ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.5.13

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ရှိနေသေးကြောင်းဖော်ရမ်အေးရှားအဖွဲ့ ပြောကြား

၃.၅.၂၀၁၃၊ သောကြာနေ့

လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်တို့အပေါ် ထိန်းချုပ်ခြိမ်းခြောက်မှုများရှိနေသေး သည်ကို တွေ့ ရကြောင်း ဗဟန်းမြို့ နယ်၊ ရွှေဂုံတိုင်အနီးရှိ တော်ဝင်နှင်း ဆီခမ်းမတွင် ယနေ့ ကျင်းပသည့် အာရှလူ့အခွင့်အရေးနှင့် ဖွံ့ ဖြိုးရေးဆုံရပ်အ ဖွဲ့(ဖော်ရမ်အေးရှား)၏ သတင်းစာရှင်းလင်းပွဲ၌ ၎င်းအဖွဲ့၏ အရှေ့အာရှ စီမံကိန်းအရာရှိ Mr. John Liu က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် ဖော်ရမ်အေးရှားသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့ စည်းခွင့် အခြေအနေများကို ဆန်းစစ်နိုင်ရန် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်မှ ၃၀ရက်နေ့အထိလည်းကောင်း။ ၂၀၁၃ခုနှစ်၊ ဇန်န ၀ါရီ ၂၁ရက်မှ ၂၃ရက်နေ့အထိလည်းကောင်း လာရောက်ခဲ့သည်။

ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ NGO များ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ လယ်သမား၊ အမျိုးသမီး၊ မီဒီယာ အဖွဲ့များ၊ လွှတ်တော်အမတ်နှင့် ရှေ့ နေများ၊ ILO အပါ အ၀င် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC)နှင့် တွေ့ ဆုံ၍ လူ့အခွင့်အရေး အခြေအနေ လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားခဲ့သည်။

Mr. John Liu က “ကျနော့်အမြင်အရ ဥပမာတစ်ခုကိုပြောရရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်သူတစ်ဦးကို သူ ဖြတ်လျှောက်တဲ့ မြို့နယ် ၁၀ခုက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ တရားစွဲတယ်။ သူ ကျူးလွန်တဲ့အပြစ်က တစ်ခုတည်း။ ပြစ်ဒဏ်ကတော့ ဆယ်ခါကျခံရမလို ဖြစ်နေတယ်။ ဒါကြောင့် ဒီဥပဒေကို လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ပြုပြင်ဖို့ လိုတယ်”ဟု ပြောဆိုသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သည်ကို အသိအမှတ်ပြုသော်လည်း လူ့အခွင့်အရေး တိုးတက်စေရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တို့ကို ပယ်ဖျက်ပေးရန်အပြင် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်သည့် ၂၀၀၄ အီလက်ထရွန်းနှစ် ဆက်သွယ်ရေး ဥပဒေ အပါအ၀င် လူ့အခွင့်အရေးကို ကန့်သတ်ရာရောက်သည့် ဥပဒေများကို ပယ်ဖျက်ရန်၊ လွှတ်တော်တွင်း ဥပဒေများ ရေးဆွဲပြဌာန်း ရာတွင်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲရန်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အမှီခိုကင်းပြီး ယခုထက်ပို၍ လုပ်ဆောင်သွားရန် လိုကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရန် ဖော်ရမ် အေးရှားအဖွဲ့က အကြံပြု တိုက်တွန်းထားသည်။

၎င်းအပြင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက “အခုက လူ့ အခွင့်အရေး အပြည့်အ၀ရရှိဖို့က ရင်ဆိုင်ရုန်းကန်နေ ရတဲ့ကာလတွေပါ။ နိုင်ငံသားတွေအနေနဲ့ အပြောင်းအလဲမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ကိုယ်တိုင် ပါဝင်ခွင့်ရှိဖို့ ရသင့်ရ ထိုက်တဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိအောင် အပြန်အလှန် အပြုသဘောဆောင် လုပ်ပေးဖို့ လိုပါတယ်”ဟု ကိုပြုံးချိုက ကေအိုင်စီသို့ ပြောသည်။

ဖော်ရမ်အေးရှားအနေဖြင့် ယခုတွေ့ ရှိချက်များ အပါအ၀င် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို မျက်ခြေမပြတ် လေ့လာကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ ပေးပို့ သွား မည်ဖြစ်ကြောင်း အာရှ လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုး ရေးဆုံရပ်အဖွဲ့မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ကေအိုင်စီသို့ ပြောကြားခဲ့သည်။

