ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.11.14

ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူကိုးထောင်ခန့်ကို စောင့်ကြည့်တာဝန်ယူနေရ

မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ နယ်ရဲတပ်ဖွဲ့ဝင်များ မှုခင်းကျဆင်း ရေးနှင့် ပြည်သူဗဟိုပြုလုပ်ငန်း စဉ်များတွင် စဉ်ဆက်မပြတ်လုပ် ဆောင်နေခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၇ ရက်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲသို့ မြို့ ပေါ် ၁ဝရပ်ကွက်မှ အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်အထောက်အကူပြုအ ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သတင်း မီဒီယာများ အင်အား ၃ဝ ခန့် တက် ရောက်ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက...

ရန်ကုန်မြို့တော်တွင် သောက်သုံးရေ ပြုန်းတီးမှုကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းကာ လျှော့ချမည်

ရန်ကုန်မြို့တော်အတွင်း သောက်သုံးရေ ဖြန့်ဝေရာတွင် ရေအလေအလွင့် ဖြစ်ခြင်း၊ လျှော့ချနိုင်ရန်အတွက် ဂျပန်ကုမ္ပဏီ ဖြစ်သော TSS Tokyo water Co., LTD နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ဂျပန်ကုမ္ပဏီ ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ရေနှင့်သန့်ရှင်းမှုက အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ၅ နှစ်တာ စီမံကိန်းကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီ အနေနှင့် ရေဖြန့်ဝေမှုဆိုင်ရာ...

ကိုပါကြီး အသတ်ခံရမူ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်တော့မည်

စစ်တပ်၏ ပစ်ခတ်မူကြောင့် သေဆုံးခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာကို လာမည့်ဒီဇင်ဘာ ပထမအပတ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ “စစ်ဆေးမူတွေတော့ အားလုံးပြီးသွားပြီ။ ဒီဇင်ဘာ ပထမအပတ်မှာ အပြီးသတ် အစီရင်ခံစာကို သမ္မတထံ တင်ပြမယ်။ ကျနော်တို့ ကော်မရှင်ရဲ့ ၀က်ဘ်ဆိုက်မှာ အစီရင်ခံစာကို ထုတ်ပြန်မယ်’’ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်...

အသရေပျက်စေမှုဥပဒေ ဆက်သုံးမည်ဟု မလေးရှားဝန်ကြီးချုပ်ပြော

၂၀၁၂ ရွေးကောက်ပွဲတုန်းက အသရေပျက်စေမှုဥပဒေကို ဖျက်သိမ်းပေးပါမယ်လို့ ဆိုခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က အသရေပျက်စေမှုဥပဒေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောဆိုပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ အာဏာရ မလေးအမျိုးသားပါတီကြီးရဲ့ ညီလာခံမှာ ၀န်ကြီးချုပ် နာဂျစ်က အခုလို ပြောဆိုလိုက်တာပါ။ ဒီ ၁၉၄၈ အသရေပျက်စေမှုဥပဒေဟာ ကိုလိုနီခေတ်ဥပဒေ၊ နိုင်ငံရေးအတိုက်အခံတွေကို တဖက်သတ်နှိပ်ကွပ်ဖို့အတွက် ဥပဒေ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တဲ့ဥပဒေဆိုပြီး ဆန့်ကျင်ကန့်ကွက်ပြောဆိုမှုတွေ...

ရေနံယိုဖိတ်မှု လျော်ကြေးပေးရန် ရှယ်လ်ကုမ္ပဏီကို နိုင်ဂျီးရီးယားအစိုးရ အမိန့်ထုတ်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက နိုင်ဂျီးရီးယားကမ်းလွန်ရေနံယိုဖိတ်မှုအတွက် နိုင်ဂျီးရီးယားအစိုးရက ရှယ်လ်ရေနံကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ လျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အစိုးရအေဂျင်စီ ၂ ခုက အခုလို ရှယ်လ်ကုမ္ပဏီ ကို လျော်ကြေးတောင်း ခံခဲ့ကြတာပါ။ အခုလို နိုင်ငံခြားရေနံကုမ္ပဏီကြီး တခုကို ရေနံယို ဖိတ်မှုနဲ့ နိုင်ဂျီးရီးယားအစိုးရက လူသိရှင်ကြား တရားစွဲဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ နိုင်ဂျီးရီးယားလွှတ်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီက...

ထိုင်းရွေးကောက်ပွဲ ၂ဝ၁၆မှ ကျင်းပဖြစ်မည်

စစ်တပ်အုပ်ချုပ်သော ထိုင်းဘု ရင့်နိုင်ငံ၏ ရွေးကောက်ပွဲမှာ ကြန့် ကြာနေဦးမည် ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်အထိ ကြာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဆွမ်မိုင်ဖာဆီးက ပြောကြားလိုက်သည်။ ထိုင်းစစ်တပ် က စစ်ဥပဒေကို မကြာမီ ရုပ်သိမ်း မည်ဆိုသည့် သတင်းအား ငြင်းပယ် လိုက်ပြီး ရက်အနည်းငယ်ကြာပြီး နောက် ဤသတင်းထွက်ပေါ်လာခဲ့ သည်ကို AFP သတင်းက ဖော်ပြ လိုက်သည်။ ဝန်ကြီးချုပ် ပရာယုသ်ချန်အို ချာက သူ၏အစိုးရက ရွေးကောက် ပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လ၌ ကျင်းပမည်ဟု ပြောကြားထား ခဲ့သည်။ ထိုင်းစစ်တပ်သည်...

