ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.6.13

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှုတခု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်း မူဆင်နှစ်ဦး မုဒိန်းကျင်ခံရတယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ ညိုညင်ဆိုတဲ့ ရွာက ဖြစ်ပါတယ်။ မုဒိန်းကျင့်တဲ့ မူဆလင်တစ်ယောက် ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်။” ဟု သံတွဲမြို့ ခံ တစ်ဦးကပြောသည်။ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင်းခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး...

ဗုဒ္ဓဘာသာမှာ အစွန်းရောက်ဘာသာဟု ရေးသားဖော်ပြသည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသားသူအား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် ဆန္ဒပြ

ဗုဒ္ဓဘာသာမှာ အစွန်းရောက် ဘာသာဟု ရေးသားဖ်ာပြခဲ့သည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသား သူ အား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော်တို့မှ ဆန္ဒပြမှု ဇွန်လ ၃၀ ရက်နေ့တွင် ဆူးလေစေတီတော်အနီး ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ ယင်းဆန္ဒထုတ်ဖော် မှုမှာ ယခုနှစ်အတွင်း လူမှုအဖွဲ့အစည်းများမှ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒပြခဲ့သည့်ဖြစ်စဉ် များတွင် လူဦးရေအများဆုံး ဆန္ဒပြမှု ဖြစ်ခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။ ထို့အပြင် တိုင်းမဂ္ဂဇင်းတွင်...

ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်

KIA တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီး တပ်မတော်နဲ့ KIA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြ တယ်။ ဒေသခံတွေအနေနဲ့လည်း တပ်မတော်စစ်ကြောင်းတွေဝင်လာရင် နယ်မြေအခြေ အနေတွေမေးလို့ ပြောရဆိုရတာရှိတယ်၊ တစ်ဖက်မှာလဲ KIA ကရွာသားအချို့ကို စစ်တပ်ရဲ့ သတင်းပေးလို့စွပ်စွဲပြီး သတ်ဖြတ်တာတွေရှိတယ်။ ဒီပုံကတော့ကချင်ပြည်နယ် ဖားကန့် မြို့နယ်တွင်းက KIA တပ်ရင်း(၆)ရှိတဲ့ ကံဆီးကျေးရွာ ဘက်မှာ...

ပြင်ဦးလွင်မြို့ အားကစားကွင်းရှေ့ဗုံး ပေါက်ကွဲမှု ဗိုလ်လောင်းတစ်ဦးအပါအ၀င် သုံးဦးဒဏ်ရာရ

ပြင်ဦးလွင်မြို့ အားကစားကွင်းရှိ MOTHER LOVE မူကြိုအနီးတွင် ဆိုင်ကယ်တစ်စီးမှဗုံး ပေါက် ကွဲမှုဖြစ်ပွားရာ ဗိုလ်လောင်းတစ်ဦးအပါအ၀င် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်ရာ နေရာ သို့ရောက်ရှိနေတဲ့ သတင်းထောက်တစ်ဦးက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားပါတယ်။ မန္တလေး-လားရှိုး ကားလမ်းပေါ်တွင် တည်ရှိနေသော ပြင်ဦးလွင်မြို့ အားကစားကွင်းအနီးတွင် ဒီနေ့ တစ်နာရီကျော်ခန့်က ဆိုင်ကယ်တစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် တပ်မတော်နည်းပညာ တက္ကသိုလ် အနော်၇ထာ...

3G 4G ကွာခြားချက်များ

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အ ချက်က 4 G မှာ 3G မှာရှိတဲ့ Feature တွေကိုရော နောက်ထပ်ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။ ဒုတိယ အချက်... ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့...

ထိုင်းတောင်ပိုင်း ထောင်ဗုံးကြောင့် စစ်သား ၈ ဦးသေ

ထိုင်း တောင်ပိုင်း ယာလ ပြည်နယ်မှာ စစ် မော်တော်ယာဉ်ကို ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ထိုင်းစစ်သား ၈ ယောက် သေဆုံး ခဲ့ရ ပါတယ်။ ဒီ စစ်သား တွေဟာ ခွင့်ရလို့ အိမ်ပြန် နေကြ ချိန်မှာ အခုလို လမ်းဘေးဗုံး နင်းမိတာ ဖြစ်ပြီး၊ ထရပ်ကား ကတော့ လုံးဝ ပျက်စီး သွားကာ စစ်သား ၂ ယောက်နဲ့ အနားက ရွာသား ၂ ယောက်ပါ ဒဏ်ရာ ရသွား တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။ ထိုင်းတောင်ပိုင်း သူပုန်တွေက စစ်ကားတန်းတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ တနှစ်ထက်...

