Jade Raymond လို့ အမည်ရပါတယ်။ အသက် ၃၇နှစ် ရှိပါပြီ။ ကနေဒါနိုင်ငံမှာ ဖွားပြီး McGill University တက္ကသိုလ်ကနေ ကွန်ပြူတာ သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့တုန်းက ၁၉၉၈ ခုနှစ်ပါ။ ယနေ့မှာတော့ သူမဟာ ကမ္ဘာ့အအောင်မြင်ဆုံး ဂိမ်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုဖြစ်သော Ubisoft Publisher မှာ
မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်နေပါပြီ။ အရင်တုန်းက Sony မှာ ဂိမ်းပရိုဂမ်မာအနေနဲ့ လုပ်ကိုင်ခဲ့တာပါ။ နောက်တော့ Ubisoft မှာ အကြီးဆုံး ရထူးရရှိလို့ အလုပ်ပြောင်းခဲ့ပါတယ်။
အကြီးမားဆုံး အောင်မြင်မှုထဲမှာ Assassin's Creed ပါဝင်ပါတယ်။ သူမ ဦးဆောင် ပါဝင်ပြီး ဖန်တီးခဲ့တဲ့ ဂိမ်းပါ။ Assassin's Creed နဲ့ Assassin's Creed II မှာ ပရိုဂျူဆာပါ။ အခြားသော နာမည်ကြီးဂိမ်းအတော် များများ ကိုလည်း ရေးဆွဲ ဖန်တီးခဲ့ပါတယ်။
အသက်နဲ့ မလိုက်အောင် နုနယ်ပြီး ထူးချွန်ထက်မြတ်တဲ့ သူမကို ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး ပရိုဂမ်မာ တစ်ဦးအဖြစ် အများက သတ်မှတ် ထားကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
0 comments:
Post a Comment