ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.6.16

ပြည်ပပို့ကုန်များအနက် လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်စည်အမျိုးအစားပေါင်း ၂၆၀ ကျော် မကြာမီ ထုတ်ပြန်မည်

မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များအနက် လိုင်စင်လျှောက်ထားရန် မလိုသည့်ကုန်စည် အမျိုးအစားပေါင်း ၂၆၀ ကျော် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါ ကုန်စည်များနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများနှင့် ဆွေးနွေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသ...

Brexit နောက်ပိုင်း နိုင်ငံရဲ့ ရှေ့ရေးအတွက် အစီအစဉ်တွေ ပြင်ဆင်ရေးဆွဲထားတယ်လို့ ဗြိတိန်ဘဏ္ဍာရေး ၀န်ကြီးပြော

ဥရောပသမဂ္ဂကနေ ထွက်ဖို့ မဲပေးဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်းဖြစ်လာနိုင်မယ့် အခြေအနေတွေကို ခုခံကိုင်တွယ်ရင်ဆိုင်နိုင်ဖို့ မိမိတို့နိုင်ငံအနေနဲ့ ပြင်ဆင်ထားပြီးပြီဖြစ်တယ်လို့ ဗြိတိန် ဘဏ္ဍာရေး ၀န်ကြီး George Osborne ကပြောသွားပါတယ...

အစိုးရသစ်လက်ထက်မှာ MIC က ပထမဦးဆုံးအကြိမ် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ကော်မရှင် အစည်းအဝေး ( ၁၂/၂၀၁၆) မှ ခွင့်ပြုခဲ့ပါတယ်လို့ သိရပါတ...

သံတမန်များကို ရုရှတို့က ခြိမ်းခြောက် နှောင့်ယှက်နေသည်ဟု အမေရိကန် စွပ်စွဲ

ရုရှ နိုင်ငံ မော်စကိုရှိ အမေရိကန် သံတမန်များနှင့် မိသားစုဝင်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို ရုရှတို့ဘက်က တိုးမြင့်လုပ်ဆောင်လာနေလျက်ရှိပြီး ယင်းအခြေအနေများအပေါ် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်သည...

ဥရောပသမဂ္ဂမှ နုတ်ထွက်သော်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မပြောင်းလဲဟု ဗြိတိန်သံရုံး သတင်း ထုတ်ပြန်

မဲခွဲဆုံးဖြတ်မှုအပြီး ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြောင်းလဲသွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည...

တရုတ်နိုင်ငံ၌ ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး ဖန်တံတား ကြံ့ခိုင်မှုစမ်းသပ်စစ်ဆေး

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်ယွေ့ကျီ ဒေသ၌ ကမ္ဘာ့အရှည်လျားဆုံးနှင့် အမြင့်ဆုံးဒေသတွင် တည်ဆောက်ထားသည့် ဖန်သားမျက်နှာပြင်သုံးတံတားတစ်စင်း၏ခံနိုင်ဝန်အားကို သိရှိနိုင်ရန် နှစ်တန်အလေး ချိန်ရှိ ကုန်တင်ယာဉ်တစ်စီးကို ဖြတ်သန်းမောင်းနှင်ကာ စမ်းသပ်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါတံတားမှာ အလျားမီတာ ၄၃ဝ ရှိပြီး မြေပြင်အထက် မီတာ ၃ဝဝ ရှိ အမြင့်တွင် ကျောက်တောင် စွန်းနှစ်ခုကို ဖြတ်သန်းကာ တည်ဆောက်ထားသည...

28.6.16

စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီအုပ်စုက စံချိန်တင်ဝင်ငွေရရှိခဲ့

FMI ကုမ္ပဏီအုပ်စုက စုစုပေါင်း ၀င်ငွေ ကျပ် ၁၁၀ ဘီလီယံ ကျော်စံချိန်တင်ဝင်ငွေရရှိခဲ့တယ်လို့ ယးကုမ္ပဏီအုပ်စုက ယနေ့မှာကြေညာထုတ်ပြန်လိုက်ပါတယ...

RCEP ကုန်သွယ်မှုစာချုပ် ချုပ်ဆိုမယ့် နိုင်ငံတွေအကြားကုန်သွယ်မှုပိုင်း မှာအခွန်အကောက်တွေ ဖယ်ရှားဖို့ အာဆီယံတိုက်တွန်းမည်

ဒေသတွင်း အားလုံးပါဝင်တဲ့ စီးပွားရေး ပူးပေါင်းမှု သဘောတူစာချုပ် (RCEP) ပါ နိုင်ငံပေါင်း ၁၆ နိုင်ငံအတွင်း ကုန်ပစ္စည်း ကုန်သွယ်မှု၉၂ ရာခိုင်နှုန်းလောက်ကို အခွန်အကောက်တွေ ဖယ်ရှားဖို့ အာဆီယံ အုပ်စုဘက်က အဆိုပြုတိုက်တွန်းသွားဖို့ရှိပါတယ်။...

