ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.3.13

ဟိုင်းဝေးလမ်းပေါ်မှာ ရေလမ်းဖောက်လုပ်ထားမှု

Ringvaart လို့အမည်ရတဲ့ တူးမြောင်းဖြစ်ပြီး နယ်သာလှန်နိုင်ငံ အနောက်မြောက်ပိုင်း North Holland မှာ တည်ရှိတာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်က စတင်တည်ဆောက်တဲ့ ရေတူးမြောင်းဖြစ်ပြီး ၁၉၄၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဟိုင်းဝေးလမ်းဖောက်လုပ်မှုကိုတော့ ၁၉၆၁ ခုနှစ်မှ ပြုလုပ်ခဲ့တာဖြစ်ပြီး ရေ တူးမြောင်း အောက်မှာ သုံးလမ်း ဖောက် လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Ringvaart (Aqueduct Ringvaart Haarlemmermeer) အမည်ရ တူးမြောင်းဟာ အမှန်တော့ ၃၈ မိုင်ရှည်ပြီး မြို့ တစ်မြို့ ကနေ တစ်မြို့ ဆက်သွယ် ထားခြင်း ဖြစ်ပါတယ်။ ပျှမ်းမျှ အနက် ၈ ပေရှိပြီး လှေငယ်များ သွားလာနိုင်ပါတယ်။ ၇၀ စတုရန်းမိုင် ဧရိယာ ရှိတဲ့အတွက်လည်း ပို့ဆောင် ဆက်သွယ်ရေးအတွက် အသုံပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပန်းဖြေလှေများ လည်း သွားလာခြင်းပြုလုပ်ပါတယ်။ Ringvaart ဟာ ၁၉၄၀ ဝန်းကျင်ကတည်းက တည်ရှိခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာဒေသများထဲမှာ လည်း တစ်ခုအပါ အဝင် ဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် မြေယာများအတွက် လျော်ကြေးငွေပေးမည်

လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းဆည်းခံ ထားရသော လယ်ယာမြေများ အတွက် လျော်ကြေးငွေ များကို ယခုခေတ်ကာလ ပေါက်ဈေးဖြင့် ဒေသခံများအား ရက်ပိုင်း အတွင်း ပေးအပ်သွားမည်ဟု မုံရွာမြို့ တွင် ရောက်ရှိနေသော ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ "လျှောက်လွှာ တင်ပြီးလို့ အချက်အလက်မှန်ရင် တစ်ပတ်အတွင်း လျော်ကြေးတွေ ပေးရမယ်လို့ သက်ဆိုင်ရာ တွေကိုကျွန်မ မှာထားတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုစီမံ ကိန်းကို ရပ်ဆိုင်းလိုက်ပါက နိုင်ငံနှင့် ဒေသခံများ အတွက် အကျိုးမရှိ နိုင်သည့်အပြင် နိုင်ငံတကာမှ မိမိ တို့ နိုင်ငံအပေါ် စီးပွားရေးအရ ယုံကြည်၍ မရသော နိုင်ငံအဖြစ် ထင်မြင်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ "ဒါလုပ်လို့ လက်ပံတောင်း တောင် ပျောက်မလားလို့ မေးကြတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် ပျောက်သွားမှာပဲ။ ဒါကိုလည်း ကျွန်မ အနေနဲ့ နားလည်တယ်။ အားလုံးလိုချင်တဲ့ အတိုင်း တော့ မဖြစ်နိုင်ပါဘူး"ဟု ကော်မရှင်ဥက္ကဋ္ဌ ကဆိုသည်။ ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ အကြံပြုချက်များကို အကောင်အထည်ဖော်မည့် ကော်မတီမှ အဖွဲ့ဝင်များ က လက်ပံတောင်း တောင်ဒေသသို့ ကွင်းဆင်းလေ့ လာမည်ဖြစ်သည်။

