မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်တဲ့ “ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ” တတိယအကြိမ် ကျင်းပခွင့်ရရေး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီကနေ့ နေပြည်တော်မှာ လျှောက်ထားခဲ့ ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အပါအ၀င် အဓိကရည်ရွယ်ချက် ၄ ချက်နဲ့ ဒီပွဲကို ပြုလုပ်တာဖြစ်ပြီး၊ အခုတခေါက်မှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဓိက ဦးဆောင်ဆွေးနွေးကြမှာဖြစ်တယ
ရှမ်းတိုင်းရင်းသားအဖွဲ့တွေ
နေပြည်တော်သွားရောက်ပြီး လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအနေနဲ့ တန်းတူ အခွင့်အရေး မရရှိတာကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မရရှိဘဲ ဖြစ်နေရတာလို့ တိုင်းရင်းသားခေါင်းဆောင်တေ
အထူးသဖြင့်တော့ ဒီ “ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ” ကို ကျင်းပရတာဟာ ရည်ရွယ်ချက် ၄ ခုကြောင့် ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။
“နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲ့ဒီ နိုင်ငံရေး ဆွေးနွေးပွဲ မပေါ်ပေါက်ခင်မှာ တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီရေး၊ တန်းတူညီညွတ်ရေး ရရှိဖို့၊ နောက် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု
ပေါ်ပေါက်ဖို့၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ဖို့ပေါ့နော် ဒီအချက်တွေအပေါ်မှာ ဘယ်လိုဆန္ဒသဘောထားတွေ ရှိကြတယ်ဆိုတာကို တွေ့ဆုံပြီးမှ တူညီတဲ့အသံတစ်ခု ရအောင်လို့ ကျနော်တို့ ၀ိုင်းဝန်း ဆွေးနွေးကြမှာပါ။ အဲ့ဒါ အဓိက ရည်ရွယ်ချက်ပါ။”
စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရေးမှာ တပ်မတော်ပါဝင်ဖို့ကလည်း အဓိကကျတာကြောင့် တပ်မတော်ပါဝင်လာဖို့အတွက်ကိ
“ကျနော်တို့ကတော့ ဒီအစိုးရရော၊ တိုင်းသားအဖွဲ့အစည်း အကုန်လုံးကိုရော နောက် state holder တွေ အကုန်လုံးပေါ့နော် ၀ိုင်းဝန်းဆောင်ရွက်မှသာလျှ
အခု ခွင့်ပြုချက် တောင်းခံခဲ့တဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်း ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ခွင့်ပြုချက်ရရင်တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချ
“သက်ဆိုင်ရာ ရှမ်းပြည်နယ် အစိုးရကိုပဲ ဖိတ်မှာပါ။ တပ်မတော်ကတော့ လောလောဆယ် မပါသေးပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံး စုဆုံပြီး လုပ်ဖို့ဆိုတာက ဥပမာ - ကချင် ကျန်သေးတာပေါ့နော်။ သူက ငြိမ်းချမ်းရေး မလုပ်ရသေးတဲ့အတွက်ကြောင့်မိ
ပထမအကြိမ်တုန်းကတော့ ရှမ်းပြည်နယ်တွင်းမှာရှိတဲ့
ဒီဆွေးနွေးပွဲအားလုံးကို အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ၀န်ကြီးဦးအောင်မင်း တက်ရောက်ခဲ့ပြီး ဒီဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာတာဟာ အရေးကြီးကြောင်းနဲ့ ဒါကြောင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ
VOA Burmese
SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး
0 comments:
Post a Comment