ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.6.13

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဦးစိုးသိန်းရှင်းလင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဇွန် ၂၉ ရက်က နေပြည်တော်တွင် သတင်းမီဒီယာများနှင့် ပြည်ထောင်စု ၀န်ကြီး များ တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားသည်။ "မနက်ဖြန်ဆိုတာ ဘယ်သူမှ သေချာတာ မဟုတ်ပါဘူး။ ၀န်ကြီးတာဝန် ဆက်လက်ထမ်းဆောင်မယ် မထမ်းဆောင်ဘူး ဆိုတာက ခန့်အပ်တဲ့ သမ္မတရဲ့ သဘော ဆန္ဒရယ် ကျွန်တော်တို့က အရည်အချင်းပြည့်အောင် မထမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း အနားယူရနိုင်တယ်။ ဒါ့အပြင် သူကမလုပ်ချင်ဘူးဆိုလည်း အနားယူလို့ ရတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ အဆန်းတကြယ် ဖြစ်နေပေမယ့် ဒီမိုကရေစီ အစိုးရတွေမှာ ၀န်ကြီးပြောင်းလဲတယ်ဆိုတာ အဆန်းတကြယ် မဟုတ်ပါဘူး" ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့အပြင် ဦးစိုးသိန်းက မိမိတို့နိုင်ငံတွင် ၀န်ကြီးပြောင်းလဲသွားလျှင် အတွေးတစ်မျိုး ဖြစ်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း၊ တိုးတက်ရန်အတွက် ၀န်ကြီးများပြောင်းလဲ နေရာပေးရခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံ၊ အစ္စရေး နိုင်ငံများနှင့် နှိုင်းယှဉ်ကာ သုံးသပ်ပြောဆိုသည်။ "သြစတြေးလျနိုင်ငံကို ကြည့်ပေါ့။ ဟိုတစ်လောက ဂျူလီယာဂီးလက် ၀န်ကြီးချုပ် ဖြစ်တယ်။ အခု သူ့ပါတီကပဲ ကီဗင်ရုဒ် တက် လာပြီးတော့ ၀န်ကြီးချုပ် ဖြစ်တယ်။ ဒီလိုပဲ အစ္စရေးမှာလည်း နေတန်ယာဟုက တစ်ခါတလေ ၀န်ကြီးချုပ် လုပ်တယ်။ တစ်ခါတလေ အတိုက်အခံ လုပ်တယ်။ နိုင်ငံခြားရေးဝန်ကြီး လုပ်တယ်။ သူထိုင်ချင်တဲ့နေရာမှာ ထိုင်တတ်တယ်။ အဲဒီ အလေ့အကျင့်က မြန်မာနိုင်ငံမှာ နောက်ဖြစ်သွားမှာပါ" ဟု ဦးစိုးသိန်းက ပြောကြား သည်။

EMG

မန္တလေး ပဲဈေးကွက် ဇွန်လနောက်ဆုံးပတ်အတွင်း အရောင်းအ၀ယ် အေးလျက်ရှိ

မန္တလေး ကုန်စည်ဒိုင်အတွင်း ပဲအရောင်းအ၀ယ် ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

မန္တလေးပဲဈေးကွက် ဇွန်လနောက်ဆုံးပတ်အတွင်း အရောင်းအ၀ယ် အေးလျက်ရှိကြောင်း မန္တလေး ကုန်စည်ဒိုင်ရှိ အသင်းသားများထံမှ သိရသည်။ "ပဲဈေးကွက်မှာ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ဂျုံစေ့တို့ အရောင်းအ၀ယ် အေးနေတယ်။ ကုလားပဲ၊ မတ်ပဲ၊ ပဲစင်းငုံတို့ဆိုရင် Export အ၀ယ်နည်းနေလို့ ဈေးအေး ရခြင်း ဖြစ်တယ်။ ပြည်တွင်းသုံး ကုလားပဲမှာသိသိသာသာ ဈေးကျဆင်းတယ်။ လှောင် သမားတွေ ပြန်ရောင်းချင်ပေမယ့် အ၀ယ်မလိုက်တော့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်" ဟု ပွဲရုံပိုင်ရှင် တစ်ဦး က ပြောကြားသည်။

