၂၄.၂.၂၀၁၄၊ တနင်္လာနေ့
၁၈၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု အဖြစ် သတ်မှတ် အုပ်ချုပ်ခဲ့သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီခေတ် မတိုင်မီ မြန်မာဘုရင်များ လက်ထက်က မြို့ရွာ အလိုက်စစ်တမ်းများ ရှိခဲ့သော်လည်း တစ်နိုင် ငံလုံးအတိုင်းအတာအရ သန်း ခေါင်စာရင်းကောက်ယူမှုမရှိခဲ့ပေ။
မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံး ရန် အင်္ဂလိပ်-မြန်မာစစ်ပွဲ (၃)ကြိမ် ဆင်နွှဲခဲ့ရသည်။ ပထမမြန်မာ-အင်္ဂလိပ် စစ်ပွဲအတွင်း မြန်မာစစ်ရှုံးပြီးနောက် ရခိုင်နှင့်တနင်္သာရီကို အင်္ဂလိပ်လက်သို့ ပေးအပ်ခဲ့ရသည်။ ဒုတိယမြန်မာ-အင်္ဂ လိပ်စစ်ပွဲရှုံးပြီးချိန်၌ အောက်မြန်မာနိုင်ငံ ကို အင်္ဂလိပ်တို့ရရှိသွားသည်။ထို့ကြောင့် ဗြိတိသျှအစိုးရက ၁၈၇၂ နှစ် အိန္ဒိယနိုင်ငံသန်းခေါင် စာရင်း ကောက်ယူရာတွင် အောက်မြန် မာနိုင်ငံလည်း ပါဝင်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ထပ်မံကောက်ယူသော သန်း ခေါင်စာရင်းတွင်လည်း အောက်မြန်မာ နိုင်ငံပါဝင်ခဲ့သည်။
၁၉၂၁ ခုနှစ် သန်းခေါင်စာရင်း တွင်မူ ထိုကာလက လမ်းပန်းဆက်သွယ် ရေး အခက်အခဲကြောင့် သွားရောက်ရန် ခက်ခဲသည့် ပူတာအိုနှင့်ချင်းတွင်းအ ထက်ပိုင်းဒေသ၊ ဝဒေသတို့မှလွဲ၍ မြန် မာတစ်နိုင်ငံလုံး အိန္ဒိယသန်းခေါင်စာ ရင်းထဲတွင် ပြည်နယ်တစ်ခုအနေဖြင့် ပါလာပေသည်။ ၁၈၈၉ ခုနှစ်တွင် သန်းခေါင်စာ ရင်းကောက်ခြင်းနှင့် တွဲလျက်အိန္ဒိယ တိုင်းရင်းသား ဘာသာစကားများကိုပါ တစ်ပြိုင်တည်း စူးစမ်းလေ့လာရန် ဗြိတိ သျှအစိုးရက ပြင်ဆင်သည်။ ထို့ကြောင့် အိန္ဒိယ၏ပြည်နယ် တစ်ခုဖြစ်ေ သာ မြန်မာနိုင်ငံကိုလည်း ဘာသာစကားစူး စမ်းလေ့လာရေးတွဲလုပ်ရန် အဆင်သင့် ဖြစ်မဖြစ် မြန်မာနိုင်ငံရှိ အင်္ဂလိပ်အုပ် ချုပ်သူများအား မေးမြန်း၏။
မြန်မာနိုင်ငံရှိ ဗြိတိသျှအစိုးရအ ဖွဲ့က မြန်မာတိုင်းရင်းသားဘာသာစကား များကို စူးစမ်းလေ့လာရန် အဆင်သင့် မဖြစ်သေးကြောင်း ပြန်ကြားခဲ့သည်။ ၁၉၁၁ သန်းခေါင် စာရင်း ကောက်ယူပြီး ချိန်တွင် မြန်မာနိုင်ငံ၌ ပြော ဆိုနေသည့် ဘာသာစကား ၆၅ မျိုး တွေ့ရသဖြင့် မြန်မာနိုင်ငံရှိ ဘာသာစကားများကို စူးစမ်း လေ့လာရန် ခွင့်ပြုလိုက် သည်။ ၁၉၁၇ ခုနှစ် ရှေ့ပြေးလေ့လာစစ် တမ်းကောက်ယူရာ၌ ဘာသာစကား ၁၇၇ မျိုးတွေ့ရှိသည့်နည်းတူ တိဗက် အုပ်စု၊ မြောက်အာသံအုပ်စု၊ နာဂအုပ် စုနှင့် တရုတ် အုပ်စုဟူ၍ ဘာသာစကား အုပ်စုအသစ် ၄ မျိုးကိုလည်း ထပ်မံတွေ့ရှိလာသည်။
