8.12.13

ဂိုး လာဘ် ပျောက်နေသည့် တိုက်စစ်မှူး ၃ ဦးအား ကာကွယ် လိုက်သည့် မော်ရင်ဟို

ချဲလ်ဆီး အသင်း ဧ။် မန်နေဂျာ မော်ရင်ဟို သည် အသင်းဧ။် ဂိုးပေါက် ပျောက်နေသည့် တိုက်စစ်မှူး ၃ ဦး နင့်ပတ်သတ်ပြီး ကာကွယ် ပြောဆိုလိုက်ကြောင်း သိရသည်။ ယမန်နေ့ည က စတုတ်စီးတီး အသင်းအား ၃-၂ ဂိုးဖြင့် အရှုံးပေးခဲ့ရသည့် ပွဲစဉ်တွင် ကွင်းလယ် ကစားသမား ရှဟာရ်ရယ် မှ နစ်ဂိုးလုံးအား သွင်းယူ ပေးနိုင်ခဲ့သော်လည်း အသင်းဧ။် တိုက်စစ်မှူး ၃ ဦးဖြစ်သည့် ဒမ်ဘာဘ ၊ ဖာနန်ဒို တောရက်စ် နင့် အီတိုး တို့  အနေဖြင့် ဂိုးပေါက် တစ်ကြိမ် မှ တည့်အောင် မကန် နိုင်ခဲ့ ခြင်း အပေါ် ပေါ်တူဂီသား မှ ကာကွယ် ပြောကြား လိုက်ခြင်း ဖြစ်သည်။


အဆိုပါ တိုက်စစ်မှူး သုံး ဦး နင့်ပတ်သတ်ပြီး နည်းပြ မော်ရင်ဟိုမှ .. " ကျနော် လား ... နိုး ကျနော် မသိပါဘူး ။ သူတို့  ဟာ အသင်း အတွက် အနိုင်ရရှိဖို့  အာရာအားလုံး ကို ပေးဆပ်ပြီး ကစားနေကြတာ လို့  ကျနော် ထင်ပါတယ် ။ သူ တို့ ဟာ လေ့ကျင့်ရေး ကွင်းမှာ ရော့ ပြိုင်ပွဲ အတွင်း မှာပါ တကယ့် ကြိုးကြိုးစားစား နဲ့  အသင်းအတွက် ကစားနေကြတာပါ ။ အသင်း အတွက် အားကြိုးမာန်တက် ပေးဆပ် ကစားပေးနေတဲ့ ဘယ်ကစားသမား ကို မဆို ကျနော့် အနေနင့် အပြစ်တင် စကား မပြောနိုင်ပါဘူး ။" ဟု ပြောကြား ခဲ့သည်ဟု သိရသည်။

Written by ၀ိုင်း ( ကျိန်းရိပ် )
FOOTBALL CAFE

0 comments:

Post a Comment