လူမှုကွန်ရက် Facebookရဲ့ တည်ထောင်သူလည်းဖြစ်၊ CEOလည်း ဖြစ်တဲ့ မာ့က်ဇူကာဘက် တစ်ယောက်ကတော့ Internet.orgဆိုတဲ့ ကမ္ဘာပေါ်က လူသားတွေအားလုံးကို အင်တာနက်ပေါ် ဆွဲခေါ်သွားမယ့် အစီအစဉ်တစ်ခု ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ လူဦးရေ သန်းပေါင်း ခုနစ်ထောင်ရှိတဲ့ထဲက သန်းသုံးထောင်နီးပါးသာ အင်တာနက်ကို အသုံးပြုနိုင်ကြတယ်လို့ သိရှိရပြီး Internet.orgစီမံကိန်းဟာ ကျန်ရှိတဲ့ ကမ္ဘာ့ပြည်သူပြည်သားတွေကိုပါ
“ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဗဟုသုတတွေ ရှာဖွေဖို့၊ အင်တာနက်ကို ချိတ်ဆက်ဖို့ အတားအဆီးတွေ ရှိနေဆဲပါ။ ကျွန်ုပ်တို့ရဲ့ Internet.org အစီအစဉ်ဟာ တစ်ကမ္ဘာလုံးက ပါတနာတွေနဲ့ ပူးပေါင်းပြီး အဲဒီလို အတားအဆီး၊ စိန်ခေါ်မှုတွေကို အနိုင်ယူသွားမှာ ဖြစ်ပါတယ်။ အင်တာနက်မရရှိတဲ့၊ အင်တာနက် မသုံးနိုင်တဲ့လူတွေ အတွက်လည်း အင်တာနက်သုံးနိုင်အောင် တစ်ခါတည်း စီစဉ်ပေးသွားမှာဖြစ်တယ်”လို
တကယ့် Websiteဖြစ်တဲ့ Internet.orgမှာတော့ အဆိုပါ ပရောဂျက်အတွက် Overviewနဲ့ ပါတနာတွေရဲ့ စာရင်း၊ ရည်ရွယ်ချက် စတာတွေကို ဖော်ပြထားပါတယ်။ မကြာခင်တော့ နည်းပညာခေါင်းဆောင်ကြီးကို အဆိုပါ ပရောဂျက်နဲ့ ပတ်သက်ပြီး မေးမြန်းအင်တာဗျူးထားတာတွေ ဖော်ပြပေးနိုင်ဖွယ် ရှိနေပါတယ်။
Myanmar ICT
0 comments:
Post a Comment