KIC (Karen Information Center)

အဆိုတော် ရဲလေး လက်ထပ်ပြီ

၃.၅.၂၀၁၃၊ သောကြာနေ့

အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။

မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါတဲ့။

ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၊
ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ်လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ်လို့ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင်
ကျောင်းသားဟောင်းဖြစ်တယ်၊

"မိခင်က ဆွဲကြိုးပေါင်ပြီး studio စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား
ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလအတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။

တခြားသူတွေအနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"လို့
ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသား
ထားပါတယ်။

- ကျွန်တော်နဲ့ သက်ဆိုင်သော
- အိမ်
- First Live Concert
- တတိယ ကာရန်
- ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း

အစရှိတာတွေက ရဲလေးရဲ့ တကိုယ်တော်တေးစီးရီးတွေ ဖြစ်ကြောင်း
Teen မဂ္ဂဇင်းမှာ ရေးထားပါတယ်။

ဧရာဝတီ

2.5.13

စွမ်း အဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ဇာတ်ကခွင့် တိုင်းအစိုးရ ပိတ်ပင်

၂.၅.၂၀၁၃၊ ကြာသပတေးနေ့

ဇလွန်ပြည်တော်ပြန် ဘုရားပွဲမှာ ပရိသတ်နဲ့ ပဋိပက္ခ ဖြစ်ပြီး ပွဲပျက် ပြန်ပြေးခဲ့ရတဲ့ စွမ်းဇာနည် ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က အဲဒီ တိုင်းအတွင်း လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်မှာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်က စွမ်းသဘင် ဇာတ်ရုံမှာ စွမ်း ဇာတ်အဖွဲ့နဲ့ ပရိသတ်တချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စင်ကို မီးရှို့ ခံရတဲ့အပြင်၊ ဇာတ်အဖွဲ့က ပါလာတဲ့ လေအိတ်ကား တစီး၊ ကုန်ကားနှစ်စီးနဲ့ မင်းသားရဲ့ ကိုယ်ပိုင်ကား မှန်တွေကို ရိုက်ခွဲခံရ ပြီး ၁ လ အကြာမှာ စွမ်းဇာနည်ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က သူတို့ဒေသမှာ လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး မင်းသား စွမ်းဇာနည်နဲ့ တိုက်ရိုက် အဆက်အသွယ် မရခဲ့ပေမယ့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်းကတော့ “ပိတ်မယ်ဆိုတဲ့ သတင်း ကြားရုံ ရှိပါသေးတယ်။ အတိအကျတော့ ကျနော်တို့ဆီကို စာမပို့သေးပါဘူး” လို့ ပြောပါတယ်။

အငြိမ့်မင်းသမီး ခေါင်းဆောင် မင်းသမီးတဦးလည်း ဖြစ်၊ စွမ်းဇာနည်တို့ မိသားစုနဲ့လည်း ခင်မင်သူ ကျားလေးစိန်ကတော့ ပိတ်ရင်လည်း ကောင်းပါတယ်လို့ ဆိုပါတယ်။

သူက “ပိတ်တယ် ဆိုတာလည်း စွမ်းကို နစ်နာစေလိုတဲ့ ဆန္ဒတော့ မဖြစ်နိုင်ပါဘူး၊ လောလောဆယ် ဧရာဝတီတိုင်း ဘက်မှာ မဖျော်ဖြေ သေးတာတော့ အကောင်းဆုံးပေါ့။ ဒီကိစ္စမှာ စွမ်းတို့ဘက်က တရားမစွဲဘူးလို့ သိရတယ်” လို့ ဆက်ပြောတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ပရိသတ်တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်အကျဉ်းကိုတော့ စွမ်းဇာနည်နဲ့ နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြ တာကတော့ -

ဇလွန်မှာ စွမ်းဇာနည် ဇာတ်အဖွဲ့ အနေနဲ့ မတ် ၂၄၊ ၂၅၊ ၂၆ သုံးရက် ဖျော်ဖြေပေးဖို့ စီစဉ်ထားပေမယ့် ၂၅ ရက်နေ့ညဘက်မှာ ဇာတ်ရုံ အဖောက်ခံရပြီး တီးဝိုင်းသမား ပစ္စည်း တချို့နဲ့ သဘင်အစည်းအရုံး ကတ်တချို့ အခိုးခံခဲ့ရတယ်။ ၂၆ ရက်နေ့ ညနေမှာတော့ ဇာတ်သမားတချို့ ပွဲဈေးတန်းအတွင်း ထမင်းသွားစားတဲ့ အချိန် ဒေသခံတချို့ရဲ့ ရန်စထိုးကြိတ်ခြင်း ခံခဲ့ ရတယ်လို့ သိရပါတယ်။ အဲဒီလို ဖြစ်လာတော့ စွမ်းဇာနည်က ကန်ထရိုက်ကို ပွဲဆက်မကတော့ဖို့ ပြောရာမှာ ကန်ထရိုက်က အစစ တာဝန်ယူကြောင်း တောင်းပန်တာနဲ့ အဲဒီည ပွဲဆက်က ဖြစ်တယ်၊ စွမ်းဇာနည်ရဲ့ ဖခင်ကတော့ ဇလွန်သားတွေ ဘယ်လို ဆိုးရွားတဲ့အကြောင်း တော်တော်ကလေး မကျေမနပ် ပြောဆို လိုက်တယ်လို့ သူတို့ ဇာတ်အဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ဒါပေမယ့် အဲဒီညပွဲမှာပဲ ပွဲခင်းထောင့်က လူတစုက အမျိုးမျိုး ရန်စလာတာကြောင့် မင်းသားက စင်ပေါ်ကနေ “သတ္တိရှိရင် တယောက်ချင်း ချမလား၊ စင်ပေါ်တက်ခဲ့” ဆိုပြီး မိုက်ကရိုဖုန်းနဲ့ အော်တာနဲ့ ပရိသတ်ထဲက စင်ပေါ်တက်လာ ကြတော့ မင်းသားက တက်လာတဲ့သူရဲ့ မျက်နှာကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်လို့ စွမ်းဇာနည်နဲ့ နီးစပ်တဲ့သူက ဧရာဝတီကို ရှင်းပြပါတယ်။ ပဋိပက္ခက အဲဒီကနေ ကြီးလာပြီး စွမ်းဇာနည်ရဲ့ကားအပါအဝင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဖိုးလောက် ဖျက်ဆီး ခံခဲ့ရတဲ့အပြင် ဇာတ်တဖွဲ့လုံး ပြန်ပြေးခဲ့ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ကတော့ ဒီလိုကိစ္စတွေ ဆက်မဖြစ်ဖို့ ပွဲကန်ထရိုက်တွေနဲ့ အနုပညာရှင်တွေ ကြိုတင် စာချုပ် ချုပ်ထား သင့်တယ်လို့ ဆိုပါတယ်။