"ကုလားပဲ ခွဲစက်တွေဆိုရင် ကုန်ကြမ်းဈေး ကျဆင်းနေတော့ ကြိတ်ခွဲဖို့ကို အခက်အခဲ ဖြစ်နေတာ။ ကုလားပဲဖြူလုံးကြီးဆိုရင် အိန္ဒိယလိုင်းအ၀ယ်မရှိလို့ လှောင်သမားတွေ အငိုက်မိသွားတယ်။ တရုတ်ငွေဈေး တက်ပေမယ့်လည်း တရုတ်လိုင်းကနေ ပဲတီစိမ်း၊ ပဲယဉ်း၊ မြေထောက်ပဲ၊ နှမ်း၊ ပြောင်းဖူးစေ့တွေ ဆို ရင် ဈေးကောင်းပြီး အ၀ယ်သွက်နေတယ်" ဟု ဆက်လက်ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း မိုးကြိုနှမ်း များ ဒေသအလိုက် အ၀င်များပြီး ၀င်သလောက် ပစ္စည်းလက်ကျန် မရှိအောင် အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

မေ ၂၉ ရက်နှင့် ဇွန် ၂၉ ရက် ပဲဈေးကွက်များကို နှိုင်းယှဉ်ကြည့်လျှင် ကုလားပဲ (ထိုင်ဝမ်) ကျပ် ၅၈၅၀၀ မှ ကျပ် ၄၉၀၀၀၊ ကုလားပဲဖြူလုံးကြီး ကျပ် ၅၅၅၀၀ မှ ကျပ် ၅၁၀၀၀၊ မတ်ပဲကျပ် ၅၀၀၀၀ မှ ကျပ် ၄၈၀၀၀၊ ပဲတီ စိမ်းကျပ် ၇၇၀၀၀ မှ ကျပ် ၈၇၀၀၀၊ မြေထောက်ပဲ ကျပ် ၈၈၀၀၀ မှ ကျပ် ၉၀၀၀၀၊ နှမ်းကျပ် ၁၃၈၀၀၀ မှ ကျပ် ၁၃၈၀၀၀၊ ပဲယဉ်း (ဗမာ) ကျပ် ၄၁၀၀၀ မှ ကျပ် ၄၉၀၀၀၊ ပြောင်းဖူး (ရှမ်း)ကျပ် ၂၆၀၀၀ မှ ကျပ် ၂၈၀၀၀၊ ပြောင်းဖူး (ဗမာ) ကျပ် ၂၄၀၀၀ မှ ကျပ် ၂၆၀၀၀ ထိ ဈေးပြောင်းလဲခဲ့ကြောင်း သိရသည်။
 
EMG

ကော့သောင်းရှိ ပင်လယ်ကျွန်းများတွင် နိုင်ငံခြား ခရီးသွားများ အပန်းဖြေ လေ့လာခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ




ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ်


၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကို လေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။

"ကော့သောင်းမှာရှိတဲ့ ကျွန်းတွေကိုသွားရင် တစ်ဦးကို ဒေါ်လာ ၁၀၀ ကောက်တယ်။ မြိတ်ကကျွန်းတွေကို သွားရင် ဒေါ်လာ ၁၅၀ ကောက်တယ်။ လေးညအိပ် ငါးရက်ခွင့်ပြုပေးတယ်။ ကိုယ့်နိုင်ငံက စက်တပ် ရွက်လှေစီးရင် ကော့သောင်းကျွန်းတွေအတွက် ဒေါ်လာ ၅၀၊ မြိတ်ကကျွန်းတွေအတွက် ဒေါ်လာ ၈၀ ပေး ရတယ်။ နိုင်ငံခြားက စက်တပ်ရွက်လှေတွေကျတော့ သတ်မှတ်ရက်ပိုရင် တစ်ရက်ကို ဒေါ်လာ ၂၀ ပေး ရတယ်" လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တိုင်းတာဝန်ခံ ဦးကျော်သန်းဝင်းက ဆိုသည်။ ဧည့်သည်များသည် ကျွန်းများရှိ သဘာဝ ဂေဟစနစ် လေ့လာခြင်း၊ ရေငုပ်ခြင်းများနှင့် ဆလုံလူမျိုးများ၏ သဘာဝအတိုင်း နေထိုင်စားသောက်ခြင်းများကို စိတ်ဝင်စားသည်ဟု ဆိုသည်။ 

ထင်ရှားကျော်ကြားသောကျွန်းများမှာ ရေအောက်တွင်လှိုဏ်ဂူရှိသော အောက်ကျွန်းနီကျွန်း၊ တောင်တော်ဝင် ကျွန်းနှင့် မြောက်တော်ဝင်ကျွန်း၊ ငါးမန်းလှိုဏ်ဂူဟုတင်စားခေါ်ဝေါ်သော ကျောက်တောင်ငယ်၊ လေးကိုင်း သဏ္ဌာန် ကွေးညွတ်နေသော လေးကျွန်း၊ ရေပြင်ပေါ်တွင် လှိုဏ်ဂူ၊ လှိုဏ်ခေါင်းငယ်များရှိ၍ ပဲ့တင်သံကြား ရသော မျှော်စင်ကျောက်တောင်၊ လှေလှော်ခြင်း၊ ရေကူးခြင်းနှင့် ဂေဟစနစ်များ လေ့လာနိုင်သော ညောင်ဝီး ကျွန်း၊ ၁၁၅ ကျွန်း၊ ကျွန်းဖီလာ၊ လှိုင်းကြီးအော်၊ အရှေ့စူလာ၊ စူလာခမောက် စသောကျွန်းများရှိကြောင်း သိရသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များ သွားခွင့်မပြုသော ကျွန်းများမှာ သံကျွန်း၊ ဇာဒက်ကြီး တစ်ဝိုက်၊ ခရစ္စတီးကျွန်း၊ ဂျလန်းကျွန်း၊ ကျွန်းမဲကြီးကျွန်း၊ ပြင်စဘုကျွန်း၊ အနောက်စူလာ၊ တနင်္သာရီကျွန်းစု၊ မြိတ်ကျွန်းစုငယ် (ကျွန်းစုတစ်ဝိုက်)၊ သရောသဏ္ဌာန်ကြီးကျွန်း၊ ရွှေကျွန်းကြီး၊ ရွှေကျွန်းငယ်၊ ပလော်ကာ ကျွန်း တို့ ဖြစ်ကြောင်းကို ခရီးသွား မှတ်တမ်းများအရ သိရသည်။

EMG

လမ်းစည်းကမ်း ထိန်းသိမ်းရေးတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင်နေ

ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံသော လမ်းဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ပင်စင်စား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တော်၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင် နေသည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး စီမံချက်အရ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပေါ့အလေး စွန့်ပစ်သူများကို စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရ ပင်စင်စား ၀န်ထမ်းများကို ခန့်အပ်သွားရန် ပြီးခဲ့သည့် ၂၀၁၁ နှစ်လယ်ပိုင်းက စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ပင်စင်စားများကို ခန့်အပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရာပြတ်ဌာနတွင် ခန့်အပ် ခဲ့ပြီး လမ်းစည်းကမ်း ထိန်းသိမ်းရေးကို အဓိက ပြုလုပ်စေသည်ဟု သိရသည်။ လစာအနေဖြင့် စတင်ခန့် အပ်စဉ်က နေ့စားတစ်နေ့လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ က ပေးခြင်းဖြစ်ပြီး ယခုလက်ရှိတစ်နေ့လျှင် ကျပ်၂၆၀၀ နှုန်းဖြင့် နေ့စားလရှင်းနှုန်းဖြင့် ပေးခြင်းဖြစ်ကြောင်း၊ အလုပ်မဆင်းသည့် နေ့အတွက် နေ့စားခ မရကြောင်း သိရသည်။

ပင်စင်စားများ လမ်းစည်းကမ်း ထိန်းသိမ်းရသည့် နေရာများမှာ လူစည်ကားသည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံမီးပွိုင့်၊ ဆူးလေဘုရားပတ်လည် မြို့တော်ခန်းမအနီး၊ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းအနီး၊ မြေနီကုန်းနှင့် မဟာမြိုင် ကားမှတ်တိုင်အကြား၊ လှည်းတန်း၊ ကမ္ဘာအေး စသည့်နေရာ များတွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများတွင် ယာဉ်စည်းကမ်းကိုမူ ယာဉ်ထိန်းများက ထိန်းသိမ်း ကာ လမ်းစည်းကမ်းကို ပင်စင်စား သက်ကြီးများက ထိန်းသိမ်းပေးခြင်း ဖြစ်သည်ဟု သိရသည်။ ၀င်ရောက် လုပ်ကိုင်နေသည့် ပင်စင်စားများတွင် တပ်မတော် ပင်စင်စားများ များပြားပြီး ရန်ကုန်မြို့တွင်း ရှိ တောင် ဥက္ကလာပ၊ ဒေါပုံ၊ ဒဂုံမြို့သစ် နေရာများအပြင် ဆိပ်ကြီးခနောင်တို ဘက်မှပင် လာရောက်လုပ်ကိုင် သူများ ပင် ရှိကြောင်း သိရသည်။