ဘရက်ဇစ်အလှုပ်နှင့် မြန်မာအပေါ်သက်ရောက် နိုင်ခြေ

လူထုခေါင်းဆောင် နိုင်ငံ့ ခေါင်းဆောင်၏ထိုင်းနိုင်ငံခရီးစဉ် အောင်မြင်မှုသတင်းတွေအကြား စီးမျောဝမ်းသာနေရသောနေ့ရက်များအတွင်း ကမ္ဘာကို ကိုင်လှုပ်လိုက်သလိုဖြစ်သွားသည့်ကိစ္စ တစ်ရပ်လည်းဖြစ်ပေါ်ခဲ့ပါ၏။ အောက်စ်ဖို့ဒစ်ဂျစ်တယ်အဘိဓာန်၌ပင် ဝေါဟာရသစ်တစ်လုံးထပ် တိုးလိုက်ရပြီး ကမ္ဘာ့မီဒီယာအများစုမျက်နှာဖုံးသတင်းဖြစ်ခဲ့သော ဘရက်ဇစ် (Brexit) ဖြစ်သည်။ ဗြိတိန် (အင်္ဂလန်)နိုင်ငံဥရောပသမဂ္ဂမှထွက်သည့် (Br နှင့် Exit ကို ပေါင်းလိုက်၍) ဟူသော အဓိပ္ပာယ်။ ဇွန်လ ၂၃ ရက် ဗြိတိန်လူထုဆန္ဒခံယူပွဲတွင်...

ပြည်ပတွင် အကျဉ်းကျနေသောနိုင်ငံသားများအား မြန်မာသံရုံးက အကာအကွယ်ပေးရန်နှင့် ထောင်ဝင်စာမှန်မှန်ပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 ပြည်ပနိုင်ငံများတွင် အကျဉ်းကျနေသော နိုင်ငံသားများ အား မြန်မာသံရုံးများက အကာအ ကွယ်ပေးရမည်ဖြစ်ပြီး ထောင်ဝင် စာမှန်မှန်သွားတွေ့ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။ ဇွန်လ ၂၅ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ မြန်မာ အသင်းအဖွဲ့အစည်းများနှင့်တွေ့  ဆုံစဉ် ထိုင်းနိုင်ငံ ဘန်ခွမ်အကျဉ်း ထောင်တွင် အကျဉ်းကျ မြန်မာ နိုင်ငံသားများ ထောင်ဝင်စာလာ တွေ့သူမရှိသောကြောင့် အခက် အခဲဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန် ရက် (MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက  တင်ပြရာ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြား...

စွန့်ပစ်အမှိုက်မှလျှပ်စစ်ထုတ်မည့် စက်ရုံအတွက် လိုအပ်စက်ပစ္စည်းများ ဂျပန်နိုင်ငံမှ စတင်ရောက်ရှိ

 စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မည့်စက် ရုံတည်ဆောက်ရန် ဂျပန်နိုင်ငံမှ မှာယူထားသည့် စက်ပစ္စည်းများ အားလုံး ရောက်ရှိပြီဖြစ်ကြောင်း သိရသည...

မလေးရောက်မြန်မာ တရားမဝင်အလုပ်သမား ၁၇၀၀ ကျော်ကို နှစ်လအတွင်း တရားဝင်ဖြစ်ခွင့် အတွက် ဝန်ဆောင်မှုပေးမည်

မလေးရှားနိုင်ငံရောက် တရားမဝင် (OVER STAY) အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် ဝန်ဆောင်မှုပေးနေရာ ကျန်ရှိသည့် အလုပ်သမား ၁၇၀၀ကျော်ကို နှစ်လအတွင်း အပြီးဆောင်ရွက်ပေးမည်ဟု Diamond  Place service  ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသိန်းသန်းက ပြောသည...

ဗြိတိန် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးဆန္ဒခံယူပွဲအပြီး လေး ရက်အကြာ FMI ၏ ရှယ်ယာဈေး ကြမ်းခင်းဈေးအောက် ကျဆင်း

ဇွန်လ ၂၄ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ဆက်ထွက်ခွာရန် သေချာသွားပြီဆိုသည့် ဆန္ဒခံယူပွဲရလာဒ်ကြောင့် စတာလင်ပေါင်ဈေးနှုန်း စံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်အနေနှင့် ယင်းတစ်နေ့တည်းမှာပင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံလောက် ဆုံးရှုံးခဲ့သည...

မြန်မာနှင့်နယ်သာလန် နှစ်နိုင်ငံလေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုး၊ နှစ်နိုင်ငံအကြား တစ်ပတ် ခုနစ်ကြိမ်ပျံသန်းမည်

မြန်မာနှင့်နယ်သာလန်နိုင်ငံတို့ကြား နှစ်နိုင်ငံ လေကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည...

