မန္တလေးတောင်ခြေ တောင်ဆင်း လမ်းဘေးတွင် ကျယ်ဝန်း လှသော ခြံကြီး တစ်ခြံရှိသည်။ ထိုခြံကြီး ထဲတွင် တဲအိမ်လေးများ နေရာအနှံ့ ကွက်တိကွက် ကျားတည်ရှိပြီး ခြံဝင်းကြီး၏ အနောက် တောင်ထောင့် အနီးတွင်မူ ဓနိမိုးထားသော တဲတန်းလျားကြီး တစ်ခု တည်ရှိနေသည်။ တဲတန်းလျားကြီး အနီးတွင် ကျောက်တုံးကြီး တစ်ခုရှိပြီး
ယင်းကျောက်တုံးကြီး ပေါ်တွင် ပျက်ယွင်း စပြုနေပြီဖြစ်သည့် ကျောက်ပြားဖြင့် ရေးထိုး ထားသော စာတန်း တစ်ခုကို တွေ့ရမည်ဖြစ်သည်။ “ခွေးဘေးမဲ့ခြံ၊ ၄-၁-၉၀ ရက်တွင် ဖွင့်လှစ်သည်”ဟူ၍ ဖြစ်သည်။ (၁) ခွေးဘေးမဲ့ခြံဆိုသော်လည်း ခွေးတွေက တစ်ကောင်တစ်မြီးမှ မရှိတော့။ တဲတန်းလျားကြီးနှင့် တဲအိမ်လေးများတွင် လူတွေက နေရာဝင်ယူထားကြသည်။ “ခွေးတွေမထားတော့တာ ကြာပြီ။ ခုကျုပ်တို့နေတဲ့ နေရာက အရင်ကခွေးထီးတွေ နေခဲ့တဲ့နေရာ”ဟုပြောရင်း ဦးစိန်ဝင်းက သံမံတလင်းပေါ် ထိုင်ချလိုက်သည်။
ဦးစိန်ဝင်းသည် မန္တလေးမြို့တော်စည်ပင်သာယာေ
တပ်မတော်မှ ဆေးပင်စင်ယူသည့် အချိန် မိသားစုများလှသော ဦး
စိန်ဝင်းအဖို့ ကြီးမားသောအခက်အခဲတစ်ခု ရင်ဆိုင်လာရသည်။
ထိုအခက်အခဲမှာ နေစရာမရှိခြင်းဖြစ်သည်။ ဦးစိန်ဝင်း တပ်မတော်မှထွက်ပြီး ရေထမ်းရောင်းသည်။ ဆိုက်ကားထွက်နင်းသည်။ သို့သော် ထိုအလုပ်တွေမှ ရသည့်ငွေနှင့် နေစရာအခက်အခဲ ဘယ်လိုမှမဖြေရှင်းနိုင်။ နောက်ဆုံးတွင် တပ်မတော်က ဆရာသမားများထံ အကူအညီတောင်းရာ မန္တလေးစည်ပင်တွင် အလုပ်ရသည်။ လုပ်ရမည့်အလုပ်က မြောင်းဆယ်ရသည့်အလုပ်။ မန္တလေးစည်ပင်တွင် အလုပ်ရပြီး နေစရာအတွက် မန္တလေးတောင်ခြေက ခွေးတွေ မနေတော့သည့် ခွေးဘေးမဲ့ခြံတွင် သူတို့မိသားစု နေထိုင်ခွင့်ရခဲ့သည်။ အရင်က တပ်မတော်တွင် အရာခံဗိုလ်အဆင့်ဖြင့် နည်းပြဆရာအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးစိန်ဝင်းက ယခုကဲ့သို့ ခွေးများအတွက် သီးသန့်နေရာတွင် နေရမည်ဆိုတော့ စိတ်ထဲတွင်ခံပြင်းမိသည်။ သို့သော် များပြားလှသော မိသားစုနေရေးထိုင်ရေးတို့အတ
“အဲဒီအချိန်တုန်းက ခွေးတွေသာမရှိတော့တာ။ ခွေးသန်းတွေ တအားကိုက်တာ။ ညကို အိပ်လို့မရဘူး။ ဖြုတ်တွေကလည်း အားကြီးပေါတာ”ဟု ဦးစိန်ဝင်းကပြောပြသည်။ ခွေးများနေထိုင် ခဲ့သဖြင့် နှစ်လလောက်က အနံ့အသက်တွေ မကောင်း။ ရေတွေဆေးချ ရသည်။ တရော်ကင်ပွန်းတွေ ဖျန်းချရသည်။ သူ့အသက်(၅၈)နှစ်ရှိပြီ။ ကိုယ်ပိုင်နေရာလေး တစ်ခုတွင် နေဖူးချင်သေးသည်။ သို့သော် ရတဲ့လုပ်အားခနဲ့ ရှိတဲ့မိသားစုဦးရေနှင့်က ဘယ်လိုနည်းနှင့်မျှ အခြေအနေပေးတော့မည်မဟုတ်။ ထိုကြောင့် သားသမီးတွေ သူမရှိတော့သည့် အချိန်တွင် နေစရာအတွက် အခက်အခဲ မဖြစ်အောင် စည်ပင်မှာ အလုပ်ဝင်စေ ခဲ့သည်။ တံမြက်စည်းလှည်းသည့် အလုပ်၊ ကျုံးမှော်ဆယ်သည့် အလုပ်များ ဖြစ်သည်။ စည်ပင်ဝန်ထမ်းဖြစ်နေသရွေ့ စည်ပင်မှ ပေးမည့်နေစရာလေးတော့ ရနေဦးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်ဟု သူက ဆိုသည်။ (၂) ဦးစိန်ဝင်းက သားသမီးများပါ စည်ပင်တွင် အလုပ်ဝင်စေခဲ့သည့်အတွက် နေစရာ အတွက်တော့ ခွေးခြံရှိနေသရွေ့ အဆင်ပြေနေပါဦးမည်။
