‘ကြိုး’ ဇာတ်လမ်းတိုကို ၂ဝ၁၁ ခုနှစ်က ရိုက်ကူးပြီးနောက် အခြား ဇာတ်ကား တိုများကို ဖန်တီးရိုက်ကူး ခြင်းမရှိတော့ဘဲ ကိုယ့်ခံစားချက်နဲ့ ကိုယ် တခြားအနုပညာအလုပ် များ ကို တောက်လျှောက်လုပ်ဖြစ်နေသူ ဒါရိုက်တာ မင်းသိုက်က…
“သေချာပြန်စဉ်းစားကြည့်မိ တယ်ဗျ၊ ကျွန်တော်မူကြိုကျောင်း တက်တော့ မူကြို(၁) ဦးဝိစာရလမ်း၊ ရန်ကုန်မှာ တက်တယ်။ ဆရာမကြီး တွေက ခရစ်ယာန်သီလ ရှင်ကြီးတွေ ဗျ။ အလွန်စနစ်ကျတယ်။ ပန်းချီ ဆွဲ ခိုင်းတယ်။ အရောင်ခြယ်ခိုင်းတယ်။ အဲဒီမှာတင်ကျွန်တော် စိတ်ဝင်စား သွားတာက ရွံ့စေးတွေနဲ့ အရုပ်လေး တွေ လုပ် နေပူလှမ်းရတာ၊ ကျွန် တော်တော်တော် စိတ်ပါသွားတယ်။ အဲဒါ အနုပညာရဲ့ အစဖြစ်မယ်ထင် တာပါပဲ။
အသက်လေးရလာတော့ ပြန်တွေးမိတယ်။ အမှန်တော့ လူ သားတိုင်းမှာ၊ အနုပညာဆိုတာ မွေးကတည်းက ပါလာတာဗျ။ မသိမ သာပေါ့ဗျာ။ တချို့က ဒါကို သတိ ထားမိပြီး ယိုင်သွား၊ ညွတ်သွား၊ အားသန်သွားကြတယ်။ ကျွန်ေ တာ် အနုပညာနဲ့ပတ်သက်တဲ့ သင်တန်း တွေ သိပ်အကြီးအကျယ်တော့ မတက်ခဲ့ဖူးပါဘူး။ အလယ်တန်း ကျောင်းသားဘဝ စိန်အန်ထော်နီ (ယခု အ.ထ.က(၄) မင်္ဂလာေ တာင် ညွန့်)မှာ ပန်းချီချိန်သင်ကြားရတယ်။ ဆရာဦးတင်အောင်တဲ့ သူက ကျွန် တော့်လက်ဦးဆရာကြီးပဲဗျ။ နောက် ပိုင်း ပါးရည်နားရည်ရည်ရှိလာချိန် မှာတော့ အွန် လိုင်းပေါ်တက်ရှာဟဲ့၊ ဖွေဟဲ့ ၊ဖတ်ဟဲ့၊ မှတ်ဟဲ့ပါပဲဗျာ” လို့ အနုပညာနဲ့ ပတ်သက်ပြီး စိတ်ဝင် စားမှုကို ပြောပြခဲ့ပါတယ်။
ဖေ့စ်ဘုတ်မှာ လူနေမှုဘဝကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ တွေ့ရ တယ်နော်။ ဘယ်လို စိတ်ကူးမျိုးနဲ့ ရိုက်ဖြစ်တာနှင့်ပတ်သက်ပြီး
”ကျွန်တော်ဓာတ်ပုံရိုက်ခြင်
ဒါက တော့ အနုပညာဆိုတဲ့ အပိုင်းအမြင် ပေါ့။ တခြားတစ်ဖက် မှာကျပြန်တော့ ကျွန်တော်ရိုက်လိုက်တဲ့ ဖမ်းလိုက်တဲ့ ပုံတစ်ပုံထဲက လက်ရှိ မြန်မာပြည် အခြေခံလူတန်းစားဘဝတွေ ရုန်း နေရတာကို အစိုးရမင်းများ သိသွား မြင်သွား၊ ခံစားသွား၊ ကိုယ်ချင်းစာ သွားတတ် ရင်တော့ ကျွန်တော့်ရဲ့ မဟာမြတ် အစွန်းပေါ့ဗျာ” လို့ ပြောပြ ပါတယ်။
အခုချိန်မှာ Documentary တွေကို ပရိသတ်တော်တော်လေး စိတ်ဝင်စား လာကြတယ်။ အစ်ကို တို့ ဖြတ်သန်းခဲ့တဲ့ ကာလနဲ့ နှိုင်း ယှဉ်ပြီး မေး ကြည့်တော့..