လိမ္မော်သီး၏ ကောင်းကျိုးများ

လိမ္မော်သီးရဲ့ ချိုချဉ် အရသာကြောင့် လူတွေ နှစ်ခြိုက်စွာ စားသုံးကြသလို အသားအရေ ထိန်းခြင်းနှင့် ပတ်သက်လာလျှင်လည်း လိမ္မော်သီးဟာ ၁၀ဝ ရာခိုင်နှုန်း အာနိသင် အပြည့်အဝ ပေးနိုင်တဲ့ အသီး တစ်မျိုးပါပဲ။ အရသာရှိလှတဲ့ ထိုစီးထရက် အသီး အမျိုးအစားမှာ အရေးအကြောင်း တွေကို တွန်းလှန်ပေးနိုင်တဲ့ အကောင်းဆုံးသော ပစ္စည်းများ ပါဝင်နေပါတယ်။ ဒါကတော့ ဗီတာမင်စီပဲ ဖြစ်တယ်။ လိမ္မော်သီးမှ ထုတ်ယူရရှိတဲ့ အဆီဟာ အသားအရေကို သန့်ရှင်း စင်ကြယ်စေပြီး မျှခြေထိန်း ညှိရာမှာလည်း ကူညီပေးတယ်။

မပြင်းထန်သော ရောဂါပိုးဝင်ခြင်းနှင့် တိုက်ထုတ်ပေးတယ်။ အရောင်ကုထုံး မှာဆိုရင် လိမ္မော်ရောင်ဟာ နွေးထွေးစေတဲ့ အရောင်အဖြစ် သတ်မှတ် ခံထားရတယ်။ ထိုအရောင်ဟာ အားအင်တွေကို ပြည့်ဝစေပြီး ကျန်းမာခြင်း ယူထားသော အသားအရေ ထိန်းပစ္စည်းများဟာ ထည့်သွင်းရွေးချယ် သင့်သော ပစ္စည်းများထဲတွင် ပါဝင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

အိပ်ရင်း လမ်းထလျှောက်သူများနှင့် ကျန်းမာရေးအန္တရာယ်

လေ့လာချက် အသစ်တစ်ခုအရ အရွယ်ရောက် သူတွေ မှာ အိပ်ပျော်ရင်း လမ်းထလျှောက် တဲ့ ပြဿနာ ရှိပါက လူငယ်များအကြား ဘဝ အရည်အသွေးကို ထိခိုက်စေ သလို၊ ရုန်းရင်းဆန်ခတ် အကြမ်းဖက် အပြုအမူဆိုး တွေလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း အကြံပြုမှတ် ချက်ပေး လိုက်ပါတယ်။ ထိုအကြောင်းကို လေ့လာသုတေသနပြု၍ ဦးဆောင်ခဲ့ သူ စာရေးဆရာ Yves Dauvillier (MD,Phd) ၏ ပြောကြား ချက်အရ ထိန်းချုပ်နိုင်သော အုပ်စုနှင့် အိပ်ပျော် ရင်း လမ်းထလျှောက်တဲ့ လူနာများအား

နှိုင်းယှဉ်ကြည့်ခဲ့ရာ ထိုလူနာများ၏ ဘဝအရည်အသွေး ပြောင်းလဲနေတာကို တွေ့ခဲ့ရပါတယ်။ ညမှာ ကောင်း စွာ အိပ်ခဲ့ရတာ မဟုတ်တဲ့ အတွက် နေခင်းပိုင်းမှာ ပြန်အိပ်တာ၊ ငိုက်မြည်းတာ ပိုများလာခြင်း၊ မော ပန်းနုံးချိနေခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျ လာခြင်း၊ စိုးရိမ်စိတ်များ လာ ခြင်းစတဲ့ ဝေဒနာတွေ လည်းပို၍ ခံစားရကြောင်း တွေ့ခဲ့ရ ပါတယ်။

ညအိပ်ပျော်ရင်း လမ်းထလျှော တဲ့ လူတွေမှာ တကယ့်ကို ပြင်းထန် ဆိုးဝါးတဲ့ အခြေအနေ တစ်ခုဖြစ် လာ သလို ညစဉ်ဆက်တိုက် လမ်းထ လျှောက်လာတဲ့အခါ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ လျစ်လျူရှုမ ထားသင့်ပါလို့လည်း ပြောပြ လိုက်ပါတယ်။ လေ့လာချက် ရလဒ်များအရ ညတိုင်း လမ်းထလျှောက်တဲ့ လူနာ များ၏ ၂၂.၈ ရာခိုင်နှုန်းနှင့် အပတ် စဉ် (တစ်ပတ် ၁ ကြိမ်) ညအိပ်ရင်း လမ်းထလျှောက်တဲ့ လူနာများ၏ ၄၃.၅ ရာခိုင်နှုန်းမှာ ထိုသို့ ပြဿနာ များရှိခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ ရပါတယ်။ အကြမ်းဖက် အပြုအမူ များနှင့် အိပ်ပျော်ရင်း လမ်းထ လျှောက်သူတွေအား လေ့လာခဲ့ရာ လူနာ ၁၀ဝ လျှင် ၅၄ ဦးမှာ ဘာမှမဖြစ်သော်လည်း ၁၇ ရာခိုင်နှုန်း မှာမူ အနည်းဆုံး ၁ ကြိမ်ခန့် ထိခိုက် မှု အန္တရာယ်များ တွေ့ခဲ့ပြီးဖြစ်ကြောင်း တွေ့ခဲ့ရတဲ့ အပြင်၊ ၄င်းနှင့်အတူ တွဲ၍ အိပ်တဲ့လူကိုပါ ထိခိုက်အနာတရ ဖြစ်စေခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။

ထိုထိခိုက် အနာတရ ဒဏ်ရာတွေကတော့ သွေးခြည်ခြင်း၊ နှာ ခေါင်းသွေးထွက်ခြင်းနှင့် အရိုးများ ကျိုးခြင်းတို့ ဖြစ်ပါတယ်။ လူတစ်ဦးမှာ ၃ထပ်တိုက် ပြတင်းပေါက်မှ ခုန်ချ သဖြင့် အရိုးများ ကျိုးခဲ့တဲ့အပြင် ဦးခေါင်းပြင်း ထန်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်လို့ အစီရင်ခံစာများက ဖော်ပြလိုက်ပါတယ်။ ညအိပ်ပျော်စဉ် လမ်းထလျှောက်ခြင်းကို ပြသနာကို မဖော်ထုတ်နိုင်ပါက နေ့ခင်းပိုင်း ဖြစ် ပေါ်လာမည့် အကျိုးဆက်များနှင့် စိတ်အနှောင့်အယှက်များ ဖြစ်စေခြင်း တို့က ဘဝအရည်အသွေး လျော့ကျ စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်သူတွေရဲ့ စိုးရိမ်ရမယ့် အခြေအနေများကို ဟိုင်းလိုက်တင်ရန်နှင့် ဝေဖန်ဆန်းစစ်ဖို့ လိုနေပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် ၇နှစ်ဆက် ကွာတားတက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ပထမအကျော့မှာ ခံစစ်ဇုန်ထဲကနေ တိုက်စစ်တွေ ဖြာထွက်တဲ့ ကစားကွက်နဲ့ အစွမ်းပြခဲ့တဲ့ အေစီမီလန်ဟာ ဒီပွဲမှာတော့ စောစောစီးစီး ဂိုးပေးခဲ့ရလို့ ဖိအားဝင်ခဲ့ရပြီး ဂိုးပြတ်အရှုံးကြောင့် ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ပွဲအစ ၅မိနစ်မှာပဲ ဇာဗီ၊ ဘက်စကွက်ဇ်တို့ရဲ့ တစ်ချက်ထိ အပေးအယူတွေကနေ မက်ဆီက နောက်ခံလူ ၃ဦး ပိတ်ဆို့ထားတဲ့ကြားက လျှက်တစ်ပြက် ကန်သွင်းယူနိုင်ခဲ့လို့ ဘာကာတို့ အဖွင့်ဂိုးစရခဲ့ပါတယ်။ အဲ့ဒီ့နောက် ၇မိနစ်အကြာမှာလည်း ဇာဗီရဲ့အဝေးကန်ချက်ကို အဘီယာတီ ပုတ်ထုတ်ခဲ့ပြီး ဘားထိပြန်ထွက်လာတာကို မက်ဆီ ပြေးဝင်ခေါင်းတိုက်ခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဒုတိယဂိုးမရခဲ့တာပါ။

