၂ဝ၁၆ ခုနှစ် ကုန်ဆုံးတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားရာသီလည်း စတင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်စရာနေရာများ ပေါများပြီး နှစ်စဉ်လာရောက် လည်ပတ်လျက်ရှိသည်။
Air KBZ လေကြောင်းလိုင်းမှလည်း ပြည်တွင်း ပြည်ပလေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ် လျက်ရှိပြီး ထပ်မံဝယ်ယူထားသည့် ATR 72-600 လေယာဉ်အမှတ် XY-AMF (MSN 1333)သည် ပြင်သစ်နိုင်ငံမှတစ်ဆင့် feery flight ဖြင့် စက်တင်ဘာ ၁ ရက် နံနက် ဝဝး၄၅ နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
Air KBZ လေကြောင်းလိုင်းတွင် ယခု ATR 72-600 လေယာဉ်အသစ်တစ်စင်း အပါအဝင် ATR 72-600 လေယာဉ်ငါးစင်း၊ ATR 72-500လေယာဉ်သုံးစင်း စုစုပေါင်း ရှစ်စင်း ဖြင့် ပြည်တွင်းခရီးစဉ်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေပြု၍ နေပြည်တော်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ မြစ်ကြီးနားနှင့် ကလေးမြို့များသို့ နေ့စဉ်အချိန်မှန် ပျံသန်းလျက် ရှိသည်။ ထို့ပြင် နိုင်ဝင်ဘာ ၂ ရက်မှ စတင်ကာ ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်-ချင်းမိုင်-ရန်ကုန်ခရီးစဉ်ကိုလည်း တစ်ပတ်လျှင် သုံးရက်တိုးချဲ့ ပျံသန်းရန်စီစဉ်နေကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment