ကိုယ်ရဲ့ ပြည့်စုံမှုတွေကို မတည်မြဲဘူးလို့ နှလုံးသွင်းလိုက်ရင်လည်း
မာနကတော့ ကျသွားမှာပါပဲ။ ဥပမာလေးတစ်ခု ကြည့်ရအောင်။
ဦးဇင်း တခြားတရားတော်တွေမှာတော့ တခြားအကြောင်းအရာ
အတွက် ဥပမာပေးထားတာပေါ့။ မာနအတွက် ဥပမာယူမယ်
ဆိုရင်လည်း ရတာပါပဲ။
တစ်ခါတုန်းက အခုလို နွေရာသီပေါ့လေ။ မြေခွေးတစ်ကောင်
လွင်ပြင်ထဲလျှောက်သွားရင်းန
ကောင်တစ်ကောင်တွေ့တယ်။ ဆင်သေကောင်ကလည်း သေပြီးတာ
သိပ်မကြာသေးဘူး။ လတ်လတ်ဆတ်ဆတ်လေးပေါ့။ အဲဒါနဲ့
မြေခွေးက ဆင်သေကောင်ရဲ့ စအိုဝကနေ ၀မ်းဗိုက်ထဲကို ၀င်
သွားတယ်။ အထဲထဲကိုရောက်တော့ အူတွေ ကလီစာတွေကို
စားတာပေါ့။ စားပြီးလို့ ဗိုက်တင်းသွားတော့ ဆင်ရဲ့ ၀မ်းဗိုက်ကို
ထဲမှာပဲ အိပ်လိုက်တယ်။
အိပ်ရာကထလာတော့ ရှေ့၊ နောက်၊ ၀ဲ၊ ယာ ဘယ်ဘက်ကိုပဲ
ကြည့်လိုက်ကြည့်လိုက် စားစရာတွေချည်းဘဲဆိုတော့
“ငါဒီတစ်သက် စားစရာတွေ မကုန်တော့ဘူး။” ဆိုပြီး ဘ၀င်မြင့်
သွားတယ်။
ရွှေဘုံပေါ်မှာ စံနေတာတော့ မဟုတ်ဘူး။ အသားဘုံပေါ်စံပြီးတော့
ဘ၀င်တွေမြင့်နေတယ်။ လက်မတွေ ထောင်လို့။ မြေခွေးက အိပ်တဲ့
အခါမှာ ရိုးရိုးတောင် ဆန့်အိပ်တာ မဟုတ်ဘူး။ ဒူးထောင်ပြီး
ဒူးတစ်ဖက်ပေါ် တခြားခြေတစ်ဖက်တင်လို့။
“ငါတော့ ဒီတစ်သက် စားလို့ မကုန်တော့ဘူး။ ငါ့လောက်စားစရာ
သောက်စရာ ပြည့်စုံတဲ့ကောင် ရှိပါ့ဦးမလား။ စားချင်ရင်
အသည်းတွေ ကလီစာတွေ စားလို့ရတယ်။ သောက်ချင်ရင်
သွေးတွေ အဆီတွေ သောက်လို့ရတယ်။ အစားအသောက်လည်း
ပြည့်စုံတယ်။ အသောက်အစားလည်း ပြည့်စုံတယ်။ အေးဆေးဘဲ။
မြေခွေးက ဘ၀င်တွေမြင့်ပြီးတော့ မာနတွေကြီးနေတယ်။
နေကလည်း ပူပြင်းတော့ ဆင်သေကောင် တဖြည်းဖြည်းနဲ့
ခြောက်ခြောက်လာတယ်။ ခြောက်ပြီးတော့ နောက်ဆုံးတော့
စအိုပေါက်က ပိတ်သွားတယ်။ ပိတ်သွားတော့ ထွက်လို့ကို
မရတော့ဘူး။ အသက်ရှူရတာလည်း မွန်းကျပ်လာတယ်။
ဒီအတိုင်းဆိုရင်တော့ ငါသေတော့မှာပဲ ဆိုပြီးတော့ မြေခွေးက
ရှိရှိသမျှ အပေါက်လေးကနေ အတင်းတိုး ထွက်လာတာပေါ့လေ။
အတင်းတိုးထွက်တော့ အသားတွေပဲ့ကြွေ၊ အရည်တွေစုတ်ပြတ်၊
သွေးတွေပန်းထွက်နဲ့ မြေခွေးခမျာ တော်တော့်ကို ဆင်းရဲဒုက္ခကြီးစွာ
ခံစားလိုက်ရတယ်။
ဘာပြောချင်တာလဲဆိုတော့ ဦးဇင်းတို့၊ ယောဂီတို့ရဲ့ ဘ၀မှာ ပြည့်စုံ
နေကြတယ်ဆိုတာ ပြည့်စုံတာကတော့ အမျိုးမျိုး ရှိတာပေါ့လေ။
ပစ္စည်းဥစ္စာပြည့်စုံတာ၊ ရာထူးအာဏာပြည့်စုံတာ အသိဥာဏ်
ဗဟုသုတ ပြည့်စုံတာ၊ အောင်မြင်ကျော်ကြားမှု ပြည့်စုံတာ
စသည်အားဖြင့် အများကြီးရှိပါတယ်။
အဲဒီလို ပြည့်စုံနေတာ ဘာကြောင့်လဲဆိုရင် အတိတ်ကုသိုလ်ကံတွေ
အားကောင်းလို့။ တနည်း ခုဏ မြေခွေး ဥပမာလေးနဲ့ ပြောရ
ရင်တော့ ကံကြမ္မာစအိုပေါက်ပွင့်နေလို
နေလို့ ပြည့်စုံနေတာပါ။ ကဲ…ကံကြမ္မာ စအိုပေါက်က အမြဲတမ်းပွင့်