တာလီဘန်အရေး ဗြိတိန် ရဲ့ အမြင်

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က တာလီဘန်တွေ အနေနဲ့ အာဖဂန် နစ္စတန် ရဲ့ ငြိမ်းချမ်းရေး အတွက်နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်တယ် ၊ အာဖဂန် နိုင်ငံရဲ့ အနာဂတ် မှာ တာလီဘန် ရဲ့ အခန်း ကဏ္ဍ ရှိသင့်တယ် လို့ ပြောလိုက်ပါတယ်။ အာဖဂန် ငြိမ်းချမ်းရေး အတွက် အာဖဂန် နိုင်ငံသားတွေ က သာ ဦးဆောင် ရမယ် ဆိုတဲ့ အချက် ကိုလည်း သူ ကအလေးထား ပြောပါတယ်။ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်းဟာ စနေနေ့ က အာဖဂန်ရောက် ဗြိတိန် စစ်သားတွေနဲ့လည်း တွေ့ဆုံခဲ့သလို နောက်ပိုင်းမှာ လည်း အာဖဂန်...

EU ရုံးတွေကို အွန်လိုင်းကနေ US ခိုးဝင်ထောက်လှမ်း

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ် ကနေ ခိုးဝင်ထောက်လှမ်းခဲ့ပြီး ရုံးတွင်းကွန်ပြူတာတွေကိုဝင်ရောက် အချက်အလက် ရယူခဲ့ကြောင်း ဖော်ပြ ထားတဲ့ လျို့ဝှက်စာ ရွက်စာတမ်း တခုကို သူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြော ပါတယ်။ အဲဒီ စာရွက်စာတမ်းကို အခုထွက်ပြေး တိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင်က သူတို့ကိုပြခဲ့တာလို့ ဒက်ရှ်စပီးဂဲလ်က ဆိုပါတယ်။ အဲဒီ အမေရိကန်အမျိုးသားလုံခြုံရေး...

နော်ဝေအခြေစိုက် Telenor အုပ်စု ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်

ပြည်ပနိုင်ငံ တစ်ခုရှိ Telenor အဆောက်အအုံအား တွေ့ရစဉ် (commons.wikimedia.org) မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်သော Telenor အုပ်စုသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ၀န်ထမ်းများနှင့် နည်းပညာ ကျွမ်းကျင်ပညာရှင်များကို မကြာမီ ခေါ်ယူသွားမည်ဖြစ်ကြောင်း Telenor Myanmar က သတင်းထုတ်ပြန်ခဲ့သည်။ Telenor သည် အရှေ့တောင်အာရှ နိုင်ငံဈေးကွက်အတွင်း တတိယမြောက်ခြေလှမ်းအဖြစ်...

ကမ္ဘာ့အမြန်ဆုံး 4G Network တောင်ကိုရီးယားမှာ စသုံးပြီ

SK Telecom က သူတို့ ရဲ့ LTE-Advanced network ဟာ ဖိုင်တွေ ကူးယူအသုံးပြုတဲ့အခါမှာ တစက္ကန့်ကို မီဂါဘစ် (Megabits) ၁၅ဝ အထိ မြန်ဆန်နှုန်းရှိတယ်လို့ ကြေညာကာ LTE-Advanced network 4G အပြည့်ကို ရရှိအသုံးပြုနိုင်တဲ့ ကိုရီးယားနာမည်ကျော်ဖုန်း Samsung Galaxy S-4 နဲ့ အတူ မိတ်ဆက် ပွဲပြု လုပ်ခဲ့ပါတယ်။ ပျမ်းမျှအရဆိုရင်တော့ 4G ဟာ နိုင်ငံအများအပြားမှာ အသုံးပြုနေဆဲဖြစ်တဲ့ 3G ကွန်ရက်ထက် ၂ ဆ ပိုမို မြန်ဆန်စေတယ်လို့ သိရပါတယ်။ a full-HD 1080p ဆိုဒ်ရှိတဲ့ ဗီဒီယိုတွေကို...

ဘာသာရေး ပဋိပက္ခများ ဖန်တီးခြင်းသည် အစိုးရနှင့် တပ်မတော်မှ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အတွင်း ဖျက်ဆီးခံခဲ့ရသည့် အဆောက်အအုံ တစ်ခုအနီး လုံခြုံရေး ရယူထားမှုကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်) လက်ရှိနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများမှာ မိမိတို့ အစိုးရအဖွဲ့နှင့် တပ်မတော်တို့ မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန် ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သော မီဒီယာ...