ဆီးရီးယားသူပုန်များထံ စီအိုင်အေပေးပို့ခဲ့သော လက်နက်များ မှောင်ခိုဈေးကွက်သို့ ရောင်းချခဲ့ဟုဆို

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ)နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ဆီးရီးယားသူပုန်များအတွက် ဂျော်ဒန်နိုင်ငံသို့ တင်ပို့ပေးခဲ့သော လက်နက်များကို ဂျော်ဒန် ထောက်လှမ်းရေး အရာရှိများက ခိုးယူကာ မှောင်ခိုဈေးကွက်တွင် လက်နက်ကုန်သည်များထံ ရောင်းချခဲ့ကြောင်း အမေရိကန်နှင့် ဂျော်ဒန် တာဝန်ရှိသူများအား ကိုးကားလျက် နယူးယောက်တိုင်း သတင်းစာက ရေးသားဖော်ပြသည်။ သို့ရာတွင် သတင်းစာပါ ဖော်ပြချက်နှင့်ပတ်သက်၍ စီအိုင်အေက လတ်တလောဝေဖန် ပြောကြားခြင်းမရှိေ...

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်မည်

အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း(CLMVT) ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေး ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည...

24.6.16

ပြည်တွင်းလိုအပ်ချက်အတွက်သာ သစ်ကုန်ကြမ်းများကို ထုတ်လုပ်သွားမယ်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းနဲ့ သစ်မာ ထုတ်လုပ်မှုကိုလုံးဝရပ်နားကာ နောက်လာမည့် နှစ်များမှာ တောထွက်ပမာဏကိုသိသိသာသာလျော့ချညပီး ပြည်တွင်းလိုအပ်ချက်အတွက်သာထုတ်လုပ်သွားမယ်လို့ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ကသိရပါတယ...

Free Permit အတွက် နယ်မှ မှတ်ပုံတင် ငှားရမ်းပြီး ပြန်မပေး၍ အငြင်းပွား

ရန်ကုန်မြို့တွင် နေထိုင်ပြီး Free Permit ဖြင့် ကားတင်သွင်းလိုသူများသည် မိတ္ထိလာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ မြို့နှင့် နီးစပ်သော ကျေးရွာများတွင် နေထိုင်သော အခြေခံ လူတန်းစားများ၏ မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း) များကို ငွေကြေးပေး၍ ငှားရမ်းနေကြပြီး အချို့ ငှားရမ်းသူများ၏ စာရွက်စာတမ်းများ ပြန်မရကြောင်း မြို့ခံမော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည...

တားမြစ်နယ်မြေ ပြည်ပဧည့်သည်များသွား၍ ပြဿနာဖြစ်လျှင် လိုက်ပို့သူကို အရေးယူမည်

ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များအတွက် မသွားရနေရာများ သတ်မှတ်ထားရာ ယင်းနေရာများသို့ နိုင်ငံခြားသားများကို လိုက်ပို့ပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက လိုက်လံပို့ဆောင်သူကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။...

ထိုင်းရောက်မြန်မာအလုပ်သမားအများစု ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရခဲ့

  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အဖြစ် ဇွန် ၂၃ ရက်တွင် ဘန်ကောက်လေဆိပ်သို့ ရောက်ရှိရာ ထိုင်းဒုတိယဝန်ကြီးချုပ် Somkid Jatusripitak နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့က ကြိုဆိုကြသည...

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နာတူနာကျွန်းစုသို့ စစ်သင်္ဘောဖြင့် သွားရောက်

နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို အထင်အရှားပြသရန် ရည်ရွယ်လျက် အင်ဒိုနီးရှား သမ္မတဂျိုကို ဝီဒိုဒိုသည် စစ်သင်္ဘောတစ်စင်းဖြင့် လိုက်ပါကာ နာတူနာ ကျွန်းစုသို့ ဇွန် ၂၃ ရက်တွင် သွားရောက်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည...

မြစ်ကြီးနားမြို့၌ မတော်တဆကျည်ပေါက်ထွက်သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားနှစ်ဦးသည် လုံခြုံရေးတာဝန်ခံအရာရှိ၏တာဝန်ပေးချက်အရ နှောင့်ယှက်ခံရသည့်လူငယ်လေးဦးကို ကူညီလိုက်ပါပို့ဆောင်စဉ် လူရှစ်ဦးက လုံးထွေးထိုးကြိတ်ပြီး သေနတ်လုယူရာမှ မတော်တဆကျည်ပေါက်ထွက်ပြီး မောင်ဂွမ်ဆိုင်းအောင် ထိမှန်သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည...

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီ စစ်တွေမြို့တွင်းလေ့လာ

ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် ယနေ့နံနက် ၈ နာရီခွဲက စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်တိုင်းရင်းသားကယ်ဆယ်ရေး စခန်းသို့ သွားရောက်လေ့လာသည...

23.6.16

နိုင်ငံတော်ကာကွယ်ရေးမှာ စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ အမျိုးဘာသာ သာသနာပါ ပါဝင်ကြောင်း တပ်ချုပ်ပြော

 နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ စစ်ရေးတစ်ခုတည်း မဟုတ်ဘဲ တိုင်းပြည်၏ သယံဇာ တများကို ကာကွယ်ခြင်း၊ ယဉ် ကျေးမှုအရ၊ လူမှုရေးအရ၊ အမျိုး ဘာသာ သာသနာကို ကာကွယ် ခြင်းစသည်တို့ ပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည...