သိုသော် ခွေးခြံ၏ထောင့်စွန်းကတဲတွင်
ထို့အပြင် ခွေးများကို ချက်ကျွေးသည့် အစားအသောက်ကုန်ကျစရိတ်စာရင်
“ကျွန်မယောက်ျားကဆို အမြဲပြောတယ်။ ခွေးတွေကြောင့်သာ အလုပ်ရတာ။ စားဝတ်နေရေး ပြေလည်တာ ဆိုပြီး။ ဒါကြောင့် သူက ခွေးတွေ အပေါ်လည်း သံယောဇဉ်ကြီး ခဲ့တယ်။ ခွေးတွေရဲ့ ကျေးဇူးတွေရှိတဲ့ အကြောင်းလည်း တဖွဖွပြောတယ်”ဟု ဒေါ်အေးအေးမြင့် ကပြောပြသည်။ ခွေးတွေကြောင့် စားဝတ်နေရေးအတွက် ပြေလည်သော်လည်း ခွေးခြံအပြင်ဘက်က ဥပေက္ခာတရားတွေတော့ ရင်ဆိုင်ရသည်။ “ဟိုတုန်းက လူတွေကလည်း သိပ်အမြင်မကျယ်သေးတာကြောင့်
အခုတော့ ပတ်ဝန်းကျင်က နားလည်မှုတွေ ရှိလာခဲ့ပြီ။ သို့သော် ဒီခွေးခြံမှာ ဘယ်ချိန်ထိ နေခွင့်ရတော့မည်ကို ဒေါ်အေးအေးမြင့် မတွေးရဲတော့။ ခင်ပွန်းဖြစ်သူ တပ်မတော်အငြိမ်းစား စည်ပင်ဝန်ထမ်းက အခုတော့ သာသနာ့ဘောင် အပြီးဝင်ရောက်သွားလေပြီ။ ၀န်ထမ်းမရှိတော့သည့် အတွက် ဘယ်ချိန်ထိ ခွေးခြံထဲမှာ နေခွင့်ရတော့မည်ကို မှန်းဆ၍မရ။ ထိုကြားထဲ ခွေးခြံကို တရုတ်တွေပဲလာဝယ်မှာလိုလို။ ရေသန့်စက်ရုံပဲ တည်တော့မှာလိုလို။ အသံတွေက မျိုးစုံကြားနေရ၍ စိတ်ပူမိသည်ဟု ဒေါ်အေးအေးမြင့်ကဆိုသည်။
(၃) ထိုခွေးခြံတွင် ကျောချရသူများတွင် ဦးဘာဖယ်ဆိုသူလည်း အပါအ၀င်ဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် တက်ကြွဖျတ်လတ်နေချိန် စစ်ဆင်ရေးတိုက်ပွဲတစ်ခုတွင်
အရာရှိ အကြီးအကဲတွေ အကူအညီဖြင့် ခွေးဘေးမဲ့ခြံမှာ ဂိတ်စောင့်အလုပ်ရရှိခဲ့သည်။
ထိုကြားထဲ မိန်းမကရလိုက်သည်။ မိသားစုစားဝတ်နေရေးအတွက် သူအလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟုဆိုပြီး စက်ဘီးပြင်သည့်ပညာကို သင်ယူခဲ့သည်။ တပ်ထဲတွင် ခိုင်းတာလုပ်၊ ကျွေးတာစား အမိန့်အာဏာနှင့် နေခဲ့ရသည့်အခြေအနေမျိုးနှင့
ဦးဘာဖယ် တို့ကဲ့သို့ တပ်မတော်ကနေထွက်ပြီး စည်ပင်တွင် အလုပ်ဝင်လုပ်ကာ ခွေးဘေးမဲ့ခြံတွင် လာရောက်နေထိုင် ခွင့်ရသည့် တပ်မတော်သား မိသားစုပေါင်း ခုနစ်စုခန့်ရှိသည်။ ကျန်တာတွေက သန့်ရှင်းရေးနေ့စားဝန်ထမ်းေ
ဦးဘာဖယ်တို့ နေထိုင်နေသည့် ခွေးခြံကို မန္တလေးမြို့မှ တိရစ္ဆာန်ချစ်သူများက ယခင်ကဲ့သို့ ခွေးများထိန်းသိမ်း စောင့်ရှောက်ရန် မန္တလေးစည်ပင်မှ ငှားရမ်းမည် ဟုလည်း ဆိုနေကြသည်။ ခွေးဘေးမဲ့ခြံ၏ မူလပိုင်ရှင်အစစ်အမှန် ခွေးတွေများ ပြန်လည်ရောက်ရှိ လာလျှင်တော့.....။
ရိုးရာလေး
0 comments:
Post a Comment