မိမိအပါအ၀င် အစိုးရ ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း

မီဒီယာများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း မိမိအပါအ၀င် အစိုးရ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံး ၀န်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။ အစိုးရသစ်သက်တမ်း နှစ်နှစ်တာ ကာလအတွင်း မီဒီယာ လွတ်လပ် ခွင့်နှင့် ၀န်ကြီးများ၏ ပြောဆိုမှုများအပေါ် ရေးသားချက်များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများသည် မမှန်မကန်...

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက် နေခြင်းသည် Public Debate အဆင့်သာ ရှိသေးကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မျိုးစောင့်ဥပဒေ ပြဋ္ဌာန်း ရန် ဆောင်ရွက်နေခြင်းသည် Public Debate (ပြည်သူများကြားတွင် ဆွေးနွေးငြင်းခုံ) အဆင့်သာ ရှိသေးကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၉ ရက်က ပြောကြားသည်။ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ မျိုးစောင့်ဥပဒေ ကြမ်းနှင့် ပတ်သက်၍ အစိုး၏ သဘောထား မှတ်ချက်အား မေးမြန်းမှု ကို ဖြေကြားရာ တွင် ပြောကြား ခဲ့ခြင်း...

ကွန်ပျူတာကို ဝယ်ကစလို မြန်စေချင်တယ်ဆိုရင်

Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင် ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုး တို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါက ပြုပြင်ယူလို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။ ကွန်ပျူတာ လုပ်ဆောင်ချက် နှေးသွားရတဲ့ အဓိက အကြောင်း အရင်း နှစ်ခု ရှိပါတယ်။ ၁။ registery errors Registery Errors က ပိုအဖြစ်များပါတယ်။ ကိုယ်က ကွန်ပျူတာမှာ ဂိမ်း တစ်ခုခုဆော့ခဲ့မယ်ပြီးတော့...

ထိုင်းနယ်စပ်ရှိ ၀တပ်စခန်းများ စာရင်းပေးရန် မြန်မာတပ်မှူး ညွှန်ကြား

တောင်ပိုင်းဝ ထိန်းချုပ်နယ်မြေပြမြေပုံ သျှမ်းပြည် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာမှူးက ၄င်း လက်အောက်ခံ နယ်မြေအတွင်း ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် တပ်စခန်း ကြီး စခန်းငယ် စာရင်းများ အားလုံးပေးအပ်ရန် ညွှန်ကြားထားသည်ဟု နီးစပ်သည့် သတင်းရပ်ကွက်ကပြောသည်။ “ကြာသပတေးနေ့က ပုံကျင်အခြေစိုက် ဗမာတပ်ဗျူဟာမှူးက ၀တပ်ကိုယ်စားလှယ် ကိုခေါ်ပြီး ညွှန်ကြား လိုက်တယ်။ အဓိက ကတော့ သူ့လက်အောက်ခံနယ်မြေ အတွင်းရှိ တဲ့ ၀ တပ်စခန်း တွေ ပေါ့။ ဘယ်...

ဝက်ခြံနဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ်ရှားမယ်

ဝက်ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။ အဲ့ဒီတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်..... ၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။ ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန်တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့လမ်း ဖြစ်လာတတ်လို့။ ၂။အဆီပြန် တတ်တဲ့ အသားအရည် ပိုင်ရှင်များက အစားအသောက် စားတဲ့အခါ အဆီအစိမ့်နဲ့...

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဦးစိုးသိန်းရှင်းလင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဇွန် ၂၉ ရက်က နေပြည်တော်တွင် သတင်းမီဒီယာများနှင့် ပြည်ထောင်စု ၀န်ကြီး များ တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားသည်။ "မနက်ဖြန်ဆိုတာ ဘယ်သူမှ သေချာတာ မဟုတ်ပါဘူး။ ၀န်ကြီးတာဝန် ဆက်လက်ထမ်းဆောင်မယ် မထမ်းဆောင်ဘူး ဆိုတာက ခန့်အပ်တဲ့ သမ္မတရဲ့ သဘော ဆန္ဒရယ် ကျွန်တော်တို့က အရည်အချင်းပြည့်အောင် မထမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း အနားယူရနိုင်တယ်။ ဒါ့အပြင်...