၁၉၂၇ ခုနှစ်တွင်အိန္ဒိယဘာသာစကားများ စူးစမ်းတွေ့ရှိချက် ထွက်ပေါ် လာချိန်တွင် မြန်မာတိုင်းရင်းသား ဘာ သာစကားများအကြောင်း ပါမလာသေး ပေ။ အ ဘယ့်ကြောင့်ဆိုသော် ဘာသာစကားစူးစမ်းလေ့လာရေးသည် ယခုရေ တွင်းတူး၊ ယခုရေကြည်သောက်ရသည့် လုပ်ငန်းမဟုတ်ရုံသာမက အခက်အခဲ များစွာရှိသည့် လုပ်ငန်းဖြစ်နေခြင်းပင်။ ၁၉၃ဝ ပြည့်နှစ် အိန္ဒိယသန်းခေါင် စာရင်းတွင်နောက်ဆက်တွဲအဖြစ် မြန် မာဘာသာစကားပါဝင်လာသည်။ ၁၉၃၁ ခုနှစ် အိန္ဒိယသန်းခေါင်စာရင်း အခန်း ၁ဝ တွင်မြန်မာတိုင်းရင်းသား ဘာသာစကားများအကြောင်း ကျယ်ပြန့် စွာဖော်ပြခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ တွင် ပြောဆိုနေကြသည့်ဘာသာစကား များအဖြစ် ဗမာ၊ လိုလိုမုဆိုး၊ ကုကီချင်း၊ နာဂ၊ ကချင်၊ သက်၊ မစ်ရှမီ၊ မြို၊ တိုင်၊ မလေး၊ မွန်၊ ပလောင်၊ ကရင်၊ မင်ဟု အုပ်စု ၁၅ စုခွဲခြားပြထားသည်။
ဗမာဘာသာစကား အစုထဲတွင် ရခိုင်၊ ထားဝယ်၊ ယောစသဖြင့် ၁၆ မျိုး ပြသထား၏။ ၁၉၃၁ အိန္ဒိယသန်းခေါင် စာရင်း၊ မြန်မာဘာသာစကားအခန်းတွင် တရုတ်၊ အိန္ဒိယဘာသာစကားများ အပါ အဝင် ဘာသာစကား ၁၃၅မျိုးရှိကြောင်း ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁ နှစ်အလိုက် ကိန်းဂဏန်းဇယားများဖြင့် ပြသထား သည်။ဖော်ပြပါနှစ်များ တွင် ဘာသာ စကားအလိုက် ပြောဆိုသုံးစွဲသူအတိုး အလျော့စာရင်းကိုလည်း ပြထားပြီး နောက်ဆက်တွဲ ‘က’တွင် မြန်မာဘာသာ စကားမြေပုံကို ပြ သထား သည်။ မြန်မာ နိုင်ငံမြေပုံပေါ် တွင် ဒေသအလိုက်ပြော ဆိုသုံးစွဲနေသော ဘာသာစကားများကို ဖော်ပြထားခြင်းဖြစ်ပါသည်။
၁၉၃၁ ခုနှစ် အိန္ဒိယသန်းခေါင် စာရင်းပါ မြန်မာဘာသာစကားမြေပုံ ပေါ်ထွက်ခဲ့ပြီး နောက်ပိုင်းမှစ၍ ယနေ့ ထိတိုင် မြန်မာဘာသာစကားမြေပုံပေါ် ထွက်လာခြင်း မရှိတော့ပေ။ ထို့အပြင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က (ဦးနေဝင်းအစိုးရလက် ထက်)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကထုတ်ဝေသော တိုင်းရင်းသားလူမျိုး များနှင့် ပတ်သက်သည့်စာအုပ်များတွင် ဖော်ပြပါ ဘာသာစကား ၁၃၅ မျိုးကို တိုင်းရင်းသား ၁၃၅ မျိုးအဖြစ် ဖော်ပြ ပြီး ဘာသာစကားနှင့် လူမျိုး ကို ရော ထွေးမှား ယွင်းပြောဆိုရေးသားခဲ့သည်။
မြန်မာအများစုက ယနေ့ထိတိုင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည်ဟု မှားယွင်းပြောဆိုရေး သားနေကြဆဲဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့ချိန်မှ ယနေ့ထိတိုင်းရင်းသား လူမျိုးအ ရေးကို ပြောဆိုနေကြရဆဲ။ ဆွေးနွေး ညှိနှိုင်းနေကြရဆဲဖြစ်ပါသည်။၂ဝ၁၄ သန်းခေါင်စာရင်းကောက် ရန် အချိန်တစ်လမျှသာ လိုပါတော့သည်။ တိုင်းရင်းသားဘာသာစကားတချို့ လည်း တိမ်ကောပျောက်ကွယ်ကုန်ပြီ။ ယနေ့အထိ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးကို ပြောဆိုဆဲသာဖြစ်ပြီး တိုင်း ရင်းသား ဘာသာစကားများအရေး၊ တိုင်းရင်းသားဘာသာစကားများ သင် ကြားရေးတို့လည်း ပါဝင်ပေသည်။
ဦးနေဝင်းလက်ထက်ကပင် တိုင်းရင်းသားဘာသာစကား ၁၃၅ မျိုးကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟု ရောချ မှားယွင်းထားခြင်းအပေါ် ယခုကောက် ယူတော့မည့် ၂ဝ၁၄ သန်းခေါင်စာရင်း က တစ်ခုသာပြင်ဆင်နိုင်ခြေရှိပါသည်။ ယင်းကားလူမျိုး ၁၃၅ မျိုးမရှိဘဲ တိုင်း ရင်းသားလူမျိုး မည်မျှရှိသည်ကို တိကျ စွာကောက်ယူဖော်ပြ ရန် ဖြစ်ပါ သည်။ ၂ဝ၁၄ သန်းခေါင်စာရင်းနှင့်အတူ မြန်မာနိုင်ငံတွင် လက်ရှိပြောဆိုနေသော ဘာသာစကားများကို ကောက်ယူရန် ကားမဖြစ်နိုင်တော့ပေ။ လက်ရှိအစိုးရ ၏ သန်းခေါင် စာရင်းကောက်ယူရေးတွင် ဘာသာစကားစာရင်းကောက်ယူရန် ကြိုတင်ပြင်ဆင်မှု ဘာမျှမတွေ့ရပေ။
တိုင်းရင်းသားလူမျိုး မည်မျှရှိ ကြောင်းကိုမူ ယခုကောက်ယူမည့်သန်း ခေါင်းစာရင်းတွင် ပူးတွဲလုပ်ကိုင်၍ ရပါသည်။ ဥပမာ-ကုကီး၊ မီဇိုစသဖြင့် အ မည်နာမကွဲပြားစေကာမူ လူမျိုးအနေ ဖြင့် (ချင်း)သာဖြစ်ပါသည်။ အထက်သား၊ အောက်သား ကွဲစေကာမူ လူမျိုးအနေ ဖြင့်(ဗမာ)သာ ဖြစ်ပါသည်။နိုင်ငံရေးအသုံးချရန်အလို့ငှာ လူ မျိုးအရေးကိုပင် ဘာသာစကား အမျိုး အစားနှင့် ရောထွေးညာ ချထားခဲ့ခြင်း ကြောင့် ပြည်တွင်းပြည်ပ နှစ်ဌာနလုံးက မြန်မာနိုင်ငံတွင် လူမျိုး ၁၃၅ မျိုးရှိသည် ဟု မှားယွင်းလက်ခံခဲ့ခြင်းကို ၂ဝ၁၄ သန်းခေါင် စာရင်းကောက်ယူရာတွင် တတ်သိနားလည်သူများ ထောက်ပြကြ ပါကုန်လော့။
ခင်နှင်းဦး
ကျမ်းကိုး
(၁) စောလူ၊ မြန်မာဘာသာစကား မြေပုံ။
စတိုင်သစ်မဂ္ဂဇင်း(စက်တင်ဘာ ၂ဝဝ၅)
(၂) တင်ဧ(ရှမ်းပြည်)။ မြန်မာနိုင်ငံတွင် ဒေသစကား လေ့လာမှု၊ ဘာသာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ မိန့်ခွန်း၊ ၁၉၇၂။
Popular Myanmar News Journal
0 comments:
Post a Comment