IS အဖွဲ့ဝင်ဟု သတင်းထွက်ပေါ်နေသော ဖင်လန်နိုင်ငံမှ ဝင်ရောက်လာသူ ငါးဦးကို စစ်ဆေး

ဖင်လန်နိုင်ငံ ဒုက္ခသည်စခန်း တစ်ခုမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော IS အဖွဲ့ဝင်များဟု လူမှုကွန်ရက်တွင် သတင်းထွက်ပေါ်နေသည့် မိသားစုဝင် ငါးဦးကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ပဲခူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည...

မြန်မာ နှင့် အီးယူအကြား လက်နက်ရောင်းဝယ်မှုမပါတဲ့ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ဥရောပသမဂ္ဂစဉ်းစားနေ

မြန်မာအစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုနှင့် ပတ်သက်၍ ဥရောပသမဂ္ဂက ထောက်ပံ့ပေးသွားရန် အစိုးရကိုစောင့်ကြည့်နေကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU)သံအမတ်ကြီး Mr.Roland Kobia က ပြောသ...

ရခိုင်ပြည်သူများ၏ မိတ်ဆွေအစစ်မှန် တစ်ဦးအနေနှင့် လာရောက်ခြင်းဟု ကုလ ကိုယ်စားလှယ်ပြော

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee သည် ရခိုင်ပြည်နယ်ကို အစိုးရသစ်လက်ထက်မှာ ပထမဆုံးခရီးစဉ်အဖြစ် ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီက စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး စစ်တွေလေဆိပ်အတွင်းရှိ ဧည်ခန်းဆောင်တွင် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဖွဲ့နှင့် တွေ့ဆုံခဲ့သည...

လက်နက်ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းနိုင်ရေး တောင်းဆို၍ အမေရိကန် အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်အမတ်များ ထိုင် ဆန္ဒပြ

အမေရိကန် နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျင်း၍ ရီပတ်ပလစ်ကန်တို့ ဦးဆောင်ထားသော ကွန်ဂရက် လွှတ်တော်ထဲတွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေး တောင်းဆိုကာ ဇွန်လ ၂၂ ရက်က အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်အမတ်များက ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည...

ထိုင်းနိုင်ငံထုတ် LPG ဓာတ်ငွေ့ ယာယီရပ်ဆိုင်းထားရာမှ ပြန်လည်တင်သွင်းခွင့်ပြု

ရေနံဓာတ်ငွေ့ရည် သယ်ယူသည့် ဘောက်ဆာယာဉ်လေးစီးကို ယခုလ ၁၄ ရက်တွင် မြဝတီနယ်စပ်ဒေသ ရေနံသဘာဝဓာတ်ငွေ့ LPG လုပ်ငန်းရှင်များအသင်းမှ အသင်း၏စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ် သဖြင့် တားဆီးခဲ့ခြင်းကြောင့် ရေနံသဘာဝဓာတ်ငွေ့ LPG တင်သွင်းခွင့် ယာယီရပ်ဆိုင်းခဲ့ရပြီး ဇွန် ၁၇ ရက်မှ စတင်၍ မဲဆောက်ကမ်းနဖူးသို့ရောက် ရှိလာသော မြန်မာဘက်ကူးမည့် ထိုင်း LPG တင်ဆောင်လာသည့် ယာဉ်များ ကမ်းနားတွင် ရပ်ဆိုင်းထားခဲ့ကြရာမှ ဇွန် ၂၁ ရက်က ပြန်လည်တင်သွင်း ပြီဖြစ်ကြောင်း သိရသည်။&nbs...

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ဟန့်တားနေသော အကြောင်းရင်းများ

ပြည်တွင်းငြိမ်းချမ်းရေး မရှိခြင်း၊ အစိုးရသစ် စီးပွားရေးမူဝါဒနှင့် လုပ်နိုင်စွမ်းမှာ သိသာထင်ရှားမှု မရှိသေးခြင်း စသည် တို့မှာ မြန်မာ့ စီးပွားရေးတိုးတက်ရန်နှင့် ရင်းနှီး မြှုပ်နှံမှုများ ၀င်လာရန်အတွက် အဓိကစိန်ခေါ်မှုများဖြစ်ကြောင်း ဇွန်လ ၁၆ ရက်က ရန်ကုန်တွင်ပြု လုပ်ခဲ့သော The Ecomomist ၏ မြန်မာထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက သုံးသပ် ဆွေးနွေးသည...

22.6.16

အာရှဒေသမှာ ခရီးသွားဦးရေ၀င်ရောက်မှုအများဆုံးဖြစ်တဲ့ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းရှေ့အလားအလာအတွက်စိုးရိမ်ပူပန်နေ

ထိုင်းရဲ့ ခရီးသွားလုပ်ငန်းထဲမှာ လာရောက်လည်ပတ်သူ ခရီးသွားဦးရေများပြားလာနေခဲ့သလိုလုပ်ငန်းကနေ ရရှိတဲ့ ၀င်ငွေပိုင်းမှာ သိသိသာသာတိုးတက်လာနေပေမယ့်လည်း ရှေ့အလားအလာတွေအတွက် စိုးရိမ်ပူပန်နေရဆဲလို့ ထိုင်းအာဏာပိုင်တွေက ပြောကြားပါတယ...

ခေတ္တရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန် ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေ

ရန်ကုန်မြို့တွင် ခေတ္တရပ်ဆိုင်းထားသည့် အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန်အတွက်  ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက ပြောကြားသ...

ကျိုက်ထီးရိုးတွင် အလှူခံကန်ထရိုက်ပေးသည့်စနစ် ပယ်ဖျက်မည်ဟု သူရဦးအောင်ကိုပြော

ကျိုက်ထီးရိုးစေတီတော် အပါအဝင် စေတီတော်အနီး တစ်ဝိုက်ရှိ စေတီများ၊ နေရာများ တွင် အလှူခံ ကန်ထရိုက်ပေး သည့်စနစ်ကို ပယ်ဖျက်မည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြော ကြားသည...

ရန်ကုန်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း မြေနေရာများ၌ ကျူးပြဿနာအနည်းငယ်ရှိ

ရန်ကုန်မြို့အတွက်တည် ဆောက်မည့် တန်ဖိုးနည်းတိုက် ခန်းပေါင်း ရှစ်ထောင်ကျော်ကို တည်ဆောက်မည့်နေရာများတွင် ကျူးပြဿနာ အနည်းငယ်ရှိနေ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သတင်းရရှိသည...

DKBA တပ်ဖွဲ့ဝင်၂ဝကျော် KNU ဘက်သို့ကူးပြောင်း

ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA) မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်၂ဝကျော်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ထံသို့ ဘက်ပြောင်း ပူးပေါင်းခဲ့ကြောင်း KNU ထံမှ သိရသည...

စစ်ဘေးသင့်ဒေသသို့ သွားရောက်မည့် ကုလအထူးကိုယ်စားလှယ်ခရီးစဉ် အစိုးရခွင့်မပြု

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ စစ်ဘေးသင့် ဒေသများသို့ သွားရောက်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ၏ ခရီးစဉ်ကို အစိုးရက လုံခြုံရေးအရ စိတ်ချမှုမရှိဟုဆိုကာ ခွင့်မပြုကြောင်း မစ္စယန်ဟီးလီက ပြောကြားသ...

ကုလပိတ်ဆို့မှုကို ချိုးဖောက်ကာ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ရှေ့ဆင့်နောက်ဆင့် ပစ်လွှတ်စမ်းသပ်

ကုလသမဂ္ဂ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံလျက် မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ် ဖျက်အားပြင်းဒုံးကျည်နှစ်စင်းကို ရှေ့နောက်ဆင့် ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောသည...

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုကြောင့် ဂျပန်နိုင်ငံ၌ တပ်မတော်ကို တပ်လှန့်ထား

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုကြောင့် ဂျပန်နိုင်ငံ၌ တပ်မတော်ကို တပ်လှန့်ထားကြောင်း အမည်မဖော်သူ အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက်တွင် ပြောကြားသည...

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူနှင့် မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်

ဥရောပသမဂ္ဂ(အီးယူ)နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၂ဝ ရက်က ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးကောင်စီအစည်းအဝေးတွင် ဥရောပ သမဂ္ဂ၏ မဟာဗျူဟာကောင်စီဆုံးဖြတ်ချက်ကို အတည်ပြုချမှတ်ခဲ့သည်။ မြန်မာအစိုးရဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် ဆက်လက်ထောက်ခံကူညီသွားမည်ဖြစ်ကြောင်းကို ထပ်မံဖော်ပြခြင်းဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ ဖက်ရီကာ မိုဂါရီနီက ကြေညာချက်တွင် ထည့်သွ...

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးမွှားများစသည့် ရောဂါပိုးများကြောင့် ဖြစ်ပွားရပြီး ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားသည့် ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း၊ အာဟာရမပြည့်ဝသော ကလေးများတွင် ဖြစ်နိုင်ခြေပိုများသည့်အတွက် အာဟာရသင့်တင့်မျှတစွာ ကျွေးရန်လိုအပ် ကြောင်း ဇွန် ၁၉ ရက်က (ParkRoyal) ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ပြုလုပ်သော ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ ဟောေ...

21.6.16

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် Down Town ဧရိယာအတွင်း၌ အရောင်းအ၀ယ် လုံးဝ မရှိသလောက်ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင် ကျပ်သိန်း ၁၀၀၀ ၀န်းကျင်မှ ကျပ်သိန်း ၇၀၀၀ ကျော်ခန့် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာ

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် Down Town ဧရိယာအတွင်းရှိ ကျပ်သိန်းသောင်းချီသော အရောင်းအ၀ယ်များ မရှိသလောက် ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင်မူ ကျပ်သိန်း ၁၀၀၀ ကျော်မှ ကျပ်သိန်း ၇၀၀၀ ၀န်းကျင်ခန့် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း စုံစမ်းသိရသည...

အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံကဒုက္ခသည် အရေအတွက် ဒုတိယအများဆုံးဟု ကုလသမဂ္ဂ ကြေညာ

အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံက ဒုက္ခသည်အရေ အတွက် ဒုတိယအများဆုံးဖြစ်ကြောင်း ကမ္ဘာကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအဖွဲ့ (UNHCR) က ထုတ်ပြန်ကြေညာသည...

ဂျပန် ၀န်ကြီးချုပ်ကို ပြုပြင်ပြောင်းလဲဖို့ IMF က တိုက်တွန်း

ဂျပန် နိုင်ငံမှာ ၀န်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ 'Abenomics' မူဝါဒတွေကိုအလုံးစုံပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ဇွန်လ ၂၀ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ...

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာထုတ်ပြန်

ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ရန် အဘက်ဘက်က တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့်အတူ အရင်းအနှီးစီးဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းများစီးဝင်လာမှု၊ ပို့ကုန်ကဏ္ဍမြင့်တက်လာမှုနှင့် စီးပွားရေးတိုးတက်မှုကွင်းဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်နေကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည...

ဇူလိုင် ၁ ရက်မှစတင်၍ ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးမည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင် လျှောက်ထားမှု တွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် လာမည့် ဇူလိုင် ၁ ရက်မှစတင်ကာ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည...

မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် မုံရွာပရဟိတ မသန်စွမ်းဘက်စုံဖွံ့ ဖြိုးရေး သင်တန်းကျောင်း (အောင်ဆုထွန်း တောက်)တွင် အကူအညီများလိုအပ်နေ

မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် ဆရာတော်၏ ဦးဆောင်မှုဖြင့် ပရဟိတမသန်စွမ်းဘက်စုံဖွံ့ဖြိုးရေး ကျောင်း (အောင်ဆုထွန်းတောက်)အား စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ရာ လတ်တလော ကာလတွင် ဘက်စုံအကူအညီများ လိုအပ်လျက်ရှိကြောင်း အဆိုပါကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးသိုက်ထွန်းထံမှ သိရသ...

20.6.16

ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တက္ကစီတင်သွင်းမှု တစ်လလျှင် စီးရေ ၅ဝဝ ခန့်ရှိဟုဆို

အငှားယာဉ် တက္ကစီအသစ် တင်သွင်းမှု ရပ်ဆိုင်းထားသော်လည်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တင်သွင်းလာသော တက္ကစီများအနေဖြင့် တစ်လလျှင် လုပ်ငန်းလိုင်စင်လျှောက်ထားမှု စီးရေ ၅ဝဝခန့်ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည...

အီးယူမှ ဗြိတိန်နုတ်ထွက်ရေး ဆန့်ကျင်မှုများ ပြန်လည်အားကောင်း

ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နုတ်ထွက်ရေး အတွက် လူထုဆန္ဒခံယူပွဲ မကျင်းပမီ ရက်အနည်းငယ် အလိုတွင် ပြုလုပ်သော သဘောထားစစ်တမ်း ကောက်ယူမှုအရ နုတ်ထွက်ရေးထက် အီးယူထဲတွင် ဆက်နေသွားလိုသည့် သဘောထားများ ပြန်လည်မြင့်တက်လာရာ အီးယူမှ နုတ်ထွက်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် ဝန်ကြီးချုပ် ဒေးဗစ်ကင်ရွန်းအတွက် အားတက်စရာ အနေအထားများ ပြန်လည်ရရှိလာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည...

ရောမမြို့တော်ဝန်အဖြစ် ပထမဆုံးအမျိုးသမီးမြို့တော်ဝန် ရွေးကောက်ခံရရန်ရှိ

အီတလီနိုင်ငံ ရောမမြို့တော်၏ မြို့တော်ဝန်အဖြစ် မြူနီစပယ်ရွေးကောက်ပွဲများတွင် ပထမဆုံးအမျိုးသမီးမြို့တော်ဝန် ရွေးကောက်ခံရရန်ရှိနေသည...

ILO ရုံး လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းထား

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ကို နိုင်ငံအတွင်း ရုံးလာရောက်ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံက ကမ်းလှမ်းထားကြောင်း Confederation of the Trade Union of Myanmar CTUM (မြန်မာကုန်သွယ်ရေးသမဂ္ဂ)မှ သိရသည်။...

လာမည့် ဇူလိုင်လတွင် သိန်း ၁၂၀ အောက် တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချမည်

လာမည့် ဇူလိုင်လအတွင်း ဒဂုံဆိပ်ကမ်း မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ သိန်း ၁၂၀ အောက် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ သိရသည...

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်၊ ထွက်လည်ပတ်လျက်ရှိ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် တာချီလိတ်နယ်စပ်ဝင်၊ ထွက်ပေါက်မှတစ်ဆင့် လာရောက် လည်ပတ်လျက်ရှိရာ ဇွန် ၁ဝ ရက်မှ ၁၆ ရက်အထိ ထိုင်း၊ တရုတ်နိုင်ငံသားအများစုပါဝင်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၃၇၁ ဦးတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်နယ်စပ်သို့ ဝင်ရောက်ကာ တာချီလိတ်မြို့တွင်းရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသား ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည...

ဗေဒါများရှင်းသွားသော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒါးကမြစ်ရေမြင့်တက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကျောင်းကုန်းမြို့တွင် နေ့စဉ်ရက်ဆက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒါးကမြစ်ရေသည် မြင့်တက်လျက်ရှိပြီး သာမန်ပုံမှန်ရေထက် ငါးပေခန့် မြင့်တက်လာကြောင်း ကျောင်းကုန်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်း အမြစ်)မှ သိရသည်။ တချို့ မြေနိမ့် ပိုင်းများဖြစ်သည့် အမှတ်(၃) ရပ်ကွက် ရွှေဘိုတန်းတွင် လမ်းအချို့ ရေနစ် မြုပ်လျက်ရှိကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောသည...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်

ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဇွန် ၁၇ ရက် နံနက်ပိုင်း မှစ၍ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများတွင် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည...

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁ဝဝ နှင့် အေတီအမ်စက်များတိုးချဲ့ရန် စီစဉ်ထားပြီး ပြည်ပတွင် ဘဏ်ခွဲသွားရောက်ဖွင့်လှစ်ရန် ဆောင်ရွက်နေ

၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ပြည်တွင်း၌ ထပ်မံ၍ ဘဏ်ခွဲပေါင်း ၁ဝဝ နှင့် အေတီအမ်စက်များ တိုးချဲ့သွား မည်ဖြစ်ပြီး ပြည်ပတွင်လည်း ဘဏ်ခွဲဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီဘဏ်မှ သိရသည...

19.6.16

ကားပါကင်ပါမစ် ထုတ်ပေးမှုကို ခေတ္တ ရပ်ဆိုင်းကာ ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံပြီး နောက်ပိုင်း ကားဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်နေပြီး အရောင်းအ၀ယ် အေး

ကားပါကင်ပါမစ် ထုတ်ပေးခြင်းကို ခေတ္တ ရပ်ဆိုင်းကာ ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်း စတင် သတ်မှတ်ခဲ့သည့် အချိန်မှ စပြီး ဈေးကွက်အတွင်း ကားဈေးနှုန်းများ ပိုမို မြင့်တက်လာရာ အရောင်းအ၀ယ်လည်း အေးလျက်ရှိကြောင်း motors.com.mm က ထုတ်ပြန်သ...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၁၈ ရက် ညနေပိုင်းက ထုတ်ပြန်သည့် တတိယ ၁၀ ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်တွင် ဖော်ပြထားသည်။ အဆိုပါ ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနိုင်ကြောင်း ဖော်ပြထားသည်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊...

ယခင်အစိုးရလက်ထက် အတည်ပြုပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းခုနစ်ခုအား ဒီဇိုင်းပုံစံသာ ပြောင်းလဲ၍ ဆက်လက် အကောင်အထည်ဖော်မည်

ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း ခုနစ်ခုအား လက်ရှိအစိုးရ လက်ထက်တွင် ဒီဇိုင်းပုံစံသာ ပြောင်းလဲ၍ ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသ...

့မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်လိုပြီး ယူရိုသန်း ၂၀၀ ကူညီရန် အဆင်သင့်ရှိဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပြင်သစ်နိုင်ငံ အနေဖြင့် ယူရိုသန်း ၂၀၀ ကူညီရန် အဆင်သင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်လိုကြောင်း ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက ပြောကြားသည...

17.6.16

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့ခေါင်းဆောင်များ ဇွန်လနောက်ဆုံးပတ် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည် နှင့် NCA လက်မှတ် ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များ ဇွန် လနောက်ဆုံးပတ်တွင် နေပြည် တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည...

EUကနေ ဗြိတိန်ထွက်ခြင်း၊ မထွက်ခြင်းအပေါ်တွင် ကမ္ဘာ့ ရွှေဈေးအတက်အကျ မူတည်နေဟု ဆို

ဥရောပသမဂ္ဂ (Eu) ကနေ ဗြိတိန်နိုင်ငံ ထွက်ရေး၊ ဒါမှမဟုတ် ဆက်နေရေး နဲ့ပတ်သက်ပြီးတော့ လာမယ့်သီတင်းပတ်ထဲမှာ မဲပေးဆုံးဖြတ်တော့မှာဖြစ်ပါတယ...

ခိုင်ဘာတောင်ကြားလမ်းဒေသတွင် ပါကစ္စတန်နှင့် အာဖဂန်တပ်ဖွဲ့များ အမြောက်ကြီးများဖြင့် ပစ်ခတ်

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များသည် ဇွန် ၁၅ ရက်က ခိုင်ဘာတောင်ကြားလမ်းနယ်စပ်ဖြတ်ကျော်ရေး ဂိတ်အနီး အမြောက်လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသ...

တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် Riverfront Garden အဆင့်မြင့်ကွန်ဒိုစီမံကိန်းကို ဇူလိုင်လတွင် စတင်တည်ဆောက်မည်

တရုတ်နိုင်ငံက Toener Investment Group ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဘုရင့်နောင်တံတား နှင့်အောင်ဇေယျကြိုးတံတားအကြား လှိုင်မြစ် တစ်ဖက်ကမ်းရှိ Riverfront Garden အဆင့်မြင့်ကွန်ဒိုအိမ်ရာစီမံကိန်းကို လာမည့်ဇူလိုင်တွင် စတင်တည်ဆောက်မည်ဟု စီမံကိန်း တာဝန်ရှိသူများက ပြောသည်။...

ကျပ်သိန်း ၂၁ဝ တန်ဖိုးရှိ တရားမဝင်ကျောက်စိမ်း အရိုင်းတုံးတစ်တုံး ဒလမြို့နယ်၌ သိမ်းဆည်းရမိ

ဇွန် ၁၅ ရက်က ဒလမြို့နယ်အတွင်းမှ တရားမဝင်ကျောက်မျက်ရတနာများသယ်ဆောင်လာကြောင်း သတင်းအရ ဒလမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ ဒလမြို့မရဲစခန်း စခန်းမှူး ရဲအုပ်သက်နိုင်တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဒလ-တွံတေး ကားလမ်း နာရီစင်အဝိုင်းအနီးတွင် ရပ်တန့် စောင့်ဆိုင်းနေစဉ် ဒလဘက်မှ တွံတေးဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်းဦးကျော်ဌေး (၅၁နှစ်) ရေကမ္ဘာကုမ္ပဏီ (တောင်ဒဂုံစက်မှု ဇုန်)မှ ယာဉ်အမှတ် 7D-----ဖူဆို အပြာရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနှင့်အတူ ဦးသီဟကျော် ဒလမြို့နယ်နေသူတို့ အား တွေ့ရှိရပြီး ရှာဖွေစစ်ဆေးရာ ငွေကျပ် သိန်း ၂၁ဝ...

မြန်မာရိုးရာ ပုသိမ်ထီးများကို ခရီးသွားနိုင်ငံခြားသားများစိတ်ဝင်တစားလေ့လာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၂၂ဝ ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေး၊မွေးမြူများကိုလုပ်ကိုင်ကြသလို မိမိတိုတတ်ကျွမ်းသော လက်မူပညာများဖြင့် တောင်ယာသုံးပစ္စည်း များ၊ ပန်းချီ၊ ပန်းပုများကို ပြုလုပ်ရောင်းချကြသည်။ လက်မူပညာတစ်ခုဖြစ်သော ပုသိမ်ထီးအလှဆင် ရောင်းချနေသောဆိုင်များကိုမူ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားစွာဖြင့်လာရောက် လေ့လာ ကြသည်။...

16.6.16

ADB က မြန်မာနိုင်ငံကို နှစ်စဉ်ချေးငွေ (၂)ဆအထိ တိုးမြှင့်ချေးမည်

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က မြန်မာနိုင်ငံကိုနှစ်စဉ်လျှော့ဈေးနှုန်းနဲ့ ချေးနေတဲ့ချေးငွေကို (၂)ဆတိုးမြှင့်ချေးသွားမယ်လို့သိရပါတယ်။ ဘဏ်ဥက္ကဋ္ဌ တကဲဟိကိုနာကာအိုက မြန်မာနိုင်ငံကို ဇွန်လမှာလာရောက်လည်ပတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို (၂၀၁၇)ခုနှစ်ကစပြီး ချေးငွေ ပမာဏ ဒေါ်လာသန်း(၁၅၀)မှ သန်း(၃၅၀)အထိတိုးမြှင့်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် (အိန္ဒိယ၀န်ကြီးချုပ်ရုံးဝန်ကြီး)တို့ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်တွင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် (အိန္ဒိယ၀န်ကြီးချုပ်ရုံးဝန်ကြီး) H.E. Mr. Ajit Doval အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည...

ဒေါ်အောင်ဆန်းစုကြည် နှင့် DPN ကိုယ်စားလှယ်များ ဇွန် ၂၀ရက်တွေ့ရန် အစိုးရကမ်းလှမ်းသော်လည်း တိုင်းရင်းသားများ အဆင်သင့်မဖြစ်သေး

  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီနှင့် တိုင်းရင်းသားဘက်မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့ လာမည့် ဇွန်လ တတိယပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ် တွေ့ဆုံရန် အစိုးရဘက်မှ အကြောင်းကြားခဲ့သည...

ပြည်သူပိုင်နေရာများ ပြည်သူပြန်လည်ပိုင်ဆိုင်ရေးအဆို တိုင်းလွှတ်တော် မှတ်တမ်းအဖြစ်ထားရှိ

  ရန်ကုန်မြို့အတွင်းရှိ အများပြည်သူပိုင် နေရာများ အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် အဆိုအား မြို့တော်ဝန်က မှတ်တမ်းတင်ရန်   ပြောသော်လည်း ထောက်ခံသူအရည်အတွက်များသည့် အတွက် လွှတ်တော်က အတည်ပြုလိုက်သည...

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ်အထိ ရှိနေပြီး အမှန် ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၂၇၀၀ သာ ရှိရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေ

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ် ရှိပြီး အမှန် ထုတ်လုပ်နိုင်အား ၂၇၀၀ မဂ္ဂါဝပ် ရှိကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၏ အစီရင်ခံစာများ အရ သိရသည...