နိုင်ငံရပ်ခြားမှာ အောင်မြင်အောင်ကြိုးစားနေကြတဲ့
မြန်မာလူငယ်တွေများစွာ ရှိကြပါတယ်။ ဒီလူငယ်တွေထဲကမှ ဂျပန်နိုင်ငံက
harajuku tv,FM urayatsu Rainbow town FM စတဲ့ ချန်နယ် တွေ မှာ
မော်ဒယ်အဖြစ်ရော Presenter အဖြစ်ပါ။
အလုပ်လုပ်နေတဲ့ မြတ်နိုး လည်းတစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ သူက ၂ဝ၁ဝခုနှစ်
ဧပြီလမှာ ဂျပန်ကို ရောက်ရှိနေတာဖြစ်ပြီး ဂျပန်အသိ မိသားစုတွေရဲ့ အားပေး
မှုတွေကြောင့် ၂ဝ၁၃ခုနှစ်မေလ မှာ မော်ဒယ်အဖြစ်စလုပ် ခဲ့တာဖြစ်ကြောင်း
မြတ်နိုးက ပြောပါတယ်။
မော်ဒယ် လုပ်ရင်းနဲ့ မြန်မာလူမျိုးဖြစ်ပြီး အင်္ဂလိပ်ဘာသာ၊ တရုတ် ဘာသာ၊ ဂျပန်ဘာသာနှင့် ကိုရီးယားဘာသာစကားတွေကိုလည်း
ပြောဆိုတတ် တာကြောင့် TV Station နှင့်Radio FM တွေက စိတ်ဝင်စားပြီး
အစမ်းသွားလုပ်ကြည့်ရင်းနဲ့ အခုနောက်ပိုင်း regular အဖြစ်နဲ့ presenter
အလုပ်ကို လုပ်ဖြစ်သွားခြင်းဖြစ်ကြောင်း
မြတ်နိုးက ပြောပါတယ်။ "မြတ်နိုးမော်ဒယ်တစ်ခုထဲ မဟုတ်ဘဲ သီချင်း
လည်းဆိုနေပါတယ်။ အခုထိတော့ တအားအခက် အခဲတွေ့ခဲ့တာ မရှိသေးပါဘူး။
ဂျပန်လူမျိုးတွေက မြန်မာကိုနှစ်သက်တဲ့အတွက် အလုပ်မှာရော အားလုံးက
ဝိုင်းပြီးသင်ပေးတာကြောင့် အခုထိတော့ တော်တော် အဆင်ပြေပါတယ်။
ဒီနှစ်ဇူလိုင်မှာ JMAC အဖွဲ့အစည်းကJapan Myanmmar Friendship Ambassador
ရထားတဲ့အတွက် နောက်ပိုင်း မှာ မော်ဒယ်လုပ် ရင်းFriendship Ambassadorအလုပ်
ကိုပါ ကြိုးစားသွားမှာပါ။ အခုဒီမှာ College တက်နေတာမို့ မြန်မာ နိုင်ငံကို
ကျောင်းပိတ်ရင် အခွင့်ရတိုင်းပြန်ပါတယ်" လို့ပြောပါ တယ်။
မြတ်နိုးဆိုတဲ့နာမည်ကို ဂျပန် အသံထွက်နဲ့ဆိုရင် ခေါ်ရခက်တာကြောင့် Esther
ဆိုတဲ့နာမည်နဲ့
ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဂျပန်မှာရောက်ရှိ နေတဲ့ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူဒါရိုက် တာအောင်လင်းနိုင်ရိုက်ကူးမယ့် 'အရုပ် ကလေးရဲ့ နတ်သမီး' ဗီဒီယို ဇာတ်ကားမှာပါဝင် သရုပ်ဆောင်သွား မှာဖြစ် ကြောင်းသိရပြီးဒီဇာတ်ကားနဲ့ပတ်သက်ပြီးမြတ်နိုးက "ဒါရိုက်တာ ကိုအောင်လင်းနိုင်ကို အသိ မိတ်ဆွေကမိတ်ဆက်ပေးလို့သိသွားတာပါ။
ကိုအောင် လင်းနိုင်ဆီကနေ acting ပိုင်းပညာတွေလည်း သင် ချင်လို့ ဗီဒီယို
ရိုက်ဖြစ်သွားတာပါ။ နည်းနည်း သဘောမကောင်းတဲ့ေ နရာကသရုပ်ဆောင် လို့
မရသေးတဲ့အတွက်ပရိသတ်တွေ မုန်းသွားမှာ ကိုတော့တအားစိုးရိမ်နေမိပါတယ်" လို့ပြော ပြီးဒီဇာတ်ကားက သူ့ရဲ့ပထမဆုံးရိုက်တဲ့ ဇာတ် ကားဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Popular Journal
0 comments:
Post a Comment