EMG

29.6.13

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်း သို့ ရောက်မ လာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ် တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။

ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင် ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင် မူလတန်းပြ ဆရာမ ဒေါ်ကြည်ကြည်ရွှေသည် မူလတန်း ဆရာမအဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင်ခံခဲ့ရသည့် (၁၁) နှစ် အချိန် ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းကို မရောက်လာ ခဲ့ကြောင်း ဖေါ်ပြသည်။ ယခု ကျောင်းမှာလည်း မူလတန်း အဆင့်မှ မူလွန်ကျောင်း အဖြစ်သို့ တိုးမြှင့် ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

တိုင်ကြားသည့် စာထဲတွင် တောင်ကုတ် မြို့နယ် ဘူးရွှေမော် ကျေးရွာ မူလွန်ကျောင်းကို ယခုအခါ ဖွင့်လှစ် သင်ကြားနေပါကြောင်း၊ ဆရာကြီိး အဆက်ဆက် ပြောင်းခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဆရာကြီးမှာ ဦးမြင့်ဆွေ ဖြစ်ပါကြောင်း၊ မူလတန်း ဆရာမများမှာ ဒေါ်အေးအေးနိုင်၊ ဒေါ်ခင်မာလွင်၊ ဒေါ်စန္ဒာစိုး တို့ ဖြစ်ကြပြီး အ.လ.ပြ ဆရာမများမှာ ဒေါ်ညိုကြည်၊ ဒေါ်သန်းသန်းဆွေ၊ ဒေါ်ကြည်ကြည်ရွှေ တို့ ဖြစ် ပါကြောင်း၊ ယခုအခါ မောင်တောမြို့နယ်မှ အလပြ ဆရာ တစ်ဦးဖြစ်သူ ဦးတင်မြင့်မှာ ဘူးရွှေမော် မူလွန်ကျောင်းတွင် တာဝန်ကျသည်ဟု သိရပါကြောင်း၊

ယင်းသို့ တာဝန်ထမ်းဆောင်ရမည့် ဆရာ/မများအနက် မောင်တောမြို့နယ်မှ ဆရာဦးတင်မြင့်မှာ ယခု တိုင် ရောက်လာခဲ့ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မူလတန်းကျောင်း ဘ၀ကပင် မူလတန်းပြ ဆရာမ အဖြစ် တာဝန်ကျနေသူ ဆရာ မဒေါ်ကြည်ကြည်ရွှေမှာလည်း ယခု အလပြ ဆရာမ အဖြစ် ရာထူးတိုးပြီး ယခု ကျောင်းမှာလည်း မူလွန်ကျောင်း ရသည် အထိ တစ်ကြိမ်မှ ကျောင်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ကျောင်းမရောက် သည် မှာ(၁၁)နှစ်ကျော်မျှပင် ရှိနေပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။ စဘူးရွှေမော်ကျေးရွာမှ ကိုသန်းဋ္ဌေး (အမျိုးသား မှတ်ပုံတင် အမှတ် ၁၁/တကန(နိုင်)၀၇၂၀၉၄) ကလည်း ဒေါ်ကြည်ကြည်ရွှေ အနေဖြင့် ကျောင်းမတက်ဘဲ လစဉ်လတိုင်း ပြည်သူ့အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။ “ ဘူးရွှေမော်ရွာ မူလွန်ကျောင်းမှာ ဒေါ်ကြည်ကြည်ရွှေ တာဝန်ကျပါတယ်။ ဒါပေမယ့် ယနေ့ အချိန် ၂၀၁၃ အထိ အဲဒီဆရာမဟာ ဘူးရွှေမော်ရွာကို တစ်ကြိမ် တစ်ခါမှ ခြေတစ်ဖ၀ါး မချဘူး သေးပါဘူး။

အင်မတန့်- အင်မတန်အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီး ပါပဲ။ ဆရာမကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာကျောင်းကော် မတီ မှ ရပ်မိရပ်ဖများဟာမြို့နယ်ပညာရေးမှုးနဲ့ သွားရောက်ာ တွေ့ဆုံ တိုင်း မေးမြန်းပေ မယ့် အော်ဟောက် ကြိမ်းမောင်းခြင်းကို ခံကြရပါတယ်။

ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မြို့နယ် ပညာရေးမှုးကို ပြန်မပြောရဲရှာဘဲ ရွာပြန်ခဲ့ကြရတာဟာ လည်း နှစ်စဉ်လိုလိုပါပဲ။ ဆရာမကတော့ လစဉ် လတိုင်း ပြည်သူ့ အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲပါ။ ယခုလို ပြည်သူ့အခွန်ဘဏ္ဍာကို မတော် မတရား လိမ်လည် စားသောက်နေသူကို အမြန်ဆုံးအရေးယူပေး ပါရန် တောင်းဆို လိုက်ပါတယ် ခင်ဗျား” ဟု သူက ပြောသည်။ မြန်မာနိုင်ငံ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းနေသည့် ကာလတွင် ကလေးငယ်များ၏ ပညာရေးကို ထိခိုက်မခံနိုင်သဖြင့် အဆိုပါ ဆရာ ဆရာမ များနေရာ ထတွင် အခြားဆရာ ဆရာမများနှင့် အစားထိုးခန့်အပ်ရန် ကျေးရွာသား များက တောင်းဆို ထားကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ

လွန်ခဲ့သော နှစ်က အစ္စရေး နိုင်ငံ၏ စစ်လေယာဉ် များသည် လျှို့ဝှက် စစ်ဆင်ရေး များကို ဆောင်ရွက် ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောကြား ခဲ့သည်။ ဇွန် ၂၇ ရက်က ပြုလုပ်သော အစ္စရေး စစ်ဘက်ဆိုင်ရာ ကျောင်းဆင်းပွဲတွင် နေတန်ယာဟုက မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြော ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောကြားမှုသည် အစ္စရေး စစ်လေယာဉ်များ အနေဖြင့် ဆီးရီးယား မြေပေါ်သို့ တိုက်ခိုက်ခဲ့မှု များ အား ရည်ညွှန်းကြောင်း သိရသည်။ မေ ၅ ရက်က ဆီးရီးယား နိုင်ငံ မြို့တော်၏ ဆင်ခြေဖုံးရှိ ဂျမ်ရာယာ သုတေသန စင်တာကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လက်ဘနွန်နိုင်ငံ လေကြောင်း ဌာန ကိုလည်း အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

မြ၀တီ

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့ အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။

Instagram ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။ ဒါဟာ တွစ်တာရဲ့ Vine Video Platform ကို တိုက် ရိုက် စိန်ခေါ်လိုက်တာပါပဲ။ Facebook ပိုင်ရှင် မက် ဇက်ကာဘတ် နဲ့  Instagram ပူးတွဲတည်ထောင် သူ ကေဗင် စစ်စထရွန် တို့က ဒီအစီအစဉ်ကို ကာလီဖိုးနီးယား ရုံးချုပ်မှာ အတူတကွ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Facebook ဟာ ၂ဝ၁၂ ဧပြီမှာ Instagram ကို ဒေါ်လာသန်းတစ်ထောင်နဲ့ ဝယ်ယူခဲ့တာပါ။ Facebook က ဒီလို ဝယ်ယူတဲ့သတင်း ဒီဘလော့ မှာ ဖော်ပြခဲ့ပြီးပါပြီ။ လင့်က http://blog.irrawaddy.org/2012/04/facebook_10.html ဖြစ်ပါတယ်။ Instagram ဟာ သီးသန့် အနေဖြင့် ဆက်လက်ရပ်တည်နေပြီး လူကြိုက်များတဲ့ ဓာတ်ပုံ မီဒီယာ Application တခုဖြစ်ပါတယ်။ စမတ်ဖုန်း နဲ့  သင်ပုန်းကွန်ပြူတာတို့မှာပဲ ဓာတ်ပုံတွေကို ထူးခြားတဲ့ အရောင်အသွေးစုံအောင် အချိန်တိုအတွင်းပြုပြင်နိုင်ပြီး မိတ်ဆွေ၊ သူငယ်ချင်း များနဲ့  ရှယ်နိုင်တာကြောင့် လူကြိုက်များလှတဲ့ Application ပါပဲ။ Instragram ဟာ Facebook ရဲ့ မိုဘိုင်း ကနေတဆင့်ရမယ့် ကြော်ငြာများအတွက် မဟာဗျုဟာ တခုဖြစ်ပြီး ကုမ္မဏီတွေကတဆင့် ကြော်ငြာခ အမြတ်အစွန်း အများအပြား ရရှိနေတဲ့ Application ဖြစ်ပါတယ်။

အမေရိက မှာတော့ လူဦးရေ သန်းပေါင်း ၆ဝ ခန့်ဟာ ဗီဒီယို တွေကို သူတို့ ရဲ့ မိုဘိုင်းဖုန်းကနေ တဆင့် ကြည့်ခဲ့ ကြတယ်လို့ သိရပြီး ဒီအရေအတွက်ဟာ ယခုနှစ်မှာတော့ ၇၅ သန်းအထိ တိုးတက်လာနိုင်ကြောင်း eMarketer က သုတေသန ပြုရှာဖွေ တွေ့ ရှိထားပါတယ်။ ဒီတော့ ... မိုဘိုင်းကြော်ငြာဈေးကွက်ကို အုပ်စိုး ချင်နေတဲ့ Facebook ဟာ ခြေလှမ်းသွက်လျက်ရှိနေပါတယ်။ Facebook နဲ့  Instagram တို့ ဘာကြောင့် ဗီဒီယို အတိုလေးတွေကိုထည့်ဖို့ အရေးထားသလဲဆိုတာကို Forbes မဂ္ဂဇင်းက သုံးသပ်ထားတာက ဒီလိုပါ ...
ပထမ အချက်အနေနဲ့  ဗီဒီယိုတွေဟာ ဓာတ်ပုံတွေထက် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ဇာတ်လမ်း တခုပမာ ဆွဲဆောင်နိုင်တာကြောင့် ကြေငြာထည့်သူအများအပြား ဟာ ဗီဒီယိုကြေငြာတွေကိုထည့်ဖို့ ပိုပြီး စိတ်ဝင်စားနိုင်တယ်၊ ဗီဒီယိုတွေဟာ မိုဘိုင်းဖုန်း၊ သမားရိုးကျကွန်ပြူတာ၊ သင်ပုန်းကွန်ပြူတာ ဘယ်မှာမဆို အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်တာကြောင့် ဗီဒီယို ကြေငြာဈေးကွက်အတွက် မျက်စိကျစရာပါ။ ဒါ့အပြင် လွယ်ကူတဲ့ ဗီဒီယို ဖန်တီးသူတွေ များပြားလာနိုင်တာကြောင့် ဈေးကွက်မှာ အသေးစား ကုမ္မဏီ လုပ်ငန်းတွေကို ပိုပြီး ဆွဲဆောင်လာနိုင်မှာပါလို့ ရှင်းပြသွားပါတယ်။

The Irrawaddy's Blog

ဂီတသမားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ အိမ့်ချစ်

“ကိုယ်တိုင်ရေးပုံတူ” ဆိုတဲ့ တစ်ကိုယ်တော်စီးရီးလည်းထွက်ရှိထားပြီး အတွဲခွေများစွာပရိသတ်အားပေးမှု ကိုရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်က ဇွန်လ ၂၇ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂီတနေ့အတွက် ဂုဏ်ယူနေ ပါ တယ်။” ဂီတသမားဆိုတာ အသံကောင်း ရုံနဲ့ မရဘူး။ ရုပ်ချောရုံနဲ့မရဘူး။ တခြားလုပ်ငန်းတွေ ကကျောင်း တွေ နဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ဂီတသမားက ကိုယ့်မှာပင် ကို အရည်အချင်းရှိရမယ်။ ပါရမီအခံပါရမယ်။ ဒါတွေအားလုံးစုပြီးမှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ် တာ။ ပြီးတော့ ဒီလိုလူပေါင်း များစွာ ရဲ့ ရှေ့မှာထွက်ပြဖို့ကသတ္တိရှိဖို့လိုတယ်။ အနု ပညာသမားဆို တော်ရုံတန်ရုံက စိတ် ဓာတ်ပျော့ညံ့ တယ်ထင်တယ်။ တကယ် က အင်မတန် စိတ်ဓာတ်ခိုင်မာတဲ့သူ တွေပါ။ အောင်မြင်ဖို့အတွက် ကြိုးစားခဲ့ရ တာအများ ကြီးရှိတယ်။

