တောင်တရုတ်ပင်လယ်အတွင်းမှ အငြင်းပွားနေသော ကျွန်းများကို ပိုင်ဆိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ သဘောထားကို ငြင်းဆန်ခဲ့သော နိုင်ငံတကာခုံသမာဓိရုံး၏ တရားစီရင်ချက်ကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပါဖက်တို ရက်ဆေက မွန်ဂိုလီးယားနိုင်ငံ၌ သောကြာနေ့မှစတင်ကာ နှစ်ရက်ကြာ ကျင်းပမည့် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်သည်။
ထိုထိပ်သီးဆွေးနွေးပွဲသို့ တရုတ်ဝန်ကြီးချုပ် လီကဲချန်လည်း တက်ရောက်မည်ဟုဆိုသည်။ သည်ဟိတ်ဂ်မြို့ရှိ နိုင်ငံတကာ ခုံသမာဓိရုံးက ဇူလိုင် ၁၂ တွင် ထုတ်ပြန်ခဲ့သည့် တောင်တရုတ်ပင်လယ်တွင်း အရင်းအမြစ်ပေါကြွယ်ဝပြီး နည်းဗျူဟာကျသည့် နေရာများအပေါ် တရုတ်၏ ပိုင်ဆိုင်မှုကြေညာချက်သည် တရားမ၀င်ကြောင်း တရားစီရင်ချက်အပေါ် အပြင်းထန်ဆုံး တုန့်ပြန်ချက်ဖြစ်သည်။ တရုတ်နိုင်ငံကမူ အဆိုပါ တရားစီရင်ချက်နောက်ကွယ်တွင် ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသည်ဟု စွပ်စွဲခဲ့ပြီး ဆုံးဖြတ်ချက်ကို ဂရုစိုက်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
Credit To >>> Democracy Today
0 comments:
Post a Comment