အီဘိုလာကုသဆေး လူသားနှင့်စမ်းသပ်မှု ပထမအဆင့် အောင်မြင်

အီဘိုလာရောဂါ ကာကွယ်ကုသဆေးကို လူသားတွေနဲ့ စမ်းသပ်မှု ပထမအဆင့် အောင်မြင်တယ်လို့ အမေရိကန်သုတေသနပညာရှင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် အီဘိုလာဆေးထုတ်လုပ်နိုင်ဖို့ တဆင့်နီးစပ်လာတာလို့လည်း ဆိုပါတယ်။ အခုနှစ်အတွင်း အီဘိုလာရောဂါနဲ့ လူပေါင်း ၅၇၀၀ လောက် သေဆုံးခဲ့ကြပြီး အီဘိုလာကာကွယ်ကုသဆေးကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့ဆေးကုမ္ပဏီတွေနဲ့ ကျန်းမာရေးအေဂျင်စီတွေ အပြင်းအထန်ကြိုးစားနေကြတာပါ။ အီဘိုလာဆေး လူသားတွေနဲ့ စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေ...

ဩစတြေးလျ အရှေ့ပိုင်းတွင် အင်အားပြင်းထန်သည့် မိုးကြိုးမုန်တိုင်းတိုက်ခတ်

ဩစတြေးလျနိုင်ငံ၊ အရှေ့ဘက် ကမ်းခြေဒေသတွင် အင်အားပြင်းထန်သည့် (Supercell) မိုးကြိုးမုန်တိုင်းကြီးတစ်ခု တိုက်ခတ်မှုကြောင့် အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ အားကောင်းသော လေပြင်းများကြောင့် မြေပြင်တွင် အခြေစိုက် ရပ်နားထားသည့် လေယာဉ်ငယ်များ၊ မော်တော်ကားများပါ ကျွမ်းထိုး ပြောင်းပြန်လန်ကုန်ပြီး နေအိမ် အဆောက်အအုံ အများအပြားမှာ အမိုးများ ကျွတ်ထွက်ကုန်သည်။ နိုဝင်ဘာ (၂၈)ရက် နံနက်ပိုင်းတွင် ဩစတြေးလျ စစ်တပ်သည် မုန်တိုင်းဒဏ်သင့် ဒေသတွင် ရှင်းလင်းမှုများ...

27.11.14

အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတ၀န်း ကျေးဇူးတော်နေ့ ခရီးသွားကာလဟာ တနှစ်တာအတွင်း ခရီးသွားလာမှု အများဆုံးကာလဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း အမေရိကန်နိုင်ငံတ၀န်း အမေရိကန်ခရီးသည် ၄၆ သန်း ခရီးသွားလာကြမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်း လောက်ကတော့ ကားတွေနဲ့...

မော်ရိုကိုနိုင်ငံတွင် ရေကြီး ၃၆ ဦးသေဆုံး

မော်ရိုကိုနိုင်ငံမြောက်ပိုင်း၌ ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ရာ ယခုနောက် ဆုံးနေ့တွင် လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း၊ ရေကြီးမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ကြောင်း မော်ရိုကိုပြည်ထဲရေးဌာ နဝန်ကြီး မိုဟာမက် ဟက်ဆက်က ပါလီမန်ကြားနာရေးအစည်းအဝေး ၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသ တင်းက ဖော်ပြခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၄၃၂ ဦးရေထဲမျောပါ သွားခဲ့ရာမှ ကယ်ဆယ်ခဲ့ရကြောင်း၊ ၎င်းတို့မှာ အလွန်စိုးရိမ်ရသော အ ခြေအနေရှိကြောင်း၊ ထိုအထဲမှ ၉၄ ဦးမှာ...

မလေးရှားဝန်ကြီးချုပ် စစ်သွေးကြွ ခြိမ်းခြောက်မှု စက္ကူဖြူစာတမ်း တင်သွင်း

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေရဲ့  ခြိမ်းခြောက်မှုနဲ့ ပတ်သက်တဲ့ စက္ကူဖြူစာတမ်းကို နိုဝင်ဘာ ၂၆ ရက်နေ့က လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။ အိုင်အက်စ်တွေရဲ့ အတွေးအခေါ် ဖြန့်ဖြူးမှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့လှုပ်ရှားမှုကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။ မူဝါဒကို မူကြမ်းရေးဆွဲပြီး အတည်ပြုတဲ့နည်းနဲ့ အစိုးရကို ထောက်ခံပါလို့ နာဂျစ်က...

MH 17 လေယာဉ် ပစ်ချခံရမှု စုံစမ်း စစ်ဆေးရေး တစ်နှစ်ခန့် ကြာနိုင် ဖွယ်ရှိ

မလေးရှား လေကြောင်း လိုင်းခရီးစဉ် MH 17 ပစ်ချခံ ရမှုတွင် တရားဥပဒေ အရ ဆောင်ရွက် ရန်နှင့် လိုအပ်သော သက်သေ အထောက်အထားများ ရှာဖွေရန်  နိုင်ငံတကာစုံစမ်း စစ်ဆေးရေးအဖွဲ့အနေဖြင့် တစ်နှစ်ခန့် အချိန်ယူရ နိုင်ဖွယ်ရှိသည်ဟု မလေးရှား လွှတ်တော်အမတ် ဒေ ၀မ်ရာကရက်က နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပြောကြားခဲ့သည်။ လွှတ်တော်တွင် ဆွေးနွေး အပြီးတွင် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဟာမက် ဇိုင်နူဒင်က မိမိ တို့အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ရှင်းလင်းသော သက်သေ အထောက်အထားများ...