”အမှန်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ Documentary ဖန်တီးစရာတွေ တပုံကြီးပဲဗျ။ တချို့ နိုင်ငံခြားသားတွေတောင် အချိန်ကုန်၊ ငွေကုန်ခံပြီး ကျွန်တော် တို့ တိုင်းပြည်မှာ လာဖန်တီးနေကြ တာ မြင်ရတွေ့နေ ရတာပဲ။ နောက် တစ်ခုက ပြည်တွင်းမှာလည်း Documentary ကျကျနနဖန်တီးနိုင် တဲ့ မြန်မာလူငယ်ဒါရိုက်တာတွေ အများကြီးပဲ။ ဒါပေမဲ့ ပြည်တွင်းလူ ငယ်တွေက ပြည်ပ ပြိုင်ပွဲတွေ ပြ ပွဲ တွေလောက် စိတ်ဝင်စားအားသန် နေတာ တွေ့ရတယ်။ ဖန်တီးနိုင်စွမ်း အရည်အချင်းတွေ ရှိပါ လျက်နဲ့ ထောက်ပံ့ပိုးပေးမယ့် ပြည်တွင်းမီ ဒီယာတွေ မရှိဘူး။
သူတို့ စိတ်ဝင် စားဖန်တီးချင်တဲ့ အကြောင်းအရာ တွေတောင် မှ ပြည်ပ ပရိုဂျူဆာ တချို့ဆီကသော်လည်းေ ကာင်း၊ ကိုယ်တိုင် ရှာဖွေဖန်တီး၍သော် လည်းကောင်း၊ ဘက်ဂျက်ရှာရိုက် ကူးနေကြရ တာတွေ့ရတယ်။အလွန် စိတ်မကောင်းစရာပဲ။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝ တုန်းကတော့ Documentary ဆိုရင် ပြည်ပဈေး ကွက်ကို တိုးဖန်တီး သူ အလွန် နည်း တယ်။ နောက်ပိုင်း ပြည်တွင်းပြည်ပ ရုပ်သံမီဒီယာထဲမှာ ဆိုရင် ဒီမိုက ရက်တစ်မြန် မာ့အသံက ‘မြန်မာ့ အလှမြန်မာ့ဘဝ’ အစီအစဉ်တစ်ခုပဲ အပတ်စဉ်တွေ့ဖူးတယ်။ ဒါပေမဲ့ ပံ့ပိုးမှု ထောက်ပံ့မှု အားနည်းတော့ ထူးထူးခြားခြား ဖြစ်မလာဘူး။ ခြုံငုံ ပြောရ ရင်တော့ဗျာ။
ကျွန်တော်တို့ မြန်မာပြည်မှာ မှတ်တမ်းရုပ်ရှင် ရိုက် စရာတွေ အပုံပင်ကြီးဗျ။ ဖန်တီးဖို့ ဘတ်ဂျက်နဲ့ တင်ပြနိုင်ဖို့ နေရာတစ် ခုပဲ လိုနေတယ်လို့ မြင်ပါ တယ်။ လူ ငယ်ဖန်တီးရှင်တွေကတော့ တန်းမီ ကြတယ်။ အဆင်သင့် အသင့်အနေ အထားပဲဗျ” လို့ ဒါရိုက်တာ မင်းသိုက် က ရှင်းပြပါတယ်။
ထွဋ်မြတ်
Popular Journal
0 comments:
Post a Comment