အတွင်းရေးမှူး ဦးမိုးဝင်းက “စွမ်းဇာတ်သဘင် ကိစ္စ ဖြစ်ဖြစ်ချင်း ကျနော်တို့ဆီ ဆက်သွယ်လာပါတယ်။ ဒါကြောင့် ကြေညာချက် တခု ထုတ်ခဲ့ပါတယ်။ ဒီကိစ္စကို ဝမ်းနည်းကြောင်းပေါ့။ ဒီ ပဋိပက္ခက တော်တော်ကြီးသွားတယ်၊ ရှုပ်ထွေးတဲ့ အပိုင်းလည်း ရောက်သွားတယ်။ ပရိသတ်နဲ့ အနုပညာရှင် ဖြစ်နေတယ်။ စွမ်းဘက်ကတော့ တရားမစွဲတော့ပါဘူး။ ဖြစ်တဲ့ အချိန်မှာ ညဥ့်နက်တဲ့ အတွက် လုံခြုံရေးများ အားနည်းတယ်လို့ ယူဆရပါတယ်။ နောက်ဆိုရင် သဘင်သည်တွေ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ရင် လုံခြုံရေးအတွက် ကန်ထရိုက်ဘက်က တာဝန်ယူပါမည်၊ ပြဿနာ ဖြစ်ခဲ့ရင် ကန်ထရိုက်မှ လျော်ကြေး ပေးရမည်ဆိုတဲ့ အချက် ပါဝင် ရေးသားသင့်တယ်။ ဇာတ်ပွဲတခု ကပြမယ် ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်သဘင် အစည်းအရုံးတွေကို အကြောင်းကြားထားဖို့ လိုပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ဒေသခံတွေ ပဋိပက္ခ ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက “၂၇ – ၃ – ၂ဝ၁၃ ရက်နေ့ ဇလွန်မြို့ ပြည်တော်ပြန် မြတ်စွာဘုရား ပွဲတော်တွင် စွမ်းဇာနည်ဇာတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီအဖွဲ့မှ များစွာ ဝမ်းနည်း ခဲ့ကြရပါသည်။ သို့ဖြစ်ပါ၍၊ နောက်နောင် ၎င်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု မရှိစေ ရန် ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီ (အသစ်) မှ စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဇာတ်သဘင် ချစ်ခင်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်” ဆိုပြီး ဟု ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇလွန်ပြည်သူ တဦးလည်းဖြစ်၊ ဇလွန်မြို့နယ် သဘင်အစည်းအရုံးနဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဦးအေးချမ်းက “စွမ်း ဇာတ်သဘင်ကို ပိတ်မယ်ဆိုတာ နှုတ်စကားအရပဲ ရှိသေးတာဆိုတော့ ကျနော်တို့ အတိအကျတော့ စာမထွက် သေးပါဘူး။ ကျနော်တို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲဆိုတာ အတွင်းအပြင် လုံခြုံရေး ၇၀ ကနေ ၁၀၀ အကြား ထားလေ့ရှိတယ်။တခြားမြို့တွေ ကလည်း အကူအညီ ခေါ်ကြတယ်။ အဲဒီပွဲမှာတော့ လုံခြုံရေး အားနည်းချက်တွေ ရှိခဲ့တာတွေ့ရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်း ဇာတ်သဘင်ကို ဧရာဝတီတိုင်းအတွင်း ဖျော်ဖြေခွင့်ပိတ်ခဲ့ရင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့ သဘင်အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။

“စွမ်းအဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ပွဲ ပါမစ်ပိတ်မယ်လို့ ကျနော်တို့ ဒီနေ့မနက် သိရတယ်။ တရားဝင်စာ မလာသေးပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဥပဒေအရ ပြဿနာ ဆက်မဖြစ်ပွားဖို့ ပါမစ်ပိတ်တယ် ဆိုရင်တောင် သဘင်သည်များ အရေးအတွက် သွားရောက် တောင်းပန်ညှိနှိုင်း ပေးဖို့ အစီအစဉ်ရှိပါတယ်” လို့  သူက ဆက်ပြောတယ်။

ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးခန်းက ၃ ရက်တိတိ ဖုန်းမကိုင်ဘဲ၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးဆီ ဖုန်းဆက်တဲ့ အခါမှာလည်း အစည်းအဝေး ရှိနေလို့ နောက်မှပြန်ခေါ်ဖို့ပဲ ပြန်ကြားပါတယ်။ ပြန်ခေါ်တဲ့အခါမှာ ဖုန်းမကိုင်တဲ့အတွက် အဲဒီဘက်က အခြေအနေကို သေသေချာချာ မသိရှိရသေးပါဘူး။

စွမ်းဇာတ်သဘင် ပြန်လည် လည်ပတ်နိုင်ဖို့ လက်ရှိ အနေအထားအရ ဖိုးချစ်က ကူညီပေးနေတဲ့ သတင်းကြားတဲ့ အတွက် ဖိုးချစ်ကိုမေးကြည့်တော့ “ဘယ်သူမှန်တယ် မှားတယ်တော့ မပြောလိုပါဘူး၊ မှတ်ချက်လည်း မပေးတတ်ပါဘူး၊ သဘင် ညီအစ်ကိုတွေ ဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးသွားမှာပါ။ ဒီနေ့ဒီအချိန်အထိ ကျနော်ဘာမှ ကြီးကြီးမားမား မကူညီရသေးပါဘူး” လို့ ဖြေပါတယ်။

စွမ်းဇာနည်ကတော့ အဲဒီနေ့က ဆုံးရှုံးနစ်နာမှု သိန်း ၁၅၀၀ ကျော် ရှိမယ်လို့ အလင်းတန်း ဂျာနယ် အင်တာဗျူးမှာ ဖြေကြားတားတာ တွေ့ရတယ်။ စွမ်းက တရားစွဲဆိုမှုတော့ မပြုလိုကြောင်း၊ ဖြစ်ဖြစ်ချင်း ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ဟန်ဇာမိုးဝင်း စတဲ့ သဘင်ညီအစ်ကိုတွေက အကူအညီပေးမယ်လို့ ပြောခဲ့ကြကြောင်း အလင်းတန်းမှာ ဖော်ပြထားပါတယ်။

စွမ်းဇာနည်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ စွမ်းကိုယ်တိုင်လည်း ဒီပဋိပက္ခမှာ အမှားမကင်းတဲ့အတွက် တရားစွဲဆိုတာတွေ ဘာတွေ မလုပ်တာလို့ သိရတယ်။

စွမ်းရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာတော့ ပြဿနာဖြစ်ပြီးပြီးချင်း သူ့မိခင်က ပွဲမှာ ပျက်ဆီးသွားတဲ့ ကားအတွက် လင်ခရူဆာကားတစီး ပြန်ဝယ်ပေးခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့က ရေးတင်ထားတာ တွေ့ရတယ်။ စွမ်းဇာနည်က စွမ်း ဇာတ်သဘင်မှာ ခေါင်းဆောင်မင်းသား အဖြစ် ဦးဆောင်ပြီး ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် အဖြစ်ပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင် နေပါတယ်။

စွမ်းဇာနည်ဆိုတာ အရင်ကလည်း ပရိသတ်နဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ အတွက် သဘင်အစည်းအရုံးက ဇာတ်ကပြ ဖျော်ဖြေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရဖူးတဲ့သူ ဖြစ်ပါတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စမှာတော့ ၂၀၁၃ မှာ အသစ်ဖွဲ့စည်းထားတဲ့ သဘင်အစည်းအရုံးက စွမ်းဇာတ်သဘင်ကို ပိတ်ပင်ခြင်း ပြုမှာမဟုတ်တဲ့ အကြောင်း သဘင်အစည်းအရုံး ဗဟို အဖွဲ့ဝင် ဦးအေးချမ်းဆီက သိရ ပါတယ်။

စွမ်းဇာနည် ဇာတ်အဖွဲ့ ဖျော်ဖြေပွဲကို ကြည့်ဖူးသူတွေကတော့ စွမ်းဇာနည်ဟာ စတိတ်ရှိုး ဆိုရာမှာကော၊ စင်ပေါ်ကနေ ပရိသတ်ကို ပြောဆိုရာမှာပါ မယဉ်ကျေးတဲ့ အကြောင်း၊ ကြည့်ရှုသူ လူငယ်တွေ အနေနဲ့ သူ့အပေါ် မကျေမနပ် ဖြစ်နိုင်တယ်၊ ပြဿနာ များနိုင်တယ် ဆိုတဲ့အကြောင်း ဝေဖန်ကြပါတယ်။

ဇာတ်မင်းသား ဖိုးချစ်၊ စွမ်းဇာနည်နဲ့ ဟန်ဇာမိုးဝင်း

ဧရာဝတီ

အင်းလေးကန်ရေ မြင့်တက်ရေး ကိုယ်ထူကိုယ်ထ ရေတားဘောင် တည်ဆောက်နေ

၂.၅.၂၀၁၃၊ ကြာသပတေးနေ့


ရေ ခမ်းခြောက်မှု ကြုံတွေ့နေရသော အင်းလေးကန်၏ ရေမျက်နှာပြင် ပြန်လည် မြင့်တတ်လာရန်အတွက် ကန်အတွင်း၌ ရေတားဘောင်များကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဒေသခံများက တည်ဆောက်နေကြကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန် တောင်ဘက်ရှိ အင်းယား၊ မိန်းပျို၊ ဆီဆုံနှင့်ပုံးမူ ကျေးရွာအုပ်စု၌ ရေတားဘောင် ၄ ခု တည်ဆောက်ပြီး ဖြစ်ကြောင်းနှင့် ယင်းအကျိုးဆက်ကြောင့် ရေမျက်နှာပြင် တပေခန့် မြင့်တတ်လာခဲ့ပြီး စက်လှေများ သွားလာရေး အဆင်ပြေလာခဲ့ရကြောင်း အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
အင်းလေးကန်မှ ရေများအား မိုးဗြဲမြို့တွင် ရေကာတာဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ဘီလူးချောင်းမှ တဆင့် ကယားပြည်နယ် အတွင်းသို့ စီးဝင် သွားခြင်းဖြစ်သည်။

“၂၀၁၀တုန်းက အင်းလေးကန်မှာ အဆိုးရွာဆုံးရေခမ်းခဲ့တုန်းက ရေက အနုတ် ၁ ဒဿမ ၆၊ အခုက အနုတ် ၁ ဒဿမ ၄ အထိ ပြန်ဖြစ်နေပြီ” ဟု ၀န်ကြီး ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံခြားသားများ သွားရောက် လည်ပတ်မှုများသော အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပေါက် ဘုရားနှင့် ဟဲယာရွာမတို့တွင် ရေလမ်းကြောင်းများ ပေါ်ထွန်းစေရေးအတွက် စက်ယန္တရားများဖြင့် ညောင်ရွှေမြို့နယ် ဆည်မြောင်း ၀န်ကြီးဌာနက တူးဖော်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သော နှစ်က ကန်တွင်း၌ မိုးနည်းခဲ့ခြင်းကြောင့် ရေရရှိမှု လျော့နည်းခဲ့ပြီး ယခုနှစ်တွင်လည်း နေပူပြင်းမှု လွန်ကဲ ခြင်းကြောင့် ရေများအငွေ့ပျံနှုန်း များခဲ့ကြောင်း၊ ကန်အတွင်း ရေစီးဝင်သော ချောင်း ၄ ခုတွင် အဓိက ဖြစ်သော နန်းလှိုင်ချောင်း ရေကိုသာ ဒေသခံများ၏ နွေစပါး စိုက်ခင်းများအတွက် ခွဲဝေ သုံးစွဲခဲ့ခြင်းကြောင့် ရေခမ်းခြောက်မှု ဆိုးရွား ခဲ့ရခြင်း ဖြစ်ကြောင်း အင်းဝန်ကြီးက ပြောသည်။
“ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်နဲ့ ဆည်မြောင်းက ဆေးမြီးတိုနဲ့ ရေခမ်းလာတာကို အမြန်ကု နေရတာပါ၊ ဒေသခံတွေ အနေနဲ့ ပူးပေါင်းပါဝင်မှသာ ကန်ကြီးက အရင်အခြေအနေကို ပြန်ရောက်မှာပါ” ဟု အင်းလေးဒေသ အထူးဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ကိုရေအေးက ဆိုသည်။
ယင်းအဖွဲ့သည် ကန်အတွင်းရှိ ကျေးရွာများတွင် ကန်ထဲသို့ အမှိုက်မပစ်ချရေး ပညာပေး သင်တန်းများနှင့် အင်းလေးကန် ဒေသ မီးလင်းရေးအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အနေဖြင့် ၁၉၉၆ ခုနှစ်ကတည်းက အင်းလေကန်အတွင်း နုန်းမြေ ပို့ချမှုကို ထိန်းချုပ်နိုင်ရန် ရေစစ်ကန်များ၊ နုန်းတား တမံများ တည်ဆောက် ထားခဲ့သော်လည်း အကျိုးသက်ရောက်မှု နည်းကြောင်း၊ NGO များ အပါဝင် အဖွဲ့အစည်းများ အနေဖြင့် ဒေသခံများအား စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲမှု အကျိုးဆက် များနှင့် တခြား ပညာပေး သင်တန်းများ မကြာခဏ ပေးသော်လည်း ခိုင်မာသော Master Plan မရှိကြောင်းနှင့် ဒေသခံများ ပါဝင်ရေးစွဲရသော အစီအစဉ်များလည်း ချထားပေးသင့်ကြောင်း ကိုရေအေးက ဆိုသည်။
“ကန်ထဲမှာ ရေက မရှိသလောက် ဖြစ်နေတော့ စက်လှေတွေ မကြာခဏ တင်နေတယ်” ဟု အင်းလေးဒေသခံ လယ်ရှည် ရွာသား ကိုနန္ဒအောင်က ပြောသည်။