၂၀၁၅-၂၀၁၆ ခုနှစ်အတွက် နျူကလီးယားလောင်စာရောင်းချရေး ရုရှားနှင့် ယူကရိန်းတို့သဘောတူ

ယခင်ဓာတ်ပေါင်းဖိုအဟောင်း များအတွက် နျူကလီးယားလောင် စာ ရောင်းချပေးရေး ကိစ္စနှင့်ပတ် သက်၍ ယူကရိန်း၏ ရှင်းရှင်းလင်း လင်းမရှိသော နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီအီနာဂိုအ်တွမ်နှင့် ရုရှား အစိုးရပိုင် လောင်စာကုမ္ပဏီTVEL တို့ သဘောတူညီချက်ရကြသည်ဟု အရာရှိတစ်ဦးက နိုဝင်ဘာ ၂၅ရက် ၌ ဆိုသည်။ ထိုနျူကလီးယားလောင်စာ ရောင်းချပေးရေးမှာ နောက်နှစ်နှစ် အတွင်း ရောင်း ချပေးရေးဖြစ်သည်။ ''ကျွန်တော်တို့ရဲ့ ကန်ထရိုက် လုပ်ငန်းနောက်ဆက်တွဲ သဘော တူညီချက်ကို ၂၀၁၅-၂၀၁၆ ခုနှစ်အ တွင်း လောင်စာရောင်းချပေးရေး...

ကလေးငယ်များကို လိင်အလွဲသုံးမှုဖြင့် ဗြိတန်နိုင်ငံသားကို ထိုင်းရဲ ဖမ်းဆီး

ဗြိတိန်အစိုးရက အလိုရှိနေပြီး ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းအလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရောဘတ် ဒေးဗစ် ဟတ်စ်တင်းစ်ကို ဖမ်းမိပြီလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပြီး သူ့ကိုတော့ ထိုင်းလဝကရဲတွေက အရှေ့မြောက်ပိုင်း ဥဒုံဌာနီခရိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။ ထိုင်းအရှေ့မြောက်ပိုင်းကို ထိန်းချုပ်ရတဲ့ အမှတ် ၄ လူဝင်မှုစစ်တိုင်းရဲ့အကြီးအကဲ...

အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်

 အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေ အများအပြား သိမ်းပိုက် ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံ များကို မျက်စောင်း ထိုးလာ သည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော် အကျယ်အ၀န်း ရည်မှန်း ချက်မှာ မြောက်အာ ဖရိကမှ အရှေ့တောင် အာရှ အထိ ကျယ်ဝန်း သည်။ အထူးသဖြင့် စိမ့်ဝင် ထိုးဖောက်ရန် လွယ်ကူသည့် နိုင်ငံ တစ်ခုမှာ ပါကစ္စတန် နိုင်ငံဖြစ်သည်။ အိုင်အက်စ်တွင် ပျောက်ကြား စစ်ဆင်ရေး လက်နက်များ အပြင်   ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ တင့်ကားများ အပြင် ဂျက်တိုက်...

ဥရောပတွင် စီးပွားရေး ကျဆင်းမှုနှင့် စပ်လျဉ်း၍ ဂျာမနီ ဝန်ကြီးချုပ် မာကယ် သတိပေး ပြောကြား

ဥရောပနိုင်ငံများ အတွင်း၌ စီးပွားရေး အခြေအနေမှာ ပြန်လည် ကျဆင်းလာနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က သတိပေး ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးနေသော ကမ္ဘာ့ ဈေးကွက်များ၏ နောက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် စီးပွားရေးဆိုင်ရာ မူဝါဒများ ပြန်လည် သုံးသပ်ခြင်းကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဥရောပစီးပွားရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲ တစ်ခု တွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်...

Ferguson ဆန္ဒပြမှု တတိယနေ့ဆက်ဖြစ်ပွား

Missouri ပြည်နယ် Ferguson မြို့မှာ အာဖရိကန်-အမေရိကန် လူငယ်တယောက် သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့  လူဖြူရဲအရာရှိကို စွဲချက်တင်မှာ မဟုတ်ဘူးလို့ ဂျူရီအဖွဲ့ဝင်တွေက ဆုံးဖြတ်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေကြပါတယ်။ ဗုဒ္ဓဟူးနေ့က St. Louis မြို့တော်ခန်းမရှေ့မှာ ရာပေါင်းများစွာ စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ လူစုခွဲဖို့ ငြင်းဆန်ခဲ့သူ ၃ ဦးကို ရဲတွေက ထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၁ ဦးကို  ခုခံတိုက်ခိုက်မှုနဲ့ စွဲချက်တင်ထားပါတယ်။ ရဲအရာရှိ...

ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ ဆီးရီးယားပဋိပက္ခမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်တဲ့ ၂၀၁၀ စက်တင်ဘာလက Amos က ရာထူးတာဝန် စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ လူဦးရေတဝက်ဟာ အခု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ဘဝရောက်နေကြပြီး ကနေ့ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု ပဋိပက္ခတွေအနက် အခြေအနေ...

အမေရိကန်ဒေါ်လာအတု ၁.၅ သန်းခန့် ပီးရူးရဲ ဖမ်းမိ

ပီရူးရဲတွေက လီမာမြို့မှာ အမေရိကန်ဒေါ်လာ ၁.၅ သန်းနီးပါး တန်ဖိုးရှိတဲ့  ငွေစက္ကူအတုတွေကို နိုဝင်ဘာ ၂၆ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ဒီငွေစက္ကူအတုတွေကို အမေရိကန်ကိုပို့ဖို့ လုပ်ထားတာလို့ ယုံကြည်ကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ပီရူးဗဟိုဘဏ်ရဲ့ ငွေစက္ကူအတုဌာနက လုပ်ဆောင်တဲ့ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ခုလို စီးနင်းဖမ်းဆီးတာပါ။ ပီရူးငွေနဲ့ ဘိုလီးဗီးယားငွေ စက္ကူအတုတွေကိုလည်း ငွေစက္ကူ အတုထုတ်တဲ့ ပုံနှိပ်စက်တွေနဲ့အတူ သိမ်းဆည်းရမိပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး...

ယီမင်ဓားစာခံကယ်တင်မှု အမေရိကန် အထူးတပ်တွေပါဝင်

အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ဓားစာခံအဖြစ် ဖမ်းထားတဲ့ လူ ၈ ဦးကို ကယ်တင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာက ပထမဦးဆုံး ဖော်ပြခဲ့ရာမှာ အင်္ဂါနေ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး ကယ်တင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန် ကွန်မန်ဒို ၂ ဒါဇင်ခန့်ဟာ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ ယီမင်နိုင်ငံက အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး တပ်ဖွဲ့ဝင်တွေနဲ့ တွဲပြီး လုပ်ဆောင်ခဲ့တယ်လို့...

အိုဘားမားကျေးဇူးတော်နေ့ ကြက်ဆင်ဘေးမဲ့လွှတ်

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ Thanksgiving ကျေးဇူးတော်နေ့အတွက် ညစာချက်စားခံရမယ့်  ကြက်ဆင်နှစ်ကောင်ထဲက တစ်ကောင်ကို အသက်ချမ်းသာခွင့် ပေးလိုက်ပြီး မြောက်ပိုင်း ဗာဂျီးနီးယား ကြက်ဆင်ခြံထဲကို ပို့ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သမီးတွေဖြစ်တဲ့ Sasha နဲ့ Malia တို့ တက်ရောက်ခဲ့တဲ့ အိမ်ဖြူတော် ဗုဒ္ဓဟူးနေ့က အခမ်းအနားမှာ Cheese လို့ အမည်ပေးထားတဲ့ ကြက်ဆင်ကို မစ္စတာ အိုဘားမားက အသက်ချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဓလေ့ကို နှစ်စဉ် ကျေးဇူးတော်နေ့ မကျရောက်မီ တရက်အလိုမှာ...

25.11.14

ပြည်ပတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံနေရသော မြောက်ကိုရီးယားများ

မြောက်ကိုရီးယား အလုပ်သမားများကို သတ္တတူးဖော်ရေးလုပ်ငန်းများတွင်သာ စေခိုင်းနေသည်ဟူသော စွဲချက်များကို မလေးရှားက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်းတို့သည် တာဝန်ကျေပွန်၍ ကျန်းမာ ကြံ့ခိုင်သည့်အတွက် ထိုလုပ်ငန်းများတွင် ပိုမိုလုပ်ကိုင်ခွင့် ရလာခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ် အကုန်က မိုင်းတွင်း ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံသားတစ်ဦး သေဆုံး ပြီးချိန်တွင် မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးက ယခုလို ပြောကြားလိုက်ခြင်း...

အီရန်နျူကလီးယားဆွေးနွေးပွဲအတွက် နောက်ဆုံးအခွင့်အရေး

နှစ်ပေါင်းများစွာ အီရန်နျူက လီးယား သောင်မတင်ရေမကျဖြစ်နေ ခဲ့မှုအတွက် နောက်ဆုံးအခွင့်အရေး အတွက် ဆွေးနွေးမည့် တနင်္လာနေ့ ကို ရောက်ခဲ့ပြီဖြစ်သည်။ အီရန်နှင့် အင်အားကြီးနိုင်ငံများ သဘောတူ ညီချက်တစ်ခုရရှိရန် တွန်းအားပေး ဆွေးနွေးနေကြသည်။ နောက်ထပ် ရက်တိုးမည့်ကိစ္စမှာ စွန့်စားရမှုတစ် ခုဖြစ်လာဖွယ်ရာရှိနေသည်။ ကုလသမဂ္ဂလုံခြုံရေးကောင် စီ အမြဲတမ်းငါးနိုင်ငံနှင့် အပေါင်း တစ်ဂျာမနီနိုင်ငံတို့သည် လပေါင်း များစွာ အီရန်နှင့် တံခါးပိတ်ဆွေး နွေးခဲ့ကြသည်။ ကြားဖြတ်သဘော တူညီချက်တစ်ခုရယူခဲ့ကာ...

