၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
မန္တလေးအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းဟာ ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ် အသုံးပြုပြီး ရန်ကုန်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်ခရီးစဉ်တွေကို ဒီနေ့ စပြေးဆွဲနေပြီလို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
မန်းရတနာပုံလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ ၉ ခုမြောက် ပြည်တွင်းလေကြောင်းလိုင်း ဖြစ်ပြီး နောက်ထပ် လေယာဉ်တွေ ထပ်ရောက်လာဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
လာမယ့် မတ်လအတွင်း ATR 72, 600 လေယာဉ် ၁ စီး ထပ်ရောက်လာရင် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ မုံရွာ၊ ဟုမ္မလင်းနဲ့ လွိုင်ကော်မြို့တွေကို ပျံသန်းသွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
DVB
ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ်
0 comments:
Post a Comment