အင်းလေးကန် ထိန်းသိမ်းရေးအတွက် နော်ဝေအစိုးရက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးထားပြီး ယင်းငွေများကို UNDP မှ ကိုင်တွယ်စီမံ ခန့်ခွဲနေကြောင်း၊ ပရောဂျက် များဖြင့် သွားနေခြင်းကြောင့် ယခုကဲ့သို့ အင်းလေးကန် ရေခမ်းခြောက်မှု အရေးပေါ် အခြေအနေတွင် UNDP အနေဖြင့် ၀င်ရောက်ကူညီနိုင်ခြင်း မရှိကြောင်းနှင့် တခြားမည်သည့် အဖွဲ့အစည်းများကမှ ကူညီခြင်း မရှိသေးကြောင်း အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က ရှင်းပြသည်။

ယခုနှစ်တွင် အင်းလေကန်သို့ အဓိက စီးဝင်သော နန်းလှိုင်ချောင်းရေအား ညောင်ရွှေမြို့နယ် ရွာသာရွာ ကျေးရွာအုပ်စုနှင့် သီးလော ကျေးရွာအုပ်စုမှ ဧက ၂၅၀၀၊ တောင်ကြီးမြို့နယ်မှ ဧက ၅၀၀၊ နန်းသဲနှင့် တခြားရွာများမှ ဧက ၃၅၀   နွေစပါး စိုက်ခင်းများအတွက် ခွဲဝေသုံးစွဲခဲ့ကြကြောင်း၊ တချို့ရွာများတွင် ရေသွင်းစိုက်ပျိုးရန် အဆင်မပြေသဖြင့် စပါးအစား မြေပဲနှင့် တခြား သီးနှံများ ပြောင်းလဲ စိုက်ပျိုးကြကြောင်း သိရသည်။

ဧရာဝတီ

ရုရှား အာကာသယာဉ်မှူးများ အာကာသသို့ အိုလံပစ် မီးရှူးတိုင် ယူဆောင်သွားမည်

၂.၅.၂၀၁၃၊ ကြာသပတေးနေ့


ရုရှား အာကာသယာဉ်မှူး များသည် အာကာသသို့ အိုလံပစ် မီးရှူးတိုင်ကို ယူဆောင်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ Roscosmos အာကာသ စခန်းက ဧပြီ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
နိုင်ငံတကာ အာကာသစခန်း (ISS) မှ ရုရှား အာကာသယာဉ်မှူးများ အာကာသသို့ မီးရှူးတိုင် ယူဆောင်မည့် အစီအစဉ်ကို Roscosmos အာကာသ အေဂျင်စီက ထောက်ခံ အတည်ပြုကြောင်း အဆိုပါ အာကာသ စခန်းမှ ဒုတိယ အကြီးအကဲ ဗိုင်တလီဒါ ဗီဒေါ့ဗ်က ဒေသတွင်း သတင်းဌာန တစ်ခုသို့ ပြောကြားခဲ့သည်။

အဆိုပါ မီးရှူးတိုင်သည် အိုလံပစ် မီးရှူးတိုင်အစစ် မဟုတ်သော်လည်း မျက်မှောက်ခေတ် အိုလံပစ် ပွဲတော်တွင် အသုံးပြုမည့် မီးရှူးတိုင် အမျိုးအစားနှင့် တထေရာတည်း တူညီကြောင်း ဒါဗီဒေါ့ဗ်၏ ပြောကြား ချက်ကို ကိုးကား၍ အင်တာဖက်စ် သတင်းအေဂျင်စီက ထုတ်ပြန် ကြေညာခဲ့သည်။

အိုလံပစ် အာကာသ လမ်းလျှောက်ပွဲ အစီအစဉ်ကို အိုလံပစ် အားကစားပွဲတော် ကျင်းပရေး ကော်မတီက သဘော တူညီခဲ့ပြီး နိုင်ငံတကာ အာကာသစခန်းတွင် မီးထွန်းညှိခြင်းကို တားမြစ် ထားသောကြောင့် အဆိုပါ မီးရှူးတိုင်ကို မီးထွန်းညှိမည် မဟုတ်ကြောင်း တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