မန္တလေး ပဲဈေးကွက် ဇွန်လနောက်ဆုံးပတ်အတွင်း အရောင်းအ၀ယ် အေးလျက်ရှိ

မန္တလေး ကုန်စည်ဒိုင်အတွင်း ပဲအရောင်းအ၀ယ် ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်) မန္တလေးပဲဈေးကွက် ဇွန်လနောက်ဆုံးပတ်အတွင်း အရောင်းအ၀ယ် အေးလျက်ရှိကြောင်း မန္တလေး ကုန်စည်ဒိုင်ရှိ အသင်းသားများထံမှ သိရသည်။ "ပဲဈေးကွက်မှာ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ဂျုံစေ့တို့ အရောင်းအ၀ယ် အေးနေတယ်။ ကုလားပဲ၊ မတ်ပဲ၊ ပဲစင်းငုံတို့ဆိုရင် Export အ၀ယ်နည်းနေလို့ ဈေးအေး ရခြင်း ဖြစ်တယ်။ ပြည်တွင်းသုံး ကုလားပဲမှာသိသိသာသာ ဈေးကျဆင်းတယ်။ လှောင် သမားတွေ ပြန်ရောင်းချင်ပေမယ့်...

ကော့သောင်းရှိ ပင်လယ်ကျွန်းများတွင် နိုင်ငံခြား ခရီးသွားများ အပန်းဖြေ လေ့လာခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ

ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကို လေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။ "ကော့သောင်းမှာရှိတဲ့ ကျွန်းတွေကိုသွားရင် တစ်ဦးကို ဒေါ်လာ ၁၀၀ ကောက်တယ်။...

လမ်းစည်းကမ်း ထိန်းသိမ်းရေးတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင်နေ

ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံသော လမ်းဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ပင်စင်စား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) ရန်ကုန်မြို့တော်၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင် နေသည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး စီမံချက်အရ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပေါ့အလေး စွန့်ပစ်သူများကို စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရ ပင်စင်စား ၀န်ထမ်းများကို ခန့်အပ်သွားရန် ...

29.6.13

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်း သို့ ရောက်မ လာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ် တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။ ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင် ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင်...

လွန်ခဲ့သော နှစ်က အစ္စရေး နိုင်ငံ၏ စစ်လေယာဉ် များသည် လျှို့ဝှက် စစ်ဆင်ရေး များကို ဆောင်ရွက် ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောကြား ခဲ့သည်။ ဇွန် ၂၇ ရက်က ပြုလုပ်သော အစ္စရေး စစ်ဘက်ဆိုင်ရာ ကျောင်းဆင်းပွဲတွင် နေတန်ယာဟုက မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြော ကြားခဲ့ကြောင်း သိရသည်။ ထိုသို့ ပြောကြားမှုသည် အစ္စရေး စစ်လေယာဉ်များ အနေဖြင့် ဆီးရီးယား မြေပေါ်သို့ တိုက်ခိုက်ခဲ့မှု များ အား ရည်ညွှန်းကြောင်း သိရသည်။ မေ ၅ ရက်က ဆီးရီးယား နိုင်ငံ မြို့တော်၏...

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့ အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။ Instagram ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။ ဒါဟာ တွစ်တာရဲ့ Vine...

ဂီတသမားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ အိမ့်ချစ်

“ကိုယ်တိုင်ရေးပုံတူ” ဆိုတဲ့ တစ်ကိုယ်တော်စီးရီးလည်းထွက်ရှိထားပြီး အတွဲခွေများစွာပရိသတ်အားပေးမှု ကိုရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်က ဇွန်လ ၂၇ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂီတနေ့အတွက် ဂုဏ်ယူနေ ပါ တယ်။” ဂီတသမားဆိုတာ အသံကောင်း ရုံနဲ့ မရဘူး။ ရုပ်ချောရုံနဲ့မရဘူး။ တခြားလုပ်ငန်းတွေ ကကျောင်း တွေ နဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ဂီတသမားက ကိုယ့်မှာပင် ကို အရည်အချင်းရှိရမယ်။ ပါရမီအခံပါရမယ်။ ဒါတွေအားလုံးစုပြီးမှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ် တာ။ ပြီးတော့ ဒီလိုလူပေါင်း...

ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာ မာဖြစ်အောင်  ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ သတင်း မီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။ "ပထမဆုံး ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဒီအစိုးရဟာ ပြုပြင်စရာတွေ အများကြီးပြုပြင်ရင်းနဲ့ပဲ သူက ၅ နှစ်တာ သက်တမ်းပြီးဆုံး...

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့်တပ်ဖွဲ့ ဗုံးထောင် တိုက်ခိုက် ခံရ

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့် တပ်ဖွဲ့အား ဗုံးထောင်တိုက်ခိုက် မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော ကင်းလှည့် ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီပြည်နယ်ရှိ ဆည်မြောင်းတစ်ခု ၏လမ်းဘေး မှ ဖြတ်သန်းစဉ် ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် မည်သူမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရပြီး အဆိုပါ တိုက်ခိုက်မှုသည်...

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ(အင်တာဗျူး)

လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။ အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ...