ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.6.13

နှစ်ဖက်တပ်များချထားရေး အပါအ၀င် လာမည့်ဆွေးနွေးပွဲများအတွက် အစိုးရနှင့် ကေအင်န်ယူတို့ ရန်ကုန် မြို့၌ ဆွေးနွေး

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဇွန် ၁၅ ရက် ဆွေးနွေးပွဲအပြီး MPC ၌ တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

လာမည့် ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင် အမျိုးသားအစည်းအရုံးတို့ ဇွန် ၁၅ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင်တွေ့ဆုံပြီး အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်ခေါင်းဆောင်များ၊ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်တို့ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "မတွေ့တာ လည်း ကြာပြီ။ နောက် ပြီး သူတို့နဲ့ Code of Conduct ဆွေးနွေးဖို့ ရှိတယ်။ အဲဒီအဖွဲ့နဲ့ရောပြီးလာကြတာပါ။ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး လည်းပါတယ်။ တကယ်ဆွေးနွေးမှာက အောက်ခြေကလူတွေပဲ ဆွေးနွေးကြတာ ပါ။ ခေါင်းဆောင်ပိုင်းက လူတွေက မတွေ့တာ ကြာပြီ။ အဲဒါကြောင့် နှစ်ဖက်ပြောချင်တာလေးတွေ ပြောဖို့ ခဏတွေ့ကြတာပါ" ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်များနှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တွေ့ဆုံပြီး နှစ်ဖက်လိုက်နာရမည့် Code of Conduct ကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး တပ်နေရာ ချထားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။ "နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများအား ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အခိုင်အမာ ရှိမှသာလျှင် တပ်နေရာ ချထားရေးများအား လုပ်ဆောင်နိုင်မယ် ဖြစ်တယ်" ဟု KNU အဖွဲ့ခေါင်းဆောင် ဖဒိုမန်းညိမ်းမောင်က ဇန်န၀ါရီလ အတွင်းက ပြောကြားထားသည်။

"အိပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးသွားရင် စစ်မြေပြင် လိုက်နာရမယ့် စည်းကမ်းများဆိုတာ လုပ်ရတယ်။ အဲဒါမှလည်း ဟိုဘက်ဒီဘက် ဘာတွေထိန်းရမယ်ဆိုတာ သိရမယ်။ ကေအင်န်ယူဘက်ကရော တပ်ဘက်ကရော ပြည်သူလူထုရော လိုက်နာရမယ့် စည်းကမ်းလေးတွေချပြီး ရေးကြတာပေါ့။ အဲဒါတွေ ညှိနှိုင်းပြီး လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ပိုခိုင်မာအောင် လုပ်တာပေါ့။ တကယ့် အစည်းအဝေးကြီး မဟုတ်ပါဘူး။ အလွတ်သဘောပါပဲ။ အောက်ခြေအဆင့်မှာ ဘာတွေလုပ်ရမယ် ဆို တာ ပြောထားမှ တကယ်ဆွေးနွေးတဲ့အခါ အဆင်ပြေမှာလာမယ့် ဆွေးနွေးပွဲတွေအတွက် ရည်ရွယ် တာပေါ့" ဟု ပြောကြားသည်။ အစိုးရနှင့် ကေအင်န်ယူတို့သည် Code of Conduct နှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

EMG

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကုမ္ပဏီ ၁၄၀ ကျော် မှတ်ပုံတင်ထား

ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများနှင့်ပူးပေါင်းဆောင် ရွက်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီများမှာ ဇွန် ၁၂ ရက်အထိ ၁၄၀ ကျော် ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာထိပ်တန်း စီးပွားရေး လုပ်ငန်းများဖြစ်သော ရွှေတောင်၊ ဧဒင်နှင့် IGE ကုမ္ပဏီတို့ အပါအ၀င် မြန်မာ ကုမ္ပဏီ ၁၄၀ ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဇ၊ အေ၀မ်း၊ ပတ္တမြားနဂါး၊ တာမိုးညဲချမ်းသာ အစရှိသည့် ကုမ္ပဏီများလည်း မှတ်ပုံတင် ပြီးဖြစ်ကာ ဇွန် ၁၂ ရက်အထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၁၄၅ ခုရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်တွင်းလုပ်ကွက် ၁၈ ကွက်ကို တင်ဒါခေါ်ယူခဲ့ ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများ လျှောက်ထားခဲ့ကြောင်း သိရပါသည်။ ကမ်းလွန်လုပ်ကွက် များကိုလည်း တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၁၈ ကွက်ကို ပထမ အကြိမ် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၃၇ ခု အဆိုပြု တင်ပြခဲ့ပြီး ထိုကုမ္ပဏီ များအနက် ရှစ်ခုကို လုပ်ကွက် ၁၀ ကွက်တွင် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ လုပ်ကိုင်ခွင့် ပြုခဲ့ပြီးဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အကျိုးအမြတ် ပိုမိုရရှိစေရန် ကုန်းတွင်း၊ ကမ်းဝေး ရှာဖွေရေးပိုင်းကို အားစိုက်ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ကမ်းလွန်ရေနံ ရှာဖွေရေး လုပ်ငန်းကို အသွင်ပြောင်း ဖွဲ့စည်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တူးဖော်ထုတ်လုပ် ရောင်းချနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း နှစ်ခုရှိပြီး ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ ဖြစ်သည်။ ထို့ပြင် ယခုနှစ် အတွင်း ဇောတိကနှင့် ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

EMG

၂၀၁၃-၁၄ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပပို့ကုန် တင်ပို့မှု ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့ကျ

မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ နှစ်လတာ ကာလအတွင်း နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများ မှ ပြည်ပပို့ကုန်တင်ပို့မှုမှ ရရှိငွေပမာဏမှာ ယခင်ဘဏ္ဍာနှစ် နှစ်လတာကာလ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့နည်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ပြည်ပပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၂ ဒသမ ၆၆၆ သန်း ရရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၈၆ ဒသမ ၃၁၅ သန်း ရရှိခဲ့သဖြင့် ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ ၁၈၃ သန်းကျော် လျော့နည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တု တွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော အစရှိသည့် ကုန်ပစ္စည်းများကို နယ်စပ်ကူးသန်း ရောင်း ၀ယ်ရေး စခန်းများမှ ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း သတ္တုတွင်းထွက်၊ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ၀င်ငွေလျော့နည်း ရရှိခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းထွက်တင်ပို့မှု တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်လျော့ နည်းခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ခြင်းမှလည်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် လျော့ နည်းရရှိခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှု လျော့နည်းရခြင်းမှာ တရုတ်နိုင်ငံ က မြန်မာနိုင်ငံမှ အသားနှင့် အသားထွက်ကုန် တင်သွင်းမှုကို ပိတ်ပင်ထားခြင်းကြောင့် တရားဝင်တင်ပို့မှု မှာ လျော့နည်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိငွေ လျော့ကျနေသော်လည်း သွင်းကုန်တင်သွင်းမှု အပိုင်းတွင်မူ ယခင်ဘဏ္ဍာနှစ် နှစ်လတာကာလ တင်သွင်းမှုထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် ပိုမိုခဲ့ကြောင်း သိရသည်။ ယခု ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လတာကာလ ပြည်ပမှ အမေရိကန်ဒေါ်လာ ၃၁၁ ဒသမ ၆၉၄ သန်းကျော်ဖိုး တင်သွင်းခဲ့ပြီး ယခင်နှစ် နှစ်လတာကာလက အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၃၉၀ သန်းဖိုးသာ တင်သွင်းခဲ့သဖြင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်ဖိုး ပိုမိုတင်သွင်းခဲ့သည်။

EMG

မလေးရှားမှပြန်လာသူ ရန်ကုန်လေဆိပ်တွင် ငွေကျပ်တစ်သိန်း ပေးဆောင်ရခြင်းမှာ မဟုတ်ဟု တာဝန်ရှိသူ ရှင်းလင်း

ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ဝေသော First Weekly ဂျာနယ်တွင်ပါရှိသည့် မလေးရှားနိုင်ငံမှ ရန်ကုန်သို့ပြန် လာသူတစ်ဦး ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၏ စစ်ဆေးရေးကောင်တာတွင် ငွေကျပ် တစ်သိန်းပေးဆောင် ရသည်ဟု ဖော်ပြခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။ 

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံ ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်

မှော်ဘီမြို့နယ်ရှိ Coca-Cola အချိုရည် စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံကို ယခုနှစ် အတွင်း ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း Coca-Cola နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်နေသည့် Pinya Manufacturing Co Ltd Commercial Director ဦးအောင်ဝင်းက ပြောကြားသည်။ "လက်ရှိစက်ရုံရဲ့ ကုန်ထုတ်လုပ်မှုလိုင်းက နည်းနေတယ်။ ကုန်ပစ္စည်း တစ်မျိုးထုတ်ရင် တစ်မျိုးနားထားရတယ်။ ဒါကြောင့် စက်ရုံကို တိုးချဲ့သွားမှာပါ။ လိုင်းဘယ်နှလိုင်း ချဲ့မယ်ဆိုတာတော့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်" ဟု ဦးအောင်ဝင်းက ရှင်းပြသည်။
 
နာမည်ကျော် အချိုရည်ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Coca-Cola မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း နှစ်သောင်းကျော် ဖန်တီးပေးသွားမည် ဖြစ်ကြောင်း Coca-Cola ၏ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စတင်သည့် ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ Coca-Cola စက်ရုံဖွင့်လှစ်ခြင်းသည် Coca-Cola မှ မြန်မာနိုင်ငံ တွင် နောက်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော အမေရိကန်ဒေါ်လာသန်း ၂၀၀ ထဲမှ အစီအစဉ် တစ်ခုဖြစ်ပြီး နောက်ငါးနှစ်အတွင်း Coca-Cola နှင့် ဆက်နွှယ်သည့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂၀၀၀ ကျော် ရှိလာမည်ဟု Coca-Cola က ခန့်မှန်းထားသည်။

Coca-Cola ၏ မြန်မာနိုင်ငံရှိ စက်ရုံမှ မြန်မာစာနှင့် ရိုက်နှိပ်ထားသော Coca-Cola နှင့် Sprite ပလတ် စတစ်ပုလင်း၊ ဖန်ပုလင်းနှင့် အလူမီနီယမ် သံဘူးတို့ကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချနေပြီ ဖြစ်သည်။ Coca-Cola ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး သောက်သုံးကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Diet Coke, Fanta, Sprite, Coca-cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia, Del Valle အစရှိသည့် ထုတ်ကုန်များ ထုတ်လုပ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် Coca-Cola သည် Sparkling သောက်ကုန်များ၊ အသင့်သောက် ကော်ဖီနှင့် အချိုရည် များကို ထုတ်လုပ်ကြောင်း သိရသည်။ ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအချိုရည် လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည် ပုလင်းနှင့်ဘူး ထုတ်လုပ်ရောင်းချမှု ပမာဏ သန်းရာဂဏန်းရှိကြောင်း အချိုရည်ဈေးကွက် အတွင်းမှ သိရသည်။

ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး

ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီး တစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေးတစ်ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။
နှင်းဆီပန်းအနီရောင် တစ်သောင်းဖိုး ဝယ်လာပါတယ်။ ဘုရားပေါ်ရောက်တဲ့အခါ ပန်းအချို့ကို အလှူခံပုံးပေါ်တင်ထားပြီး ပန်းအချို့ကို ရင်ပြင်ပေါ်လွှင့်ကြဲပစ်ပါတယ်။ ဘုရားဖူးသူအချို့လည်း ထိမှန်ခဲ့ပါတယ်။ ဘုရားဖူးတွေက ဂေါပကကို တိုင်ကြားပါ တယ်။ ဒီအခါ အမျိုးသမီးနှစ်ယောက် ပြန်ဆင်းသွားပါတယ်။ ဘုရားရဲက လိုက်ခေါ်ပါတယ်။ မူဆလင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး ကို အပေါ်ရုံချွတ်ခိုင်းပြီးမှ ဂေါပကရုံးကို ခေါ်လာပါတယ်။ အမျိုးသမီးက ဓနုလူမျိုးဖြစ်ပြီး မူဆလင်ထဲဝင်တာသုံးနှစ်ပဲ ရှိသေးကြောင်း နာမည်က ဒေါ်ခင်မျိုး (၃၈)နှစ် (ဘ) ဦးစံရင်၊ အဖော်မိန်းကလေးက မမျိုးသန္တာစိုး (၁၇)နှစ် (ဘ) ဦးသန်းဌေး ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးရဲ့ အမျိုးသားက အဒူကာဒီ(မောင်တောမြို့)ဖြစ်ပြီး ဒေါ်ခင်မျိုးရဲ့မျက်နှာမှာ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။ သူမက တောင်ဒဂုံမြို့နယ်၊ (၁၉)ရက်ကွက်၊ မြိတ်လမ်း၊ နီလာလဘက်ရည်ဆိုင်၊ ဦးမာမွတ် ဒေါ်မာလာ အိမ်မှာ တည်းခိုပါတယ်။
သူမကို စစ်ဆေးတဲ့အခါ သူမရဲ့အပြုအမူကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီလိုခံစားရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ ဖြေသွားပါတယ်။
သူမကို စစ်ဆေးသူမှာ ဂေါပက ကိုတင်အောင်မိုး ဖြစ်ပါတယ်။ သူမ၏ခရီးဆောင်အိတ်ထဲမှာ မူဆလင်အမျိုးသမီးဝတ်စုံ (၅)စုံနှင့် ကိုရ်အန်ကျမ်းစာအုပ် (၂)အုပ် ပါလာတာကို တွေ့ရပါတယ်။

ဂေါပကမှ ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုပါတယ်။ အခုလိုပြန်လွှတ်ပေးလိုက်တာဟာ သဘောထားကြီးမှုကို ပြဆိုတာလား၊ ပြဿနာကို ထပ်မံဖိတ်ခေါ်တာလား ဆိုတာ စောင့်ကြည့်ရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။ တကယ်ဆို မူဆလင်ဝတ်စုံပြည့် အမျိုးသမီးတစ်ယောက် တက်လာတာကို ဂေါပကနှင့် ရဲက စစ်ဆေးမေးပြန်းပြီးမှ ဝင်ခွင့်ပြုသင့်တယ် မဟုတ်လား။ တကယ်လို့များ အသေခံဗုံးခွဲခဲ့ ရင် ရွှေတိဂုံဘုရားဆိုတာ မြန်မာ့ကျက်သရေဆောင် မြန်မာပြည်ရဲ့ ပုံရိပ်မဟုတ်လား။ တန်ဖိုးဖြတ်နိုင်သော၊ အစားထိုးရနိုင်သော ရတနာမဟုတ်ဘူး-ဆိုတာ အစိုးရဆိုတာရော ဂေါပကနှင့် ဘုရားရဲဆိုတာရော သိထားဖို့လိုတယ်နော်။

စုံစမ်းရန်
ဒေါ်ခင်မျိုး- 09.42025466
ဂေါပက- 01383511
ဘုရားဖူးပြည်သူ-0943044590

Wira Thu

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတားကျိုးကျသဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ ခေတ္တပြတ်တောက်

ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ သာစည်ကျေးရွာအနီးမှ သံပေါင်ဘေလီ တံတားအမှတ် ၁။ ၈၁ ကျိုးကျနေမှုအား ဇွန် ၁၅ ရက် နံနက်က တွေ့ရစဉ်

မိုးရာသီ အတွင်းတွင် အသုံးပြုသော အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတားတစ်စင်းသည် ဇွန် ၁၅ ရက်နံနက် ၀၀း၁၅ ခန့်တွင် ကျိုးကျခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ခေတ္တပြတ်တောက် ခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်ထောက်လှမ်းရေးကို Facebook နဲ့ Microsoft သတင်းအချက်အလက်ပံ့ပိုး



အမေရိကန်အစိုးရရဲ့ အီလက်ထရောနစ် စောင့်ကြည့်စုံစမ်းရေးအစီအစဉ်အရ အင်တာနက်ကုမ္ပဏီ အတော်များများဟာ အစိုးရလိုချင်တဲ့ သတင်းအချက်အလက်အချို့ကို ပေးဖို့ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်တရပ် ယူထားကြပါတယ်။ Facebook ဟာ ဒီလို တောင်းဆိုမှုကို သဘောတူတဲ့အထဲ ပထမဆုံးဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် နှစ်ဝက်ကျော်မှာ သတင်းအချက်အလက် တောင်းဆိုမှု ၉,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ပေးခဲ့ပြီး အဲဒီအတွက် အသုံးပြုသူ အကောင့်ပေါင်း ၁၈,၀၀၀ နဲ့ ၁၉,၀၀၀ ကြား အကောင့်တွေက အချက်အလက်တွေ ပါဝင်တယ်လို့ ဘလော့ဂ်စာမျက်နာတခုမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရ ကမ်းလှမ်း

 နေပြည်တော်ရှိ ဆင်ဖြူတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)

မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဝီချွတ်ချိုင်းကူက ဇွန် ၁၃ ရက် တွင် ပြောကြားခဲ့သည်။

အီရန် သမ္မတရွေးကောက်ပွဲ Rouhani အနိုင်ရ

အီရန်သမ္မတ ရွေးကောက်ပွဲတွေမှာ အလယ်အလတ်အစဉ်လာစွဲ သဘောထား ရှိသူ Hassan Rouhani က  မဲတဝက်ကျော်ရရှိပြီး အနိုင်ရရှိ သွားပြီဖြစ်ပါတယ်။