ဒါ့အပြင် အေစီမီလန် နောက်ခံလူတွေ ပတ်ဒရိုကို ဧရိယာထဲမှာ နှစ်ကြိမ်တိုင် ဥပဒေပ ကစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီ မပေးခဲ့ပါဘူး။ ပွဲချိန် ၃၇မိနစ်အရောက်မှာတော့ မာရှေယာနို ရဲ့အမှားကနေ ပျက်သွားတဲ့ဘောလုံးကို အမ်ဘာရီနိုင်းရသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်း အတွေ့မှာတော့ သူ့ရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့လို့ အေစီမီလန်တို့ ချေပဂိုးရဖို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ နောက် ၂မိနစ်အကြာမှာတော့ အင်နီယက်စတာနဲ့ အပေးအယူလုပ်ပြီး မက်ဆီ ဧရိယာထိပ်က ကန်သွင်းရာမှာ ဘာကာတို့ ဒုတိယဂိုးရခဲ့ပါတယ်။

အေစီမီလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ၉ပွဲစလုံး ဂိုးပေးခဲ့ရတဲ့ စံချိန်ဆိုးတစ်ခု ရရှိခဲ့ပြီး ဘာကာကတော့ မက်ဆီ၊ ဒေးဗစ်ဗီလာတို့ ပွဲထွက်ကစားတဲ့ ချန်ပီယံလိဂ် ၁၅ပွဲမှာ ၃၉ဂိုးထိ သွင်းယူနိုင်ခဲ့လို့ တစ်ပွဲပျမ်းမျှ ၂.၆ဂိုးထိရှိခဲ့ပြီး ဒီတိုက်စစ်မှူး နှစ်ယောက်ဟာ အခုပွဲမှာလည်း ၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၉မိနစ်အကြာမှာ ဇာဗီ အကွက်မြင်မြင် ဖန်တီးပေးတာကနေ ဒေးဗစ်ဗီလာက အဝေးထောင့်ကို ကန်သွင်းပြီး ဘာကာအတွက် နောက်တစ်ဆင့် တက်နိုင်မယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာ အေစီဟာ ရော်ဘင်ဟို၊ ကာကစ်၊ မွန်တာရီတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် နာကျင်အချိန်ပိုအရောက်မှာ အယ်လ်ဘာရဲ့ပွဲသိမ်းဂိုး သွင်းခြင်းကို ခံခဲ့ရပြီး ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

မလိုချင်တဲ့ကိုယ်ဝန်နဲ့ အသက်အန္တရာယ်

မြန်မာနိုင်ငံမှာ မိခင်နဲ့ကလေး သေဆုံးမှု့ကျဆင်းရေးဟာ အဓိက ဦးစားပေးရမယ့် လုပ်ငန်းဖြစ်နေချိန်မှာ၊ မိခင်သေဆုံးမှု့ရဲ့အဓိက အကြောင်းရင်းတခုကတော့ မလိုချင်တဲ့ ကိုယ်ဝန်ဖျက်ချတာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။ အခုလို ကိုယ်ဝန်ဖျက်ချမှုကနေ မိခင်တွေ သေဆုံးရတဲ့ အနေအထား မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေပြီး၊ ဘယ်လို အခက်အခဲနဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရ တာပါသလဲ၊ အခုလို မလိုအပ်ဘဲ သေဆုံးမှု့ မဖြစ်ရအောင် ဘယ်လို ကာကွယ်မှု့မျိုးတွေ လုပ်ဆောင်နိုင်ရင် လက်တွေ့ကျပြီး အကောင်းဆုံး ဖြစ်နိုင်ပါသလဲ။ ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

Own Tune ဆိုရတာ ယုံကြည်မှု ပိုရှိကြောင်း ခင်ဘုဏ်းပြော

ဂီတလောကမှာ အချိန်ကာလ တစ်ခုတိုင် သီချင်းများ သီဆိုရင်း ဂီတနဲ့ ဘဝ တစ်သားတည်း ခရီး သွားနေခဲ့သူ အဆိုတော် ခင်ဘုဏ်းကို တင်ဇာမော်ရဲ့ Duet Tour 2013 ရှိုးပွဲမှာ တင်ဇာမော် နဲ့အတူ သီချင်းများ အားပါးတရ သီဆိုခဲ့တာ ကိုတွေ့ရပါတယ်။ ပရိသတ်နဲ့ အလှမ်းဝေး သလိုဖြစ်နေတဲ့ ခင်ဘုဏ်းကို အနုပညာ လှုပ်ရှားမှု အနေနဲ့ ဆက်လုပ်မယ့် အစီ အစဉ်များကို မေးကြည့်တော့ “ရှိုးတွေကတော့ ဆိုဖြစ်တယ်။ နယ်ရှိုးတွေရော အစုံပေါ့။ အဓိက ကတော့ အချိန်လေး နည်းနည်း ယူနေတာပါ။ ကိုယ့်ဘာသာ ကိုယ်လည်း မအားသေးလို့ပါ။ အခွေလုပ်တယ် ဆိုတာက အချိန်ရော၊ လူရော၊ စိတ်ရော အကုန်လုံးအားမှ လုပ်လို့ရ တာလေ။

အခု အိမ်မှာ အဘွား ကျန်းမာရေး ကလည်းရှိ နေတော့လေ။ အိမ်မှာက မိသားစုလည်း နည်းတော့ တစ်ယောက် တည်းပဲ လုပ်နေရတယ်။ သီချင်းကတော့ ဆက်ဆို သွားမှာပါ။ ခင်ဘုဏ်း အခုလုပ်နေတဲ့ အခွေမှာ သီချင်း ပုံဈံတ်ာတော် တော့ကွဲမယ်။ သီချင်း အမြန်ပုံ စံတွေ နည်းနည်း ပြောင်းလိုက်တယ်။ တဖြည်းဖြည်း တော့ ပုံစံကွဲ လာတာပေါ့။ ခေတ်ရေစီး ကြောင်းအရ ရော၊ အသက်အရွယ် အရရော အယူအဆတွေ ကွဲလာ တယ်”လို့ ပြောပါတယ်။ အခုအချိန်မှာ လူငယ်တွေ အနေနဲ့ ကိုယ်တိုင်ရေး Own Tune တွေလုပ် လာတဲ့ အပေါ် ကော်ပီသီချင်းဆိုရတာနဲ့ ဥတညွှကညန သီချင်းဆိုရတဲ့အပေါ်ကိုလည်း ခင်ဘုဏ်းက ”အဓိကကတော့ Own Tune ဆိုလည်း Own Tune အလျောက် တာဝန်ရှိတာပဲ။

ကော်ပီဆိုလည်း ကော်ပီ အလျောက် တာဝန်ရှိတာပဲ။ ခင်ဘုဏ်းတို့က နှစ်မျိုးစလုံးဆိုတဲ့သူတွေ ဆိုတော့လေ။ ပြီးခဲ့တဲ့အခွေဆို Own Tune တွေပဲတစ်ခွေလုံးလုပ်တယ်။ ဆိုတဲ့သူ တစ်ယောက် အနေနဲ့ သူ့နေရာနဲ့သူ တာဝန်ကြီးတာချည်းပဲ။ လျှော့တွက်လို့တော့ မရပါဘူး။ ဥပမာ- ‘မိုးပြေး’ လိုသီချင်းမျိုးဆိုရင် ခင်ဘုဏ်း ဂစ်တာတီးတတ်ကတည်းက ဆိုခဲ့တဲ့သီချင်း။ ကြီးကျယ်ခမ်းနားတဲ့ Arrangement တွေနဲ့တော့ မဟုတ်ဘူး။ ထိထိမိမိနဲ့ ရိုးရိုးသာသား မက်ဆေ့ခ်ျ လေးပေးဖို့ပါပဲ။ ခင်ဘုဏ်းအတွက်ကတော Own Tuneတွေ ဆိုရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲမှာ ဆုရတဲ့သူတိုင်း အောင်မြင်တယ်လို့ ပြောလို့ မရပါဘူးဆိုတဲ့ စည်သူလွင်

ခုနောက်ပိုင်း အဆို ပြိုင်ပွဲ တော်တော် များများမှာ အတွေ့များ လာတာက သီချင်း သီဆိုမှု အပြင် ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပါဖောမန့် ဦးစားပေး လာမှုအပေါ် လက်ရှိ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲက ဒိုင်တစ်ဦးဖြစ်သူ စည်သူလွင်နဲ့ တွေ့ဆုံခိုက် မေးတော့ “ပြိုင်ပွဲတွေလည်း အများကြီး ရှိတော့ ဒိုင်လုပ်တဲ့ အနုပညာ သမားတွေ လည်း အများကြီး ရှိပါတယ်။ ပြိုင်ပွဲ တစ်ခုနဲ့ တစ်ခုကတော့ သဘာဝချင်းတော့ မတူဘူးပေါ့။ တချို့က အဆိုချည်းပဲ သီးသန့် ပြိုင်တဲ့ပွဲမျိုး ရှိသလို တချို့ ကျတော့လည်း

ပရိသတ်ကို ဖျော်ဖြေမှု အနေနဲ့လည်း သက်ရောက်မယ် အဆို အနေနဲ့ လည်း ယှဉ်ပြိုင်တဲ့ ပွဲမျိုးတွေ ရှိတယ်။

ဥပမာ အိပ်မက် ဆုံရာ လိုပေါ့။ အဲဒီလိုမျိုး ကျတော့ ပရိသတ်ကို အင်တာတိန်းမန့် လုပ်တဲ့ သဘောလည်း ပါတယ်။ အဆိုပြိုင်ပွဲ သဘောလည်း ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က နှစ်ဖက်ကို မျှကြည့်ပေး ရတယ်။ သို့သော် အဆိုပြိုင်ပွဲ ဖြစ်တဲ့ အတွက် အဓိက အဆိုကိုပဲ ဦးစားပေးတယ်။ ပါဖောမန့် ဆိုတဲ့ နေရာမှာ အတင်း လုပ်ယူထားတာ မျိုးကို မကြိုက်ဘူး။ အဲဒီ အတွက် လည်း အမှတ် ထည့်ပေးမှာ မဟုတ်ဘူး။ တချို့ကျတော့ ထဲထဲဝင်ဝင် မသိဘဲ ဝေဖန်ကြတာ မျိုးတွေလည်း ရှိတာပေါ့။ တကယ် လက်တွေ့လုပ် နေတဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲဒီ လူတွေက ပိုသိပါတယ်။

ကျွန်တော်တို့က အမှတ်ပေး စည်းမျဉ်းမှာ ပါဖောမန့်ကို ထည့်ထားတာ မှန်ပေမယ့် သီချင်း ဆိုတာ မကောင်းဘဲနဲ့ ပါဖောမန့် တစ်ခုပဲ ကောင်းနေလို့ လုံးဝ အမှတ်ပေးမှာ မဟုတ်ပါဘူး။ သီဆိုခြင်း အတတ်ပညာကိုပဲ အဓိကထားပြီး ဦးစားပေးပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့ နေရာမှာ ပါဖောမန့်ကို လုံးဝ အဓိကထားပြီး ဆုံးဖြတ်တာ မဟုတ်ဘူး ဆိုတာ အားလုံးကို သိစေချင်ပါတယ်” လို့ စည်သူလွင်က အမှတ်ပေး ပုံစံတွေ နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

ဆက်လက်ပြီး စည်သူလွင်က သူကိုယ်တိုင် ဒိုင်လုပ်နေရတဲ့ အိပ်မက်ဆုံရာ သီချင်း ဆိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး လည်း “သူ့ရဲ့ သဘောတရားက ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်း တစ်ခုတည်း ကို ရွေးချယ် ယှဉ်ပြိုင်ရတာ မဟုတ်ဘူး။ မြူးဇစ် ပုံသဏ္ဌာန် မျိုးစုံ ကို ယှဉ်ပြိုင် ရတယ်။ အဆိုပြိုင်ပွဲ ဆိုတာမျိုးထက် သူတို့ ရဲ့ အရည်အချင်း ဘယ်လောက် ရှိလဲ ဆိုတာကို စမ်းသပ်တဲ့ပွဲ လို့ပဲမြင်ပါတယ်။ မြူးဇစ် စတိုင် တစ်ခု အပြောင်း အလဲမှာ သူတို့က ဘယ်လောက်ထိ လိုက်ပါစီး မျောနိုင်သလဲ ဆိုတဲ့ စွမ်းရည် အပေါ်မှာ ရွေးတာပါ” လို့ ဆက်ပြောပါတယ်။

အဆိုပြိုင်ပွဲတွေ များလာပေမယ့်လည်း ဂီတလောက မှာတော့ တကယ့်ကို ထင်ရှားလာကြတဲ့ သူတွေ ကတော့ လက်ချိုးရေ လို့ရနေပါတယ်။ အဲဒီ အပေါ်မှာ စည်သူလွင် က “အဆို ပြိုင်ပွဲမှာ ဆုရတဲ့ သူတိုင်း အောင်မြင် တယ်လို့ ပြောလို့မရပါဘူး။ ဥပမာ ကျွန်တော်တို့ ဆီမှာ Season တစ်ခု တစ်ခုမှာ လူ ၁ဝယောက် ရှိတယ် ဆိုပါစို့။ ၁ဝယောက် ထဲကနေ အကောင်းဆုံး တစ်ယောက်ကို ရွေးပေး လိုက်တာ။ အားလုံးထဲမှာ အကောင်းဆုံး လို့တော့ ပြောလို့မရဘူး။ အဲဒါ တစ်ခုရှိသလို ပြိုင်ပွဲမှာ သူတို့ ယှဉ်ပြိုင် လိုက်ရတဲ့ သီချင်း အပုဒ်ရေက ၁၅ပုဒ် ၊ အပုဒ် ၂ဝ ဝန်းကျင်ပဲ ရှိပါတယ်။ ပြီးတော့ သူများ ဖန်တီးပြီးသား သီချင်းတွေကို ဂိုက်လိုင်း ရှိပြီးသားနဲ့ ယှဉ်ပြိုင် ရတာဖြစ် တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ ဖန်တီးမှု ဆိုတာကို ခုချိန်မှာ မမြင်တွေ့ရသေးဘူး။ ကိုယ်တိုင် ဖန်တီးတဲ့ အခါ ဘယ်လောက်ထိ သူတို့ အရည် အချင်းရှိလဲ။ အဲဒီအပေါ်မှာ မူတည်တယ်။ ပညာဝမ်းစာ ဘယ်လောက် ပြည့်ဝသလဲ အပေါ်မှာ မူတည်တယ်။ ပြီးတော့ အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာ ဖို့ ကံတွေ စန်းတွေက လည်း ရှိသေးတယ်။ ပြီးတော့ ပံ့ပိုးမှုတွေနဲ့လည်းဆိုင် တယ်” လို့ စည်သူလွင်က ပြောပြခဲ့ပါတယ်။

စည်သူလွင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကိုတော့ ၂ဝ၁၂ နိုဝင်ဘာလထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် နေရာ အခက်အခဲကြောင့် ၂ဝ၁၃ ခုနှစ်ထဲမှာမှ ပြုလုပ်ဖြစ်တော့ မယ်လို့ သိရပါတယ်။

လေဒီဂါဂါသည် Telephone ကို ဘရစ်တနီအတွက် ရေးခဲ့

ဘရစ်တနီးစပီးယား ဆိုဖို့ဆိုပြီး လေဒီဂါဂါတစ်ယောက် Telephone အမည်ရ သီချင်းကို ရေးစပ်ပေးခဲ့ပါတယ်။ ဒီမိုဗားရှင်းလည်း အသံသွင်းပြီး တကယ်ခွေထုတ်တဲ့အခါကျ ပါမလာပါဘူး။ ဘရစ်တနီးစပီးယားအနေနဲ့ ယင်းသီအချင်းဟာ အယ်လ်ဘမ်တွင် ထည့် မသုံးခဲ့ခြင်းအပေါ် လေဒီဂါဂါအနေနဲ့ ဘာ Comment မှမပေးပဲ သူနဲ့ ဘီယွန်ဆေးနဲ့ ပေါင်းလို့ ဆိုလိုက်ပါတယ်။ The Fame Monster အယ်ဘမ်ခေါင်းစဉ်အောက်ကနေ ၂၀၁၀ ခုနှစ် က ဖြန့်ချိခဲ့ပြီး ဂရမ်မီဆုစာရင်းဝင်ရလောက်အောင်ကို တစ်ဟုန် ထိုး အောင်မြင်ခဲ့ပါတယ်။ အဲ့လိုအောင်မြင်တုန်းက လေဒီဂါဂါပဲ ဆိုတယ်လို့ သိထားခဲ့ကြတာပါ။

၂၀၁၀ ခုနှစ် မေလမှာပဲ ဘရစ်တနီးယား ဆိုတဲ့ ဒီမိုဗားရှင်း Youtube မှာ ပြန့်သွားမှပဲ အမှန်ကို သိသွားပါတယ်။ "ဒီသီချင်းကို သူမအတွက် ရေးဖြစ်ခဲ့တာပါ။ သူ့အယ်လ်ဘမ်မှာ မသုံးဘူး ဆိုတော့ ဘီယွန်းနဲ့ ဆိုဖြစ်ခဲ့ပါတယ်" လို့ အင်တာဗျူး တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဖြေကြားခဲ့ပါတယ်။

စိတ်ဓာတ်ကောင်းကောင်းနဲ့ အောင်မြင်အောင် လုပ်ဖို့လိုတယ် မေသန်းနု

ဈေးကွက်အရ နယ်တွေမှာ အားနည်းလာတဲ့ အပေါ်မှာ လည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုတာကြောင့် ”အခု အချိန်က ပြောင်းလဲမှု ကာလဆိုတော့ အခြေအ နေသိပ် မကောင်းဘူး။ နောင်နှစ်တွေ ဆိုရင်တော့ ပို ကောင်းလာနိုင်တယ်။ အခုမှ အားစယူနေတော့ အား လုံးက အစကနေ ပြန်လုပ်နေရတဲ့ သဘောဖြစ် နေ တယ်။ တချို့စူပါ တွေကတော့ ရိုက်နေကြရတာ နား တောင် မနားရဘူး။ ဈေးကွက်အရ အလယ်အလတ်နဲ့ အောက်က ဈေးကွက် သမားတွေ ကျတော့ နည်းနည်း အားနည်းသွားတာပေါ့။

လူကြမ်းတော်တော် များများဆိုလည်း ဖိုက်တင်ကား ရိုက်ကြတာလေ။ ဖိုက် တင်ကား ထုတ်လုပ်တဲ့ သူတွေက နယ်ကို အားပြုပြီး ရောင်း ရတာလေ။ နယ်အဝယ်တွေ တက်မလာရင် သူတို့လည်း ထုတ်လုပ်ရေး ပိုင်းနစ်နာတော့ ရိုက်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း နစ်နာတာပေါ့။ ဒီလောက မှာရှိတဲ့သူတော်တော်များများလည်း သိပြီးသားဆို တော့ လုပ်ဖို့ပဲလိုပါတယ်။တော်တော့ကိုရုန်း ကန်ပြီး အခြေအနေ တစ်ခုအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတာလေ။

အခြေအနေမကောင်းတဲ့အချိန်မှာ မဆင့်တို့ ကြိုး စားခဲ့တာလည်း အောင်မြင်ခဲ့တာပဲလေ။ အဲဒါကြောင့် အခြေအနေကောင်းတဲ့ အချိန်မှာအားလုံးက စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် စိတ်ဓာတ်ကောင်းကောင်းနဲ့ တကယ်လုပ်ဖို့လိုတာပါ” လို့ မေသန်းနုကပြောပြပါတယ်။ ”စီးပွားရေးအနေနဲ့ နှစ်ခုလုပ်ဖို့စဉ်းစား ထားတယ်။အဓိက က အနုပညာနဲ့ ဆက်နွှယ်တာမျိုးကိုပဲ လုပ်ဖြစ်မှာပါ။ နောက်လလောက်စလုပ်ဖြစ်ဖို့တော့ စဉ်းစားထားတယ်”လို့ပြောတဲ့မေသန်းနုက လတ်တလောမှာတော့’တန်ခူးရင် ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ”အရင်လွန်ခဲ့တဲ့၂၇နှစ်ကိုပြန်သတိရတယ်။ ‘သင်္ကြန်မိုး’ ရိုက်ခဲ့တုန်းကနှစ်တွေ ကကြာပြီဆိုတော့ခံစားမှု၊ တည်ငြိမ်မှု တွေ ကွာခြားသွားတာပေါ့။ မဆင့်သင်္ကြန်ဇာတ်ကား မရိုက်ဖြစ်တာ နှစ်တော်တော်ကြာပြီ။ သင်္ကြန်ကားဆို စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။