အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ နှစ်ရက်ကြာပြုလုပ်မည့် ကာတာဖောင်ဒေးရှင်းမှ ဦးစီးကျင်းပသော ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံ (The World Innovation Summit for Health-WISH) ကို တက်ရောက်ရန် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကာတာနိုင်ငံမှ လာရောက်ကြိုဆိုသော စင်းလုံးငှား အထူးဂျက်လေယာဉ်ဖြင့် ကာတာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် သွားရောက်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ Her Highness Sheikha Moza bint Nasser နှင့် The Right Honourable Professor Lord Darzi of Denham တို့၏ ဖိတ်ကြားချက်အရ ညီလာခံတွင် သဘာပတိတစ်ဦးအနေဖြင့် တက်ရောက်မည်ဖြစ်ပြီး"မြန်မာ
ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံ (The World Innovation Summit for Health-WISH) သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ထို့အတူ အဆိုပါညီလာခံသို့ သီတဂူဆရာတော် အရှင်ဥာဏိဿရနှင့် အမျိုးသား ကျန်းမာရေးကွန်ရက်မှ ဒေါက်တာတင်မျိုးဝင်းတို့လည်
"တစ်ကမ္ဘာလုံးက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ၊ အရေးကြီးတဲ့သူတွေလည်း တက်ရောက်ကြမှာဆိုတော့ ကျွန်တော်တို့နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအတ
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်က ကာတာနိုင်ငံသို့ သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်
Eleven Media Group
0 comments:
Post a Comment