ပါ့မလား။ အမြဲတမ်းပွင့်နေမယ်လို့ ပြောလို့ မရဘူးနော်။ ပွင့်တဲ့အခါ
ပွင့်မယ်။ ပိတ်တဲ့အခါ ပိတ်မယ်။ ကံသိပ်ကောင်းလွန်းရင် ကံကြမ္မာ
စအိုပေါက် အမြဲတမ်းပွင့်နေတဲ့သူလည်း ရှိချင်ရှိမယ်။ ရှားပါတယ်။
ဒါက ပရိတ်သတ်ထဲမှာမို့ ပြောလို့ကောင်းအောင်၊ နားခံသာအောင် “
ကံကြမ္မာစအိုပေါက်” လို့ပြောတာ။ ကိုယ်ဘာသာကိုယ် ပြောမယ်ဆိုရင်
သုံးလုံးတည်းပြောလို့ရတယ်။ ကံကြမ္မာကို “ကံ” လို့ပဲတစ်လုံးတည်း
ပြော၊ စအိုပေါက်ကိုလည်း “ပေါက်” လို့နှစ်လုံးတည်းပဲပြော။
“ကံ…ပေါက်” ပေါ့။ ပရိတ်သတ်ထဲမှာတော့ “ကံကြမ္မာစအိုပေါက်”
လို့ပြောပေါ့လေ။
ကံကြမ္မာစအိုပေါက်လေး ပွင့်နေတုန်းမို့ စားစရာလည်းပြည့်စုံ သောက်
စရာလည်းပြည့်စုံ နေစရာပြည့်စုံ ထိုင်စရာပြည့်စုံ လှူဖို့တန်းဖို့ စသည်
အားဖြင့် ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ၊ အသိဥာဏ်ဗဟုသုတ၊ ရုပ်အဆင်း
စသည်အားဖြင့် ပြည့်စုံနေကြတာပါ။ ပြည့်စုံမှုနဲ့ သူ့ကံနဲ့တော့ တွဲ
ရမှာပေါ့နော်။ ဒီကံကြောင့် ဒီအကျိုးပြည့်စုံ ဟိုကံကြောင့် ဟိုအကျိုး
ပြည့်စုံ သူ့ကံစအိုပေါက်နဲ့ သူပါပဲ။ ကံတစ်ခုတည်းကြောင့် အကျိုး
အားလုံး ပြည့်စုံနေတာတော့ မဟုတ်ပါဘူး။
ရုပ်အဆင်းလှတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်အဆင်းလှကြောင်း ကုသိုလ်ကံ
လေးက အကျိုးပေးနေလို့ ရုပ်အဆင်းလှနေတာ။ ရုပ်အဆင်းနဲ့ဆိုင်တဲ့
ကံကြမ္မာစအိုပေါက်လေးက ပွင့်နေလို့ ရုပ်အဆင်းလှနေတာ။ ဒါပေမယ့်
ဒီကံလေးက အမြဲတမ်း အကျိုးပေးနေမယ်လို့ ပြောလို့မရဘူး။ အချိန်
မရွေး ကံပိတ်သွားနိုင်တယ်။
ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ၊ ပညာ၊ ဗဟုသုတ၊ အောင်မြင်ကျော်ကြားမှု
စသည်တို့လည်း နည်းတူပါပဲ။ သက်ဆိုင်ရာ ကံအခွင့်သာတုန်း၊
သက်ဆိုင်ရာ ကံပေါက်ပွင့်နေတုန်း အကျိုးပေးနေတာပါ။
အချိန်မရွေးကံပေါက် ပိတ်သွားနိုင်ပါတယ်။ အဲဒီလိုလေး နှလုံးသွင်း
လိုက်မယ်ဆိုရင်လည်း မာနမကျနိုင်ဘူးလား။ ကျနိုင်ပါတယ်။ ကိုယ်ရဲ့
ပြည့်စုံမှု ပိုင်ဆိုင်မှုဆိုတာ တကယ်တော့ မတည်မြဲပါဘူး။ ကံကြမ္မာ
စအိုပေါက်လေး ပွင့်နေတုန်းပဲ တည်ရှိနေတာပါ။ လောကဓံဓနတွေ
ကလည်း ပူပူပြင်းပြင်း ကိလေသာနေတွေကလည်း ပူပူပြင်းပြင်းနဲ့
တော်ကြာ ဒီကံကြမ္မာ စအိုပေါက်လေး ပိတ်သွားရင်တော့ ပြည့်စုံမှာ
မဟုတ်တော့ဘူး။
မပြည့်စုံတော့တဲ့ အခြေအနေမှာ အသားမပဲ့ရင် ကံကောင်း၊ အရေ
မစုတ်ရင် ကံကောင်း၊ အမွှေးမကျွတ်ရင် ကံကောင်းဆိုပြီးတော့
နှလုံးသွင်းလိုက်ရမှာနော်။ ဒါကြောင့် တစ်ခေါက်ပြန်ဆိုလိုက်ပါ။
မြင့်သူကြားမှာ နိမ့်မှသာ မြင့်ရာရောက်နိုင်သည်။
- အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Young Buddhist's Association
0 comments:
Post a Comment