်ယာဉ် အပိုပစ္စည်းများ၊ နည်းပညာဝန်ဆောင်မှု လုပ်ငန်းများ၊ စက်မှုလုပ်ငန်းသုံး နည်းပညာများ၊ နည်းပညာ မြင့်လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး နည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။
Credit To >>>SFJ Strategy First Journal
15.7.16
ပြည်တွင်းမော်တော်ယာဉ်သုံး အဆင့်မြင့်နည်းပညာဝန်ဆောင်မှုဈေးကွက် ကျယ်ပြန့်လာလို့ Bosch ကုမ္ပဏီ သုံးသပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment