သြဂုတ် ၂၂ ရက်က ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ အနက်ရောင်ပြောင်း လဲသွားမှုကို ဒေသခံများ စိုးရိမ်နေ သလို ၂၄ ရက်တွင် ဟုမ္မလင်းဒေသခံ များ မြင်တွေ့၍ စိုးရိမ်နေမှုများမှာ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှု ယခင်ကထက် များခဲ့သောကြောင့် ခန္တီးမြို့အထက်ပိုင်း လဟယ်အစပ် တွင်ရှိသော နန့်စကားချောင်း တစ်လျှောက် တောင်များပြို၍ မြေ အနက်ရောင် များ ရေနှင့်အတူ ချင်းတွင်းမြစ်ထဲ စီးဆင်းလာသည့်အတွက် မြစ်ရေ မည်းနက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစို
''ခန္တီးအထက်ပိုင်းက နန့်စကား ချောင်းဘေးက တောင်ပြိုပြီး မြစ်ရေ မည်းတာပါ။ မိုးကလည်း အခါတိုင်း ထက်ပိုများတော့ တောင်ပြိုပြီး မြေမည်းတွေ မြစ် ထဲစီးလာတာ ဖြစ်ပါတယ်။ နန့်စကားချောင်းဆိုတာ လဟယ်အစပ်မှာ ရှိတဲ့ ချောင်းဖြစ်ပြီး တောင်စဉ် တောင်တန်းတွေကြားက ချောင်းပါ။ ခန္တီးမှာ ၂၂ ရက် မနက်ပိုင်းက မြစ်ရေတွေ မည်းနက်နေတာမှန်ပေမယ့် ညနေပိုင်းမှ ပုံမှန်မြစ်ရေ အရောင်ကိုရောက်နေပြီဖြစ်ပြီ
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၌ အနက်ရောင်သို့ ရုတ်တရက်ပြောင်းလဲ သွားသည့်အပေါ် ဒေသခံအများစုက စိုးရိမ်မှုများရှိခဲ့ပြီး မြစ်ရေ ကို သောက်သုံးရန်မသင့်ကြောင်း သတ်မှတ်ပြောဆိုခဲ့မှုများရှိ
''သြဂုတ် ၂၂ ရက် နံနက်ပိုင်းကတည်းက ခန္တီးမြို့ မျက်နှာစာမြစ်ကြောင်းအတွင်း
ခန္တီးဒေသခံတွေက မြစ်ရေကိုပဲ သောက်ကြ၊ သုံးကြတာပါ။ အခုဘယ်သူမှ မသောက်ရဲကြတော့သလို ချိုးလည်း မချိုးရဲကြတော့ နီးစပ်ရာရေကို စုပေါင်းသုံးနေကြရတာကို တွေ့ရပါတယ်''ဟု ခန္တီးဒေသခံ ကိုကျူကပြောပြသည်။
ချင်းတွင်းမြစ်ရေ ရုတ်တရက် အနက်ရောင်သို့ ပြောင်းလဲသွားခြင်းအပေါ် လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ်ကလည်း မြေပြိုဆင်းခဲ့မှုကြောင့် အရောင်ပြောင်းခဲ့သလို ယခုရေအရောင်ပြောင်းခြင်းသည်
Credit To >>> MOI Webportal Myanmar
30.8.16
ချင်းတွင်းမြစ်ရေ ရုတ်တရက် အရောင်ပြောင်းခြင်းသည် နန့်စကားချောင်း အတွင်း မိုးများ၍ တောင်ပြိုခြင်းကြောင့်ဟု သိရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment