ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.5.13

ထားဝယ်စီမံကိန်းနစ်နာချက်များ သတင်းစာရှင်း


၁၇.၅.၂၀၁၃၊ သောကြာနေ့
 

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်းမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတာကြောင့် နစ်နာတာတွေကို အများပြည်သူသိရှိစေဖို့ ရန်ကုန်မြို့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ထားဝယ်ဒေသခံတွေက ဒီကနေ့ (မေလ ၁၆ ရက်နေ့)မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

" အဓိကကတော့ ထားဝယ်မြို့နယ်မှာရှိတဲ့ လယ်သိမ်းတဲ့ ကိစ္စတွေကို ဦးတည်ပြီးတော့လာလုပ်ပါတယ်၊ ဒီထဲမှာ ထားဝယ်မြို့ပေါ်မှာ ကုမ္ပဏီက သိမ်းလိုက်တဲ့ မြေကိစ္စပါတယ်၊ တပ်ကမြေသိမ်းတဲ့ကိစ္စပါတယ်၊ အများဆုံးကတော့ ကုမ္ပဏီနဲ့ အစိုးရပေါင်းပြီးတော့ သိမ်းထားတာများတာပေါ့"

ထားဝယ်ဒေသမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေ ဧက (၁) ထောင်ကျော်လောက်ကို ၁၉၉၀ ခုနှစ်တွေကနေ ၂၀၁၀ ခုနှစ်နောက်ပိုင်းအထိ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

မြေယာ သိမ်းဆည်းခံ ပြည်သူတွေဟာ လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီကို တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ တစုံတရာ ဆောင်ရွက်ပေးတာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။

RFA

၂၀၀၉ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်လက်ခံရယူ


၁၇.၅.၂၀၁၃၊ သောကြာနေ့

တောင်ကိုးရီးယားနိင်ငံမှာရောက်ရှိနေတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်ဟာ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ က ရွေးချယ် ချီးမြှင့်ခဲ့တဲ့ Gwanju လူ့အခွင့်အရေးဆုကို ဒီကနေ့ အထူးအခမ်းအနားနဲ့ ကိုယ်တိုင်လက်ခံရယူခဲ့တယ်လို့ ကိုမင်းကိုနိုင်ရဲ့ ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်နေတဲ့ NLD လွတ်မြောက်နယ်မြေတောင်ကိုးရီးယားဌာနခွဲက ဦးရန်နိင်ထွန်းက RFA ကို ပြောပါတယ်။

" လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က မင်းကိုနိုင်ရခဲ့တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ကိုမင်းကိုနိုင်ကို ဒီနေ့မေလ ၁၆ ရက်နေ့မှာ အခမ်းအနားတစ်ရပ်အနေနဲ့ ကျင်းပပြီးတော့ ပြန်လည်ချီးမြှင့်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်၊ တကယ်တမ်း အခမ်းအနားကျင်းပတာကတော့ မေလ ၁၈ ရက်နေ့မှာ ၂၀၁၃ ခုနှစ်အတွက် ဂွမ်းဂျူးလူ့အခွင့်အရေး ဆုရတဲ့သူကိုလည်းဆုချီးမြှင့်မှာပေါ့"

ဆုပေးပွဲအခမ်းအနားဟာ နှစ်စဉ်မေလ ၁၈ ရက်မှာ ကျင်းပလေ့ရှိပေမယ့် အထူးအခမ်းအနားအနေနဲ့ ဒီကနေ့ ကိုမင်းကိုနိင်ကို ဆုချီးမြှင့်ပေးအပ်ခဲ့တာပါ။

၁၈ ရက်နေ့ ကျင်းပမယ့်အခမ်းအနားကိုလည်း ကိုမင်းကိုနိင်တက်ရောက် မယ်လို့ သိရပါတယ်။

အဲဒီနောက်လူ့အခွင့်အရေးအတွက်ကျဆုံးသွားကြတဲ့ကျောင်းသားတွေရဲ့အုတ်ဂူတွေမှာ သွားရောက်ဂါရဝပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

RFA

16.5.13

ရန်ကုန်သားတို့ KFC မြည်းနိုင်ဖို့ အမေရိကန်သံရုံး ကူညီ


၁၆.၅.၂၀၁၃၊ ကြာသပတေးနေ့

KFC ဆိုင် မြန်မာပြည်မှာ မဖွင့်သေးပေမယ့် ရန်ကုန်မှာ နေထိုင်သူတချို့ကတော့ KFC အကြော်တွေကို မြည်းခဲ့ကြပြီးပါပြီ ဆိုတာကို  ရန်ကုန်မြို့အမေရိကန်သံရုံးFacebook မှာ ဒီကနေ့ တွေ့ရမှာပါ။

 Yum! ဆိုတဲ့ အမေရိကန် လုပ်ငန်းကြီးက အမြည်းကျွေးခဲ့တာပါ။ ဒီလုပ်ငန်းကြီးဟာ  KFC, Pizza Hut နဲ့ Taco Bell ဆိုတဲ့ ဆိုင်ကြီးတွေကို စုစည်းထားတာပါ။

 KFC ဆိုင်ဖွင့်ဖို့ နေရာ ရှာနေတယ်၊ ဖွင့်ဖြစ်ရင်တော့ အလုပ်အကိုင်သစ်တွေ၊ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်လုပ်ငန်း သဘောသဘာဝတွေနဲ့လာဖို့ မျှော်လင့်ကြောင်း Yum! လူကြီးမင်းတို့က KFC မြည်းစမ်းတဲ့ အခမ်းအနားမှာ ရှင်းပြပါတယ် တဲ့။ 
  
KFC ရဲ့ အမြတ်ငွေ ၇ဝ%ထက်မနည်း ဘယ်ကလာသလဲ ဆိုတော့ အမေရိကန်ပြည်ထောင်စု အပြင်ဘက်ကနေ လာတယ်လို့ ဆိုတယ်။ (ဆရာဝန်တို့က မည်သို့ပင် ဟန့်တားစေကာမူ ဆီစိမ်ပြီးကြော်တာကို နိုင်ငံတကာမှာ နှစ်သက်ကြတယ်ဆိုတဲ့ သဘောပေါ့။)

အမေရိကန်သံရုံး Facebook မှာ ဒီပုံတွေ၊ အချက်အလက်တွေ တင်လိုက်တော့ မှတ်ချက် ၂ ခု အခုလေးတင် တက်လာပါတယ်။ 

ရန်ကုန်အမေရိကန်သံရုံးက KFC နာမည်ကြီးအောင် လုပ်နေတာလား၊ ဒီအစားအစာဆိုင်က ကမ္ဘာ့ ကျန်းမာရေးနဲ့မညီညွတ်ဆုံးထဲမှာ ပါတယ် လို့ မှတ်ချက်တခုက ဆိုတယ်။

နောက်တခုကလည်း အငေါ်တူးထားတာပါပဲ - KFC ကို ကြော်ငြာပေးတာ သံရုံးအလုပ်လား တဲ့။

သံရုံးအလုပ် မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ဟုတ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။KFC ဆိုတာ အမေရိကန်တို့ ကမ္ဘာအရပ်ရပ်မှာ ဖွင့်ထားတဲ့ဆိုင်မဟုတ်လား။

အမေရိကန် ယဉ်ကျေးမှု၊ အမေရိကန် စီးပွားရေးအတွက် ဆိုတော့ သံရုံးက ကြော်ငြာပေးရတော့မှာပေါ့။

နောက်ဆုံးတော့ ... KFC လည်း တခါတရံစားပါ၊ ကျန်းမာရေးကောင်းဖို့ လုပ်သင့်တာတွေလည်း လုပ်ပါလို့ ဆိုရမယ် ထင်ပါတယ်။

သိပ်မကြာသေးခင်ကပဲ KFC ကို မူပိုင်လုပ်ချင်တဲ့ မြန်မာလုပ်ငန်းရှင် ပေါ်လာပါသေးတယ်။ ဒီအကြောင်း ဧရာဝတီဘလော့မှာ KFC တရားစွဲခံရတော့မည်လော ဆိုပြီး ဖော်ပြခဲ့တာပါ။ ပြန်ဖတ်မယ်ဆိုရင် http://blog.irrawaddy.org/2013/03/kfc_12.html မှာ ရှိပါတယ်။

ရန်ကုန်မြို့ န၀ဒေးလမ်းမှာ KFC ဆိုင် ဖွင့်တော့မလိုလိုဖြစ်ခဲ့တဲ့ မြေညီထပ်အခန်းကြီးက အခုထိတော့ ဘာမှ ထူးခြားမလာသေးပါဘူး။
KFC ရုပ်ပုံတွေကို ပြန်ဖြုတ်ထားတယ်ဆိုတော့ အဲဒီနေရာမှာ KFC နာမည်နဲ့ မဖွင့်ဖြစ်တော့ဘူး ထင်ပါတယ်။ သို့သော်လည်း KFG, KBG စသဖြင့် ဆင်တူယိုးမှားလုပ်ပြီး ကြက်ကြော်ရောင်းလာနိုင်ပါတယ်။

အမေရိကန်ပုံရိပ်တွေကတော့ မြန်မာပြည်မှာ တခုပြီးတခု ရောက်လာပါပြီ။
Pepsi, Coke တို့ကို ရေခဲစိမ်ပြီး သောက်နေကြပြီ။ 
အရင်တပတ်က Ford ကား ဆိုပြီး မိတ်ဆက်ပွဲမှာ အမေရိကန်သံအမတ် ကိုယ်တိုင် တက်ပါတယ်။မြန်မာပရိသတ်က အမေရိကန် Ford ကားကို ၀ယ်စီးဖို့ တုံ့ဆိုင်းကြဖွယ် ရှိပေမယ့် KFC ဆိုင် ဖွင့်လာရင်တော့ ကြက်ကြော်ကို ဈေးကြီးကြီးပေးပြီး သွားစားဖို့ အသင့်ဖြစ်နေတဲ့သူ အများအပြား ရှိနေပါတယ်။

ဧရာဝတီBlog

01B MAHASEN ရဲ့ (၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် နောက်ဆုံးအခြေအေန


၁၆.၅.၂၀၁၃၊ ကြာသပတေးနေ့
 
 

(၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် မိုးလေ၀သဂြိုဟ်တုတိမ်ပုံအရ Mahasen ဆိုင်ကလုန်းဟာ အနောက်လေစီးကြောင်းများအတွင်း အရှေ့မြောက်ဖက်ကို ရွေ့လာပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ နှစ်နိုင်ငံနယ်စပ်တလျှောက်ကနေပြီး အရှေ့မြောက်ဖက်ကို ဆက်လက်ရွေ့နေပါတယ်။ ကုန်းတစ်ဝက် ရေတစ်ဝက်အနေအထားမို့ ပိုမိုအားကောင်းလာ ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။

နေ့ရက်။ ၁၆-၅-၂၀၁၃
အချိန်။ နံနက်(၆)နာရီခွဲအချိန်။
လတ္တီတွဒ်။ 20.5°N
လောင်ဂျီတွဒ်။ 89.9°E
ဦးတည်ရာ။ 40°
နှုန်း။ တစ်နာရီ (၁၄.၅)မိုင်နှုန်း။
လေတိုက်နှုန်း။ တစ်နာရီ မိုင်(၆၀)
လေပုန်း။ တစ်နာရီ မိုင်(၇၅)မိုင်
မုန်တိုင်းအချင်းဝက်။ (၈၅)မိုင်
ဗဟိုအနီးရေလှိုင်း။ (၁၂)ပေ
မောင်တောကမ်းခြေ မုန်တိုငးဒိရေ။။ ၁ ပေမှ ၂ ပေ

ယခင် ခန့်မှန်းထားတဲ့အတိုင်း ထိခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ဖက်ပိုများပါလိမ့်မယ်။ ၀င်တာခန့်မှန်းတာထက် ပိုစောနိုင်ပါတယ်။ 

ဒေါက်တာထွန်းလွင် (MCCW)
Tun Lwin

15.5.13

ကမ္ဘာကျော် Starbucks ကော်ဖီဆိုင် မြန်မာနိုင်ငံကို ၀င်ရောက်ရန် စိတ်ဝင်စား


၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ကမ္ဘာကျော် Starbucks ကော်ဖီက မြန်မာနိုင်ငံကို ၀င်ရောက်ရန် မျက်စိကျနေကြောင်း Starbucks မှ စီအီးအိုက ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် ပြောကြားလိုက်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

Starbucks စီအီးအိုက မြန်မာနိုင်ငံသို့ လာမည့်နှစ် အနည်းငယ်အတွင်း ၀င်ရောက်ရန် ရည်ရွယ်ထားသည်ဟု ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် တည်ထောင်မှု ၁၅ နှစ်ပြည့်အဖြစ် ကျင်းပသည့်ပွဲတွင် ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကော်ဖီဆိုင်ခွဲများစွာ ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်းက နောက်လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် အရေအတွက်ကို ယခုထက် နှစ်ဆဖြစ်သည်အထိ ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ထားပြီး အမေရိကန်နိုင်ငံ၏ ပြင်ပတွင် ပထမဆုံး Starbucks Community Store ကို ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ Community Store ၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်များကို ဒေသခံများလည်း ခံစားရစေရန် မျှဝေမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မဟာဆန်မုန်တိုင်း ကြာသပတေးမှာ အားအကောင်းဆုံး ဖြစ်နိုင်


မေလ ၁၅ ရက်



မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.....
 
၁၅-၅-၂၀၁၃ ရက်
နံနက် ၀၅း၃၃ နာရီအချိန်။

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့
အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း)
အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့်
ဆက်လက် ရွေ့လျားနေခဲ့ပါတယ်။

(၃) မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH) နှုန်း ရှိနေပါတယ်။

(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုပဲ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းပါတယ်။

(၅) နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင်
မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။

(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ
မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်
အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင်း မျောပါရွေ့လျားနေနိုင်ပါတယ်။

(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ
အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့
လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။

(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ
ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။

(၉) မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။

(၁၀) မုန်တိုငးဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

မှတ်ချက်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာရှိရာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ပိုင်း ပင်လယ်ပြင်ထဲတိုးဝင်လာတဲ့အခါ
ပိုမို ပူနွေးနေတဲ့ ရေပြင်ကြောင့် ပိုအားကောင်းလာနိုင်ပါတယ်။

ဧရာဝတီblog

မဟာဆန်မုန်တိုင်းနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ ဒီမနက်ခန့်မှန်းချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

သံတမန်ဝန်ထမ်းဟန်ဆောင်ထားသည့် CIA အေးဂျင့်အား ရုရှား ဖမ်းဆီး


၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေးအရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင် သံတမန်ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ တာဝန်ထမ်းဆောင်နေသော အမေရိကန် CIA အေးဂျင့်တစ်ဦးအား မော်စကိုမြို့တွင် ရုရှား တန်ပြန်ထောက်လှမ်းရေးဌာနက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း RT News တွင် ဖော်ပြသည်။ ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးလိုက်သည့် CIA အေးဂျင့်၏အမည်မှာ ရိုင်ယန်ခရစ္စတိုဖာ ဖော့ဂ်လီဖြစ်ကြောင်း၊ ၎င်းသည် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ နိုင်ငံရေးရာဌာနတွင် သံတမန်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရုရှား Federal Security Service (FSB) က အတည်ပြု ပြောကြားသည်။

Planet

14.5.13

“ရှမ်းပြည်နယ်မှ အစ္စလာမ်ဘာသာဝင် အလှူရှင်များ စုပေါင်း၍ မိထ္တီလာ ဒုက္ခသည်သို့ လူမျိုးဘာသာမရွေး ဒု-အကြိမ် သွားရောက်လှူဒါန်း”


မေလ ၁၄ ရက်
 

မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္တီလာအကြမ်းဖက်မှုမှ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ စုပေါင်း၍ ဒုတိယအကြိမ်အဖြစ် (၁၁- ၅-၂၀၁၃)ရက်နေ့တွင် သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သိရပါသည်။

အလှူရှင်အဖွဲ့သည် မိတ္ထီလာမြို့ ဗဟိုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဒုက္ခသည်စခန်း(၄)ခု၊ ဇီးပင်ပေါက်၊ က္ကုကိုပေါက်၊ ဘုရားလေးကုန်း၊ ယင်းတော်နှင့် ရမည်းသင်းမြို့အနီးရှိ ရွာတန်း ဒုက္ခသည်များ အသီးသီးထံသို့ အ၀တ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ မိထ္တီလာ ဒုက္ခသည်များအား ထိရောက်စွာကူညီ လှူဒါန်းနိုင်ရေး အတွက် တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ အခြားမြို့များမှ အဖွဲ့ဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ပန်းသေးမိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ အလှူရှင်များအားလုံး စုပေါင်းပါဝင်ကာ ကူညီလှူဒါန်းရေးကော်မတီတရပ်ကို (၂၄-၃-၂၀၁၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အလှူငွေလက်ခံခြင်း၊ အ၀တ်
အထည်နှင့် စားသောက်ကုန်များလက်ခံခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်

M-Media

ဆိုင်ကလုန်းမုန်တိုင်း MAHASEN မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်


၁၄.၅.၂၀၁၃၊ အင်္ဂါနေ့
JTWC မှ မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ခန့်မှန်းပုံဖေါ်ထားသည့် မုန်တိုင်း လမ်းကြောင်း ဖြစ်ပါသည်(အောက်)

 
ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN သည် JTWC မှ မေလ ၁၃ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် ရရှိသည့် အချက်အလက်များ၊ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ မိုင်၊၊ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၇၂ဝ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၇၁၅ မိုင်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝမိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပါသည်။ အထက်ပါ ဗဟိုပြုနေရာမှ နောက် ၆ နာရီအတွင်း မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားနိုင်ကြောင်း JTWC မှ ပုံပါအတိုင်း ခန့်မှန်းဖေါ်ပြထားပါသည်။

မုန်တိုင်း၏ လက်ရှိအရွယ်အစားမှာ အချင်းမိုင် ၁၄ဝ ခန့် ရှိပြီး၊ မေလ ၁၄ ရက် ၁၈၃ဝ နာရီ MST တွင် အချင်း မိုင် ၁၉ဝ ခန့်သို့လည်းကောင်း၊ မေလ ၁၅ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၁ဝ ခန့်သို့ လည်းကောင်း၊ မေလ ၁၆ ရက် ၁၈၃ဝ နာရီ(MST)တွင် အချင်းမိုင် ၂၃ဝ ကျော်အထိလည်းကောင်း အရွယ်အစားတဖြည်းဖြည်းကြီးမားလာကာ ပိုမိုအားကောင်းလာပြီး အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

ယခုလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားမည်ဆိုပါက ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်အကွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တောင်ဘက် ၂၇ မိုင်ခန့်မှ ကုန်းတွင်းကို – အားကောင်းသော အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး၊ ကုန်းတွင်းသို့ ကျော်ဖြတ် ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း ၇ဝ နော်တီကယ်မိုင်(တစ်နာရီလျှင် ၈ဝ.၅၅ မိုင် သို့မဟုတ် ၁၂၉.၆ ကီလိုမီတာ) နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။

JTWC မှ နာရီ ၁၂ဝ အထိ ကြိုတင် ခန့်မှန်းချက်အရ မုန်တိုင်း MAHASEN သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် – ချင်းပြည်နယ်မြောက်ပိုင်း ကလေးမြို့ အနီးမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မော်လိုက်၊ ဘန်းမောက် မြို့များအနီးမှလည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကို ဖြတ်သန်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့အနီးသို့ မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

13 May 2013 1200Z 
Location: 12.4 85.7 
Winds: 50 knots 
Central Pressure: 985 hPa


MMweather Page

Facebook မှာ နာမည်ပြောင်းလိုက်တဲ့ အေးဝတ်ရည်သောင်း

၁၄.၅.၂၀၁၃၊ အင်္ဂါနေ့
 

မော်ဒယ် သရုပ်ဆောင် အေးဝတ်ရည်သောင်းက သူ့Facebook နာမည်ကို လစ်ဇီပေါက်စီ လို့ ပြင်လိုက်ပါပြီ။ 

"ယနေ့မှစပြီး Account name အား Aye Wut Yi Thaung မှ
Lizzy Paukc သို့ပြောင်းလိုက်ပါကြောင်း အသိပေးအပ်ပါသည် ရှင်။
ကျေးဇူးတင်ပါတယ် ရှင်" လို့ လွန်ခဲ့တဲ့ ၆ နာရီကျော်ကျော်က Facebook မှာ ပြောလိုက်ပါတယ်။

Lizzy ဆိုတာ သူ့ရဲ့ ခရစ်ယာန်အမည် Elizabeth ကနေ လာတယ်၊
ပေါက်စီကတော့ သူ့ရဲ့ ငယ်နာမည် အိမ်နာမည်ပါတဲ့။ 

အထင်ကရတွေထဲက ထွန်းအိန္ဒြာဗို၊ ရဲတိုက် တို့ရဲ့ Facebook စာမျက်နှာတွေအကြောင်း ဧရာဝတီ ဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။

http://blog.irrawaddy.org/2013/04/blog-post_5008.html တို့မှာ ဖြစ်ပါတယ်။

ပေါက်စီ အကြောင်း ပြန်ဆက်ရရင် ၁၂နှစ် သမီး အရွယ်မှာ မော်ဒယ်
လောကထဲရောက်၊ ၁၄ နှစ်အရွယ်မှာ ရုပ်ရှင်လောကထဲရောက်သွားသူပါ။

ပေါက်စီရဲ့ Facebook မှာ ရေးထားချက်အရ သူက ရန်ကင်း အထက 
၂ မှာ တက်ခဲ့တယ်၊ ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒအထူးပြုတက်ခဲ့တယ်လို့ သိရပါတယ်။

သူငယ်ချင်း နှစ်ထောင်ကျော် လက်ခံထားတဲ့ သူ့လိပ်စာhttp://www.facebook.com/ayewutyi.thaung.1 ပါ။ အခု တွေ့ရတဲ့ပုံတွေကို အဲဒီစာမျက်နှာကနေ ယူပါတယ်။

ဧရာဝတီblog