အာဖဂန်နစ္စတန် ဘာလီဘော ကစားပြိုင်ပွဲအတွင်း အသေခံဗုံးခွဲ ၅၇ ဦး သေဆုံး

အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း ပတ်တီကာခရိင်တွင်းက ယွာဟှာခေးဒေသမှာ ရာနဲ့ချီတဲ့ ယောက်ျားလေးတွေ တက်ရောက်နေတဲ့ ဘောလီဘော ကစားပြိုင်ပွဲအတွင်း အသေခံဗုံးခွဲ မှုကြောင့် သေဆုံးသူဦးရေ ၅၇ ယောက်ရှိသွားလို့ ဒေသခံအစိုးရအရာရှိတွေက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောပါတယ်။ တခြားလူအယောက် ၆၀ လောက်လည်း ဒဏ်ရာရခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ညနေ ၄ နာရီခွဲလောက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ၂၀၁၁ကနေ ခုထိ တကြိမ်တည်းမှာ လူသေမှုအများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။ ဒဏ်ရာရသူ ၅၄...

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီ၏ ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုခုံရုံးမှ သေဒဏ်စီရင်

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီရဲ့ ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုခုံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က သေဒဏ် စီရင်လိုက်ပါတယ်။ ပါကစ္စတန်ကနေ ခွဲထွက်လွတ်လပ်ရေးယူတဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ခုလို အပြစ်ပေးတာပါ။ အသက် ၆၄ နှစ်အရွယ် ဒေသခံခေါင်းဆောင် မူဘာရတ်ဟူစိန်ကို လက်ရှိ အာဏာရ အဝါမီအသင်းချုပ်ပါတီကနေ ၂၀၁၁ ခုနှစ်က ထုတ်ပယ်ခဲ့တာပါ။ သူဟာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု နှိပ်စက်မှုတွေ ကျူးလွန်ကြောင်း...

မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ အဆင်တန်ဆာတွေကို နိုင်ငံတကာစင်မြင့်မှာ တွေ့ရတော့မည်

လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့က ဒီဇင်ဘာ ၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့ မှာကျင်းပသွားမယ့် နိုင်ငံတကာ အလှမယ် စင်မြင့်တခုမှာ မြန်မာအလှမယ်တဦးကတော့ ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံ (Nationla Costume) ပြိုင်ပွဲမှာ မြန်မာ့တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအလှအပတွေ၊ ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အတူ မြန်မာပြည် ကိုယ်စားပြုသွားဦးမှာပါတဲ့။  မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်နေတဲ့ တိုင်းရင်းသားပေါင်းစုံတွေရဲ့ ထူးခြားတဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေကို ၀တ်စုံတခုတည်းမှာ ထည့်သွင်းဖန်တီးသွားမယ်လို့သိရပါတယ်။ ဒီ...

ဟီလာရီကလင်တန်သည် ကြီးမြတ်သော အမေရိကန်သမ္မတ ဖြစ်မည်ဟု အိုဘားမား ချီးမွမ်း

အမေရိကန် အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ယခင်သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ ဟီလာရီကလင်တန် အနေနှင့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည် ဆိုပါက ၎င်းသည် ဂုဏ်သရေ ကြီးမားပြီး ထူးချွန်ထက်မြက်သည့် သမ္မတကြီးတစ်ဦး ဖြစ်လာလိမ့်မည် ဖြစ်သည်ဟု သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း အမေရိကန် သတင်းဌာနများက ရေးသားဖော်ပြသည်။ သမ္မတ အိုဘားမားသည် ABC ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ အထက်ပါအတိုင်း ဟီလာရီကလင်တန်ကို...

ထိုင်းဘုရင်ကို အကြည်ညိုပျက်စေမှုဖြင့် အယ်ဒီတာတစ်ဦးအား ထောင်ဒဏ်ချမှတ်

ထိုင်း E-news သတင်းဝက်ဘ်ဆိုက်မှ အယ်ဒီတာ နတ်ရမ်ဝေါင်အား ထိုင်းဘုရင်ကို အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်လေးနှစ်ခွဲ ချမှတ်လိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ လွန်ခဲ့သည့် ၅ နှစ်ကြာက E-news တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်မှာ ထိုင်းဘုရင်ဘူမိဘောကို အကြည်အညိုပျက်စေခြင်းကြောင့် ထိုင်းစစ်ခုံရုံးတစ်ခုက နတ်ရမ်ဝေါင်အား ထောင်ဒဏ် လေးနှစ်ခွဲကျခံရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နတ်ရမ်ဝေါင်က အသနားခံခဲ့၍ ပြစ်ဒဏ်ကို တစ်ဝက်လျှော့ပေးလိုက်ကြောင်း...

တရားရုံး စီရင်ချက်ကို မကျေနပ်သဖြင့် အမေရိကန်နိုင်ငံ၊ ဖာဂူဆန်မြို့တွင် ဆန္ဒပြ အုံကြွမှုများ ဖြစ်ပွား

အာဖရိကန်-အမေရိကန် ဆယ်ကျော်သက် တစ်ဦးကို လူဖြူရဲအရာရှိ တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး တရားသူကြီး တစ်ဦးက ရဲအရာရှိကို စွဲချက်တင်ရန် အခြေအနေ မရှိကြောင်း စီရင်ချက် ချမှတ်လိုက်ပြီးနောက် အမေရိကန်နိုင်ငံရှိ ဖာဂူဆန်မြို့တွင် ဆူပူအုံကြွမှုများ ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။ အသက်(၁၈)နှစ်အရွယ် မိုက်ကယ်ဘရောင်း သေဆုံးခဲ့စဉ်ကလည်း ဖာဂူဆန်တွင် အုံကြွမှုများ ဖြစ်ပေါ်ပြီး မြို့ခံ အာဖရိကနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။...

