ဖီဖာဥက္ကဌ
ဘလတ္တာက ယူရို-၂၀၂၀ပြိုင်ပွဲအား နိုင်ငံ ၁၃နိုင်ငံတွင်
လှည့်လည်ကျင်းပမည့် ပုံစံကို ဝေဖန်သွားခဲ့ပြီး ပြိုင်ပွဲ၏အနှစ်သာရ
ပျောက်ဆုံးစေသည်ဟု ဆိုခဲ့သည်။ ယူရိုပြိုင်ပွဲကျင်းပသည့် နှစ် ၆၀ပြည့်
အထိမ်းအမှတ်အဖြစ် ယူရို-၂၀၂၀ ပြိုင်ပွဲကို ၁၃နိုင်ငံတွင်
ပိုင်းခြားကစားစေမည်ဖြစ်ပြီး ကျင်းပမည့်မြို့များကို ၂၀၁၄ စက်တင်ဘာ လတွင်
ရွှေးချယ်မည်ဖြစ်သည်။
ယင်းနှင့်စပ်လျဉ်း၍
ဘလတ္တာက ပြိုင်ပွဲကျင်းပမည့်ပုံစံသစ်မှာ ၂၀၁၀တွင် ဂဒါဖီတင်သွင်းခဲ့သည့်
အဆိုပြုချက်ဖြစ်ပြီး ပလာတီနီ၏ အကြံဥာဏ်မဟုတ်ဟု တိုက်ခိုက်ခဲ့ကာ
အိမ်ရှင်နိုင်ငံတစ်နိုင်ငံ ရွှေးချယ်၍ ပြိုင်ပွဲကျင်းပစေခြင်းမှာ
ဂုဏ်သတင်းနှင့် ၀ိသေသလက္ခဏာများ ပျောက်ဆုံးစေကြောင်း မှတ်ချက်ချခဲ့သည်။
0 comments:
Post a Comment