ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.7.13

ဘဏ်တိုးနှုန်းကို တရုတ်အစိုးရ မချုပ်ကိုင်တော့

တရုတ် နိုင်ငံမှာ ဘဏ်တွေ ကနေ ငွေထုတ် ချေးတဲ့ အခါ အတိုးနှုန်း သတ်မှတ် ချက်ကို အစိုးရက ထိန်းချုပ် ထားရာ ကနေ အခုတော့ အဲဒီလို ချုပ်ကိုင် တော့မှာ မဟုတ်ဘူးလို့ တရုတ် အစိုးရက ကြေညာလိုက် ပါတယ်။

Trayvon Martin အမှုအပေါ် အိုဘားမား ပထမဆုံးအကြိမ် တုန့်ပြန်

အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ George Zimmerman အပြစ်ကနေ တရားသေ လွတ်ခဲ့အပြီး သီတင်း တပတ် အကြာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စု အနေနဲ့ ကိုယ့်ကိုကိုယ် အသေအချာ ပြန်လည် စစ်ဆေး သုံးသပ်စရာ တချို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးမှုတွေ ပြန်စတော့မယ်

နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

သုက်ကောင် မထုတ်နိုင်သည့် အမျိုးသားများ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား

သုက်ကောင် မထုတ်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အရ တွေ့ရှိထားပါ တယ်။ အသက် ၃၀ မတိုင်ခင် သုက်ရည်ထဲ သုက်ကောင် မပါဝင်လာတဲ့ အမျိုးသားတွေဟာ ကင်ဆာ ဖြစ်နိုင်ခြေ ရှစ်ဆ ပိုမို မြင့်မားတယ် လို့ သိရပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြင်သစ် နိုင်ငံရှိ ထင်ရှားသည့် နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့်
ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်သစ် သမ္မတ နိုင်ငံ ပါရီမြို့ရှိ ဗာဆိုင်းနန်းတော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြ သည်။

အကြမ်းဖက် နေရာများရှိ မီဒီယာသမားများကို ကာကွယ်ပေးရန် ကုလကို ဂျာနယ်လစ်များ တင်ပြ

မြေပြင်များ၊ အကြမ်းဖက်မှု အခြေအနေများ ရှိနေသော နေရာများတွင် သတင်း ရယူနေသည့် သတင်းသမားများသည် ဖမ်းဆီး ထောင်ချခံရခြင်း၊ ထိပါး နှောင့်ယှက်ခံရခြင်း၊ ကိုယ်ထိလက်ရောက် ထိပါးခြင်းနှင့် အသတ်ခံရခြင်းတို့ပင် ဖြစ်လျက်ရှိရာ အန္တရာယ်ရှိသော အခြေအနေများထဲမှ မီဒီယာသမားများကို အကာအကွယ် ပေးပါရန် ဂျာနယ်လစ် လေးဦးနှင့် သံတမန်များ ပူးပေါင်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်သွင်းထားကြောင်း ကျိုဒို သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။

ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်

ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်း အနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကို လည်း ဟောင်ေ ကာင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော် ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော် ဆိုတေးဟာလည်း မန္တလေး ပြည် သူ့ဆေးရုံကြီး တွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန်မှာပဲ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို ခေါ်ဆောင်ကုသပေးမည်ဟူသည့် သတင်းများ ကျယ်ကျယ်ြ ပန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။

တပ်မတော်ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ

ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်း ရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်း များ သာမက မော်ဒယ်မြင့်ကားများကို ပါ ပြသ လျက်ရှိသည်။

ဟောင်းနွမ်းပျက်စီးနေသော ကျန်းမာရေးပြတိုက်အား ပြန်ပြင်ရန် ဘက်ဂျက်ရရှိရေး ထပ်မံတင်ပြသွားမည်

ဟောင်းနွမ်းပျက်စီးနေသော အမျိုးသား ကျန်းမာေ ရးပြတိုက်အား ပြန် လည်ပြင်ဆင်ရန် ဘက်ဂျက်ကို ယခုနှစ် တွင် ထပ်မံတင်ပြသွားမည်ဟု ဗဟိုကျန်း မာရေးပညာဌာန ဒုတိယညွှန်ကြားရေး မှူး ဦးရှင်ဇာန်က ပြောသည်။