နိုင်ငံရေးလောကသို့ ပြန်ဝင်ရန် ယင်လတ်စဉ်းစားနေ

ခွင့်ပြုချက်ရမည်ဆိုလျှင် ၂ဝ၁၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် စီ စဉ်ထားသည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာက ဆိုသည်။ သူမသည် သူမ၏အစ်ကို သက်ဆင်ရှင်နာဝပ်ထရာကဲ့သို့ပင် စစ် တပ်က အာဏာသိမ်းဖယ်ရှားသော ကြောင့် သူမ၏အုပ်ချုပ်ရေးပြိုလဲ ပျက်စီး အဆုံးသတ်မည်ဆိုသည်ကို သူမဝန်ကြီးချုပ်ဖြစ်လာသည့်နေ့က တည်းက သိထားခဲ့ကြောင်း ဝန်ကြီး ချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပထမဆုံးလူထု တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် ယင်လတ်ကဆိုသည်။ ''စစ်တပ်က...

တရုတ်တွင် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများ ဖမ်းမိ

တရုတ်နိုင်ငံ မြောက်ပိုင်းက မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာ လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အမျိုးသမီး ၃၁ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ လူကုန်ကူးခံရသူ ၁၄ ယောက်ထဲက ၁၁ ယောက်ဟာ မြန်မာအမျိုးသမီးတွေဖြစ်တယ်လို့ တရုတ် ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။ အဖမ်းခံရတဲ့ နိုင်ငံခြားသူ ၅ ယောက်ဟာ အသက် ၁၈ နှစ် မပြည့်သေးသူတွေဖြစ်ကြပြီး မြန်မာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ဒေသခံ မီးရထားပြည်သူ့လုံခြုံရေးဌာနက ရဲအရာရှိတစ်ဦးကသတင်းမှာ...

နီပေါနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူ (၄၇) ဦးတွေ့ရှိ

နီပေါနိုင်ငံရဲ့ အနောက်ပိုင်းမှာရှိတဲ့ မြစ်တစ်စင်းထဲ ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီးတဲ့နောက် နီပေါအာဏာပိုင်တွေက သေဆုံးနေတဲ့ အလောင်း (၄၇) လောင်းတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြသပတေးနေ့က ထွန်စက်တစ်စီးကို ရှောင်တိမ်းဖို့ လမ်းကြောင်းပြောင်းလိုက်တဲ့ အချိန်မှာ Jajarkot ဒေသက တောင်ပေါ်လမ်းတစ်နေရာမှာ လမ်းချော်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီဘတ်စ်ကားရှိရာဆီ အရောက်သွားဖို့နဲ့ အသက်ရှင်နေသေးသူတွေကို ကယ်တင်ဖို့ ကြိုးစားမှုတွေ လုပ်ဆောင်ရာမှာ နေရာဒေသ အလှမ်းဝေးဖြစ်နေခြင်းနဲ့...

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရာထူးက နုတ်ထွက်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချာ့ခ်ျဟေဂယ်ဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အကြီးအကဲအဖြစ် ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်မှု အဆုံးသတ်ပြီး ရာထူးက နုတ်ထွက် သွားပြီလို့ အမေရိကန်အရာရှိတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။ ကျန်ခဲ့တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲအပြီး သမ္မတဘားရတ်အိုဘားမားရဲ့ ဒီမိုကရက်ပါ တီဝင်တွေ လွှတ်တော်မှာ အရေးနိမ့်ခဲ့အပြီး ခုလို နုတ်ထွက်တာပါ။ ၂၀၁၃ ကြားနာပွဲ အတည်ပြုအပြီး ဟေဂယ်က သူနဲ့ လွှတ်တော်ကြား ဆက်ဆံရေးတိုးတက်အောင် ရုန်းကန်ခဲ့ပါသေးတယ်။ အောက်တိုဘာမှာ...

၉/၁၁ အရေးအခင်းပြီးနောက် ဗြိတိန် လုံခြုံရေး ခြိမ်းခြောက်မှု ရင်ဆိုင်နေရ

ဗြိတိန်ဟာ အမေရိကန်က ၂၀၀၁ စက်တင်ဘာ ၁၁ အရေးအခင်းဖြစ်တည်းက ခုထိ အကြီးဆုံးလုံခြုံရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်လို့ ပြည်ထဲရေးဝန်ကြီး ထရေစာမေက နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။ အစိုးရဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို လာမဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ကြေညာပါတယ်။ နိုင်ငံခြားမှာ တိုက်ခိုက်နေတဲ့ ဗြိတိန်အရေအတွက်က ဗြိတိန်လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုတရပ်အဖြစ် ထင်ရှားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဥပဒေသစ်ဟာ ဗြိတိန်နိုင်ငံသားတွေက...