ပြီး တော့ လူအများနဲ့ ဆက်ဆံနေရတဲ့ အတွက် စိတ်ညစ် မှုတွေ၊ ဝမ်းနည်း မှုတွေကို ထုတ်ပြ လို့ မရဘူး။ ဒီလို ခံနိုင်ရည်တွေရှိဖို့လိုတယ်။ အဲဒီအတွက် ဂီတသမား ဖြစ်ရတာပျော်တယ်။ ဂုဏ်ယူတယ်” လို့ အိမ့်ချစ် က ပြောပါတယ်။ အိမ့်ချစ်ရဲ့ ဒုတိယတစ်ကိုယ်တော် အခွေကိုတော့ ၂ဝ၁၃ ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပြီး ဒီဒုတိယ အခွေမှာတော့အိမ့်ချစ်ရဲ့ သီချင်းဟောင်း ၂ပုဒ်ပါဝင်ပြီး တခြား သူ နှစ်သက်တဲ့ သီချင်းဟောင်းနှစ် ပုဒ်ကိုလည်း အိမ့်ချစ်စတိုင်နဲ့ ဗားရှင်း ပြောင်းဆိုထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်းနဲ့ bobby soxer တို့လည်း အိမ့်ချစ်ရဲ့ ဒုတိယခွေမှာ ပါဝင် သီဆို မယ်လို့ သိရပါတယ်။

ရဲရဲ
Popular Journal

ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာ မာဖြစ်အောင်  ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ သတင်း မီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။ "ပထမဆုံး ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဒီအစိုးရဟာ ပြုပြင်စရာတွေ အများကြီးပြုပြင်ရင်းနဲ့ပဲ သူက ၅ နှစ်တာ သက်တမ်းပြီးဆုံး မှာ၊ နောက်အစိုးရလောက်ကျမှ အပေါ်မှာတက်လာမှာ၊ သို့သော်လည်းပဲ ဒီအစိုးရဟာ ဒီမိုကရေ စီ ဖောင်ဒေးရှင်း ခိုင်ခိုင်မာမာဖြစ်အောင်ခင်းသွားမှာပါ"

ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဒီနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အတွက် အစိုးရတစ်ခုတည်း မဟုတ်ဘဲ သတင်းမီဒီယာတွေအပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားလုံးကလည်း ပဋိပက္ခတွေ မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ အများကြီးလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သတင်း မီဒီယာတွေ တွေ့ဆုံပွဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အပါအဝင် ဦးဌေးအောင်၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒေါက်တာပွင့်ဆန်း စတဲ့ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့်တပ်ဖွဲ့ ဗုံးထောင် တိုက်ခိုက် ခံရ

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့် တပ်ဖွဲ့အား ဗုံးထောင်တိုက်ခိုက် မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော ကင်းလှည့် ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီပြည်နယ်ရှိ ဆည်မြောင်းတစ်ခု ၏လမ်းဘေး မှ ဖြတ်သန်းစဉ် ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် မည်သူမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရပြီး အဆိုပါ တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ တောင်ပိုင်းမှ ခွဲထွက်ခွင့်တောင်း အတိုက်အခံအဖွဲ့၏ လက်ချက် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ် ထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ယာလာ၊ ပတ္တနီနှင့် နာရာသီဝက် ပြည်နယ်သုံးခုမှ မူဆလင် လူမျိုးများသည် ပြည် နယ်ခွဲထွက်ခွင့် တောင်းခံခဲ့သောကြောင့် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလမှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ အဆိုပါ တိုက်ခိုက်မှုပေါင်း ၁၁ဝဝဝ ကျော်တွင် လူပေါင်း ၅ဝဝဝ ကျော် သေဆုံးပြီး ၉ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။