မြ၀တီ

မော်ရင်ဟိုနှင့် ချဲလ်ဆီး စာချုပ်ချုပ်ဆိုပြီးခဲ့ဟု Goal.com ဖော်ပြ

၂.၅.၂၀၁၃၊ ကြာသပတေးနေ့



ဒေါ့မွန်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အပြီးတွင် မိမိကိုချစ်သည့် ပရိသတ်များရှိရာ အသင်းသို့ ပြောင်းရွှေ့လိုသည်ဟု ရီးရဲလ်နည်းပြ မော်ရင်ဟိုက ၀န်ခံလာခဲ့သည်။ မော်ရင်ဟိုမှာ ရီးရဲလ်ကစားသမားများနှင့်ပြဿနာဖြစ်ပွားခဲ့ဖူးပြီး အသင်းတာဝန်ရှိသူများ၏လွမ်းမိုးမှုကြောင့် ရီးရဲလ်မှထွက်ခွာလိမ့်မည်ဟုဖော်ပြမှုများရှိခဲ့ကာ ယခုအခါတွင် ၎င်းကိုယ်တိုင် တရားဝင်ဖွင့်ဟလာ ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ချဲလ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ကလည်း မိမိတို့အားလုံး မော်ရင်ဟိုပြန်လာမည့်အချိန်ကို မစောင့်ဆိုင်းနိုင်သည်အထိဖြစ်နေကြသည်ဟု ဆိုသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့်အတူ အောင်မြင်မှုများ
ရယူထားနိုင်သူဖြစ်ပြီး ချဲလ်ဆီးအသင်းသားအားလုံး မော်ရင်ဟိုအပေါ်လေးစားကြခြင်းကြောင့် ၎င်းသာပြန်လည်နည်းပြပါက ချဲလ်ဆီးအနေဖြင့် ချန်ပီယံ ဆုများကို အဓိကစိန်ခေါ်နိုင်သည့် အသင်းတစ်သင်းဖြစ်လာမည်ဟု အီဗန်နိုဗစ်က ပြောကြားခဲ့သည်။

ထွက်ပေါ်နေသောသတင်းများအနက် Goal.com ၏ဖော်ပြချက်အရ မော်ရင်ဟိုမှာ လာမည့်ရာသီ တွင် ချဲလ်ဆီးကို ပြန်လည်ကိုင်တွယ်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချဲလ်ဆီးမှာ မော်ရင်ဟိုကို ၃နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည့်အပြင် အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအိုကိုလည်း ယူရို ၅၉သန်း လျှော်ကြေးပေး၍ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း Goal.com မှ ရေးသားဖော်ပြထားသည်။

ရိုးရာလေး

1.5.13

တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများနှင့် အဂတိတရား လိုက်စားသူများကြောင့် တရုတ်ပြည်သို့ မှောင်ခိုသစ် ခိုးထုတ်မှု အရှိန်မြင့်တက်

woodunofficialexport-may1တရုတ်မြန်မာ နယ်စပ်ဒေသရှိ သစ်မှောင်ခိုကားများအား ဧပြီလဆန်းပိုင်းတွင် တွေ့ရစဉ်
တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများနှင့် အဂတိတရား လိုက်စားသူများကြောင့် မှောင်ခိုသစ် ခိုးထုတ်မှု အရှိန်မြင့်တက်လာကြောင်း တရုတ်-မြန်မာနယ်စပ်မှ ပေးပို့သော သတင်းများအရ သိရသည်။
"ကျွန်တော်တို့ ရွှေလီဘက်မှ တွေ့ရတဲ့ သစ်ပုံတွေက မြင်မကောင်း ကြည့်မကောင်းပဲ။ ထားစရာ နေရာတောင် မရှိသလောက်ပါ။ မြန်မာပြည်မှာကော သစ်တောတွေ

'၀'သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့ဟု သတင်းထွက်ပေါ်ခဲ့ပြီး မဟုတ်မှန်ကြောင်း '၀' ဘက်မှ ငြင်းဆို

5.1.2
'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA) သို့ စစ်ရဟတ်ယာဉ် ငါးစင်းပေးပို့ခဲ့ကြောင်း Janes Intelligence ၀က်ဘ်ဆိုက်တွင် ဧပြီ ၂၉ ရက်က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း '၀' ဘက်က ငြင်းဆိုခဲ့သည်။

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူ အချို့အား ဖမ်းဆီး

5.1.1စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါလီကလေးငယ်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ်       
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေအား စစ်ဆေးခြင်းအပေါ် လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့်ရှ်ပြန် ရခိုင် ၆၀၀ ခန့် အခက်အခဲတွေ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စုပေါင်း ၁၆၀ ကျော် ရွှေ့ပြောင်းအခြေချနေထိုင်လာကြပြီး သူတို့ရဲ့စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။