အီရန် နျူကလီယားဆွေးနွေးပွဲ ဇူလိုင် ၂၀၁၅ အထိ ရက်တိုး

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်ရရှိရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ညှိနှိုင်း ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်သပ်မှတ်ရက် ကို ရှေ့လာမည့် နှစ်ထဲအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ပြသနာတချို့မှာ တိုးတက်မှုတွေရရှိခဲ့ပြီး ကမ္ဘာကြီး လုံခြုံစိတ်ချမှုရရှိစေရေးအတွက် သဘောတူညီမှုရရှိနိုင်ဖို့ သံတမန်တွေအနေနဲ့ ကြိုးစားနေရာမှာ နီးစပ်မှုရှိနေပြီလို့...

ကာကွယ်ရေးဝန်ကြီး အစားထိုးခန့်တဲ့အထိ Hagel တာဝန်ဆက်ထမ်းမည်

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ နှစ်နှစ်နီးပါးတာဝန်ထမ်းဆောင်ပြီးတဲ့အနောက် အခု ရာထူးကနေ နုတ်ထွက်သွားပါပြီ။ Chuck Hagel ကိုယ်တိုင် သူ့ရဲ့တာဝန်ပြီးဆုံးချိန်ရောက်နေပြီလို့ ပြီးခဲ့တဲ့လကတည်းက အသိပေးပြောဆိုခဲ့တဲ့အကြောင်း တနင်္လာနေ့ ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုးဘာမားက ပြောသွားပါတယ်။ အီဘိုလာရောဂါတိုက်ဖျက်ရေးအပါအ၀င် IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေအပေါ် အမေရိကန် အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေမှာ ၀န်ကြီး Hagel...

နိုင်ငံတွင်း ပလိပ်ရောဂါကူးစက်ပြန့်ပွားနေကြောင်း မဒါဂတ်စ်ကာဝန်ကြီးချုပ် အတည်ပြု

မဒါဂတ်စ်ကာဝန်ကြီးချုပ် ကိုလို ခရစ်စတော့ဖ် လောရန့်ရိုဂျာက သူ့နိုင်ငံတွင်း ပလိပ်ရောဂါ ကူးစက်ပြန့်ပွားနေကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ အစောပိုင်း ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာခဲ့တာပါ။ နိုင်ငံတွင်း သြဂတ်စ်လ နှောင်းပိုင်းကစပြီး ပလိပ်ရောဂါကြောင့် လူ ၁၁၉ ယောက်ကို ကူးစက်ခဲ့ပြီး အယောက် ၄၀ သေဆုံးခဲ့တယ်လို့ WHO က နိုဝင်ဘာလ ၂၁ ရက်နေ့က ကြေညာပါတယ်။ ပလိပ်ရောဂါဟာ ဘက်တီးရီးယားကနေ ကူးစက်တာဖြစ်ပြီး ရှဥ့်နဲ့ ကြွက်တို့ကိုယ်မှာရှိတဲ့...

ကုလဆုံးဖြတ်ချက် ထောက်ခံတဲ့နိုင်ငံတွေ မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့တလောကဆုံးဖြတ်ချက်ကို ထောက်ခံကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံရမယ်လို့ မြောက်ကိုရီးယားက ပြင်းထန်တဲ့စကားလုံးတွေနဲ့ ကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။ ဒီလို လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်တာဟာ မကြာခင်မှာပဲ nuclear စမ်းသပ်မှုတခုလုပ်ဖို့ရှိတယ်ဆိုတာ အချက်ပေးလိုက်သလို ဖြစ်ပါတယ်။ မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေးကော်မရှင်က ရှားရှားပါးပါးထုတ်ပြန်သွားတဲ့...

24.11.14

အမေရိကန်သမ္မတသစ်နေရာ ဆက်ခံမည့်သူအကြောင်း အိုဘားမား ပြောဆို

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ လွှတ်တော်ပြောခွင့်ရ ရီပတ်ဘလီကန် ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး လူတွေ့မေးမြန်းခန်းမှာ အမေးခံရပေမယ့် အရေးမစိုက်ဘဲ နောင်လာမယ့် သမ္မတရွေးကောက်ပွဲမှာ သူနေရာကို ဆက်ခံမယ့်သူအကြောင်း ပြောခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်လွှင့်တဲ့ အေဘီစီရုပ်သံရဲ့ လူတွေ့မေးမြန်းခန်းမှာ လွှတ်တော်ပြောခွင့်ရ ဂျွန်ဘေးနားက အိုဘားမားဟာ ဧကရာဇ်ဘုရင်တဆူလို အကြွင်းမဲ့ အာဏာကို သုံးပြီး အထောက်အထားမဲ့ အမေရိကန်ထဲမှာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ...

မြောက်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

မြောက်ကိုရီးယားတို့ တောင်ကိုရီးယားကို ချီတက်တိုက်ခိုက်တဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြ ပါတယ်။ ယင်း စစ်ရေးလေ့ကျင့်မှုဟာလည်း ခေတ်သစ်မှာ မြောက်ကိုရီးယားကို ဘယ်လို ချီတက် တိုက်ခိုက်သိမ်းပိုက်နိုင်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး တောင် နဲ့ မြောက်ကိုရီးယား ကြားမှာ ရှိတဲ့ မြောက်ကိုရီးယား ရေပိုင်နက် တစ်ခုမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရသလိုပဲ Hover လှေနဲ့ သင်္ဘောများ ဘယ်လို...

