နိုင်ငံတကာအဆင့်မီရေအောက်ငါးကမ္ဘာတည်ဆောက်ခြင်းနဲ့ပြသခြင်းဝန်ဆောင်မှုလုပ်ငန်းကို ရင်းနှီးမြှုပ်နှံဆောင်ရွက်ဖို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ (၁၄/၂၀၁၆)ကြိမ်မြောက်အစည်းအဝေးကနေ ခွင့်ပြုလိုက်ပါတယ်။
Myanmar Aquariums Co.,Ltd က နိုင်ငံတကာအဆင့်မီရေအောက်ငါးကမ္ဘာတည်ဆောက်ခြင်းနဲ့ပြသခြင်းဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်သွားမှာဖြစ်ပြီးနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီရေအောက်ငါးကမ္ဘာ တည်နေရာကဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ နတ်မောက်လမ်း၊ဗိုလ်ချုပ်ပန်းခြံဝင်း၊ ကန်တော်ကြီး ရေချိုငါးဥယျာဉ်မှာဖြစ်ပါတယ်။
(MIC) ရဲ့ (၁၄/၂၀၁၆) အစည်းအဝေးကနေ Sewell Garment (Myanmar) Industrial ကုမ္ပဏီကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လှိုင်သာယာမြို့နယ်၊ငွေပင်လက်စက်မှုဇုန်မှာ CMP စနစ်နဲ့ အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုခဲ့ပါတယ်။
Marga Global Telecom Limiter ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ Data Centre and
Wireless Internet Services လုပ်ငန်းကို လုပ်ကိုင်ဖို့ ခွင့်ပြုပါတယ်။
Wireless Internet Services လုပ်ငန်းကို လုပ်ကိုင်ဖို့ ခွင့်ပြုပါတယ်။
MIC အစည်းအဝေကနေ ခွင့်ပြုလိုက်တဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကနေ အလုပ်အကိုင်အခွင့်အလမ်း ၁၈၇၄ ခု ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Credit To >>>SFJ Strategy First Journal
0 comments:
Post a Comment