ထိုင်းနိုင်ငံရေး ပဋိပက္ခပြေလျော့စေရေးအတွက် ကြိုးပမ်းမှုအဖြစ် ၀န်ကြီးချုပ်ယင်လက်ရှင်နာဝပ
အာဏာရ ဖြူထိုင်းပါတီက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ဝန်းကျင်၌ ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲတွင် ယင်လက်သည် ၀န်ကြီးချုပ်ရာထူးအတွက် ထပ်မံယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ယင်းနေ့တွင်ပင် အတိုက်အခံ ဆန္ဒပြသူ ၁၄၀,၀၀၀ ၀န်းကျင်က မြို့တော်ဘန်ကောက်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ရပ်ဆိုင်းပြီး ရွေးချယ်တင်မြှောက်ထားခြင်း
အတိုက်အခံတို့၏ ဆန္ဒပြမှုမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်နိုင်ခြေကို စိုးရိမ်နေချိန်တွင် အစိုးရသည် သေဆုံးထိခိုက်မှုများ မဖြစ်စေရန် လိုလားကြောင်း ယင်လက်က ပြောကြားခဲ့သည်။
သို့သော် အတိုက်အခံဆန္ဒပြခေါင်းဆောင်မ
ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် အတိုက်အခံဆန္ဒပြမှုသို့ လူ ၁၀၀,၀၀၀ ၀န်းကျင် ပူးပေါင်းပါဝင်ခဲ့သည်ဟု မငြိမ်သက်မှုများကို တုံ့ပြန်ဖြေရှင်းရန် ဖွဲ့စည်းထားသော အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးစင်တာက ကနဦးတွင် ထုတ်ပြန်ခဲ့သည်။ ဆန္ဒပြသူများသည် ဘန်ကောက်ရှိ အစိုးရဌာနချုပ်သို့ ဦးတည်သည့်လမ်းများတစ်လျှော
အင်အားကြီးမားသော ဆန္ဒပြမှုများ ကြုံတွေ့ခဲ့သော်လည်း သက်ဆင်ထောက်ခံသော ပါတီများသည် ပြီးခဲ့သော ဆယ်စုနှစ်တစ်ကျော်အတွင်း ရွေးကောက်ပွဲများကို အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲသစ် ကျင်းပမည်ဆိုလျှင်လည်း ယင်လက်၏ပါတီကသာ အနိုင်ရဖွယ်ရှိဟု ကျွမ်းကျင်ပညာရှင် အများအပြားက ယုံကြည်ထားသည်။
ဒီဇင်ဘာ ၉ ရက်တွင် ဘန်ကောက်ရှိ အစိုးရအဆောက်အအုံသို့ ချီတက်နေသော အတိုက်အခံဆန္ဒပြသူများ
Eleven Media Group
0 comments:
Post a Comment