ရန်ကုန်- သြဂုတ် ၂၆
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ထောက်ခံမှုအဖြစ် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှ ရာဇာသင်္ကြန်ရပ်ကွက်အတိ လူပေါင်း ၁၀၀ ကျော်မှ ထောက်ခံလမ်းလျှောက်ခဲ့ကြကြောင်း ဒလမြို့ခံတစ်ဦးကပြောသည်။ “ရပ်ကွက်ပေါင်းစုံမှာရှိတဲ့ ဓမ္မာရုံက လူတွေ ဒီလမ်းလျှောက်ပွဲမှာ ပါခဲ့ကြတယ်။ဒီနေ့ကို ဂုဏ်ပြုသင့်လို့ ကျွန်တော်တို့ ထောက်ခံလမ်းလျှောက်ခဲ့ကြတာပါ”ဟု အမျိုးသားဗုဒ္ဓဘာသာအစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းထောက်ခံလမ်းလျှောက်ပွဲအား မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကာ ရာဇသင်္ကြန်ရပ်ကွက်ရှိဆုတောင်းပြည့်ဘုရားတွင် မွန်းလွဲ ၂ နာရီထိ ၀တ်ပြုဆုတောင်းခဲ့ကြကြောင်းသိရသ ည်။ အဆိုပါ ထောက်ခံလမ်းလျှောက်ပွဲမှာ တရားဝင်ခွင့်ပြုမိန့် ရရှိခဲ့ပြီး မြို့နယ်ရှိ လူပေါင်း ၅၀၀ ကျော်ခန့် လာရောက်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သာသနာနေ့ ထောက်ခံမှု လမ်းလျှောက်ပွဲကို ဒလမြို့နယ်ရှိ အမျိုးသားဗုဒ္ဓဘာသာ အစည်းအရုံး၊ ဘာသာရေးအသင်းအဖွဲ့ များ၊ ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ သာရေး နာရေးအသင်းအဖွဲ့များ ပါဝင်ခဲ့ကြသည်။
Popular

ယင်းထောက်ခံလမ်းလျှောက်ပွဲအား မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကာ ရာဇသင်္ကြန်ရပ်ကွက်ရှိဆုတောင်းပြည့်ဘုရားတွင် မွန်းလွဲ ၂ နာရီထိ ၀တ်ပြုဆုတောင်းခဲ့ကြကြောင်းသိရသ
Popular
0 comments:
Post a Comment