Saturday, August 17, 2013
သြဂုတ်လ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ်က မြစ်တစ်နေရာမှာ ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ ကုန်တင် သင်္ဘောတစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယင်းတိုက်မှုကြောင့် ခရီးသည်တင် သင်္ဘောမှာ ခရီးသည် ၆၂၉ ဦး ပျောက်ဆုံး လျက်ရှိပါတယ်။ ၂၄ ဦး ကတော့ ကွယ်လွန်သွားပါပြီ။ ကုန်တင်သင်္ဘောမှာ သင်္ဘောသား ၃၈ ဦးကိုတော့ အားလုံး အသက်ရှင် လျက် ကယ်ဆယ် နိုင်ခဲ့ပါတယ်။
ဒါကြောင့် ပျောက်ဆုံးမှု တစ်ရက်ကြာပြီဖြစ်တဲ့ ၆၂၉ ဦးဟာလည်း အသက်ရှင်ဖို့ မသေချာတော့ပါဘူး။ ခရီးသည်တင် သင်္ဘောမှ ခရီးသည် ၁၀ ဦးကျော်သာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကုန်တင် သင်္ဘော M/V Sulpicio Express 7 နဲ့ ခရီးသည် သင်္ဘော M/V St. Thomas Aquinas တို့ တိုက်မှုအတွက် ဖိလစ်ပိုင်ကမ်းခြေလုံခြုံရေးအဖွဲ့မှ စစ်ဆေးစုံစမ်းလျက်၊ ကယ်ဆယ်လျက်ရှိကြောင်း သိရပါတယ်။
Ref: xinhua
ရိုးရာလေး နိုင်ငံတကာ
0 comments:
Post a Comment