အီရတ်လုံခြုံရေးတပ်များ၏ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ အရှိန်မြှင့်

အီရတ်လုံခြုံရေးတပ်တွေနဲ့ ကာဒစ်ရှ်တပ်တွေဟာ အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ အသာစီးရမှုတွေကို စတင် တွန်းလှန်နိုင်လာခဲ့ပြီး လတ်တလော အောင်ပွဲတွေ အကြမ်းဖက်မှု ဆန့်ကျင်ရေး ခုခံနိုင်စွမ်း အရှိန်အဟုန် တက်လာတာကို ပြနေတယ်လို့ အီရတ်နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။ ဒီနှစ် ဇွန်လက စပြီး အီရတ်မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို သိမ်းခဲ့တဲ့ အစွန်းရောက် အုပ်စုတွေဟာ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်ရဲ့ ကီလိုမီတာ ၁၀၀ တောင် မဝေးတော့တဲ့ နေရာထိ သိမ်းပိုက်နိုင်ခဲ့တာပါ။ Irqလပေါင်းများစွာ...

အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် အီတလီနိုင်ငံသား ၄ ဦးကို သူတော်စင်ဘွဲ့ အပ်နှင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အိန္ဒိယနိုင်ငံသား ၂ ယောက်နဲ့ အီတလီနိုင်ငံသား ၄ ယောက်ကို သူတို့ရဲ့ ဆင်းရဲသားတွေကို ကူညီရေး ဖန်တီးနိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေ ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့က သူတော်စင်ဘွဲ့ အပ်နှင်းလိုက်ပါတယ်။ Popအိန္ဒိယနိုင်ငံ ကယ်လာရာပြည်နယ်က ခရစ်ယာန်သီလရှင်တပါး၊ အိန္ဒိယသင်းအုပ်ဆရာ တယောက်၊ ဗီယာဇင်ဆာသင်းအုပ်ဆရာဟောင်းနဲ့ ဖရန်စစ်စကန်အဖွဲ့ဝင် ၃ ယောက်ကို ကက်သလစ်သူတော်စင် စာရင်းထဲမှာ ထပ်ဖြည့်ခဲ့တာပါ။ စိန့်ပီတာဘုရားကျောင်းက အသစ်စက်စက်...

ရုရှားအစိုးရ အပြောင်းအလဲ ဖြစ်အောင် အမေရိကန်နှင့် အနောက်နိုင်ငံများ ကြိုးပမ်းလျက်ရှိဟု ရုရှားစွပ်စွဲ

ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခကို အကြောင်းပြပြီး အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်နေခြင်းသည် ရုရှားအစိုးရ အပြောင်းအလဲဖြစ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က စွပ်စွဲပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများသည် ယူကရိန်း ပြဿနာကို အကျိုးရှိရှိ ဝင်ရောက်အသုံးချပြီး ရုရှားအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ...

မြောက်ကိုရီးယားအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်အား ထောက်ခံသူများ အန္တရာယ်များသောအကျိုးဆက်ရမည်ဟု မြောက်ကိုရီးယားက သတိပေး

မြောက်ကိုရီးယား၏ လူ့အခွင့် အရေးမှတ်တမ်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ နောက်ဆုံးပြင်းထန်စွာ အပြစ်တင်ဝေဖန်ခြင်းကို ထောက်ခံ သူများသည် အန္တရာယ်များသော အ ကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု မြောက် ကိုရီးယား၏ ထိပ်တန်းစစ်ဘက်အ ဖွဲ့အစည်းတစ်ရပ်က သတိပေးလိုက် ကြောင်း သိရသည်။ ဤအတောအ တွင်း မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုအသစ်ပြုလုပ်ရာ ခေါင်း ဆောင်ကင်ဂျုံအန်က ဦးဆောင် သည်ဟု နိုင်ငံပိုင် မီဒီယာကဖော်ပြ သည်။ မြောက်ကိုရီးယားအား လူ့အ ခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုဖြင့် နိုင် ငံတကာ...

21.11.14

ကျုံ့နိုင်၊ ကျယ်နိုင်သည့် အဆောက်အဦပုံစံ စပိန်ကျောင်းသားများ ချပြ

အနာဂတ်မှာ အပူကြောင့် ကျုံ့နိုင် ကျယ်နိုင် ပုံစံပြောင်းအောင် လုပ်နိုင်တဲ့ အဆောက်အဦတွေရဲ့ ပုံစံကို စပိန်နိုင်ငံ ဘာစီလိုနာတက္ကသိုလ် ဗိသုကာ သုတေသန ကျောင်းသားတွေက ပုံစံထုတ် ချပြခဲ့ပါတယ်။ အဆောက်အဦတွေဟာ တောင့်တင်းခိုင်မာပြီး တည်ငြိမ် အခြေကျရမယ်လို့ အရင်က ယူဆခဲ့ဖူးတာပါ။ ဘာစီလိုနာ အဆင့်မြင့်ဗိသုကာတက္ကသိုလ်(အိုင်အေအေစီ) က သုတေသနအဖွဲ့ဝင် အေ့စ်တန်ကယ်က “ကျုံ့နိုင်ချဲ့နိုင်သလို နဂိုမူရင်းပုံစံကို ပြန်ရောက်နိုင်တဲ့ ပစ္စည်းကို ရှာနေတယ်”လို့...