ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.7.13

ရွှေနန်းတော်ကျောင်းပြုပြင်ရေး ၂ နှစ်အတွင်း ကန်ဒေါ်လာငါးသိန်း သုံးစွဲမည်

မန္တလေးတောင်ခြေရှိ နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသော ရွှေနန်းတော်ကျောင်း ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ၂ နှစ်ကာလအတွင်း အမေရိကန် ပြည်ထောင်စု Ambassador Fund for the Cultural Preservation က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းခန့် သုံးစွဲသွားရန် လျာထားကြောင်း အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က ဇူလိုင်လ ၂၅ရက်နေ့တွင် မန္တလေးမြို့တော်၌ ကျင်းပသည့် အဆိုပါ ကိစ္စရပ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် အမေရိကန် ပြည်ထောင်စုမှ ကျွမ်းကျင်ပညာရှင် များနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာမှ ကျွမ်းကျင် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"တခြား ရှေးဟောင်းအဆောက်အအုံတွေ ရှိရဲ့နဲ့ ရွှေကျောင်းကိုမှ ဘာလို့ ရွေးတာလဲလို့ ကျွန်တော်တို့ အမေရိကန် သံရုံးကို မေးခွန်းထုတ်ခဲ့ဖူးတယ်။ မြို့ကြီးမှာ ရှိတာရယ်၊ သွားလာရေးလွယ်ကူပြီး မြင်သာတာကြောင့် လို့ပြောတယ်" ဟု ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။

အဆိုပါ ရှေးမူမပျက် ထိန်းသိမ်းရေး အတွက် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ မန္တလေး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူး သုံးဦးနှင့် ဒုတိယဝန်ကြီးတို့က စဉ်ဆက်မပြတ် စောင့်ကြည့်ကာ ထိန်းသိမ်းစောင့်ရှောက် သွားရန် စီစဉ်ထားကြောင်း ဦးသန်းဆွေက ထပ်လောင်း ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ရွှေနန်းတော် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ ကူညီ ထောက်ပံ့ပေးသကဲ့သို့ အခြားသော နိုင်ငံများက ကမ်းလှမ်းလာပါက ဆက်လက် လက်ခံရန် စဉ်းစားသွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝတ်ဘုရား ကျောင်း ထိန်းသိမ်းရေး အတွက်လည်း နိုင်ငံပေါင်း ၂၂ နိုင်ငံက ကူညီပေးကြကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

မန္တလေး အမျိုးသားကဇာတ်ရုံ၌ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉နာရီ မိနစ် ၃၀ ခန့်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်နှင့် ဝန်ကြီးများ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန်၊ အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာဗိသုကာ ပညာရှင်များက ပဏာမ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ရွှေနန်းတောင်ကျောင်း၌ ဆက်လက် ဆွေးနွေးခဲ့ကြသည်။

ရွှေနန်းတော်ကျောင်းကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရန် အပျက်အစီးမှ ကင်းလွတ်ခဲ့သော မူလလက်ရာ နန်းတော်ဆောင် သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီးနောက် ထီးနန်းဆက်ခံခဲ့သော သီပေါမင်းသည် မင်းတရားကြီး နတ်ရွာစံ ခဲ့သည့် နန်းဆောင်နှင့် စနုဆောင်ကို ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဖြုတ်သိမ်းခဲ့သည်။

ယခုနေရာတွင် ဘုန်းကြီးကျောင်း အဖြစ် ပြောင်းရွှေ့တည်ဆောက်ခဲ့ရာ ၁၈၈၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ထိုခေတ်ငွေဒင်္ဂါး ၁၂၀,၀၀၀ ကျပ်ခန့် ကုန်ကျခဲ့သည်။

The Voice Weekly

ရွှေနန်းတော်ကျောင်းပြုပြင်ရေး ၂ နှစ်အတွင်း ကန်ဒေါ်လာငါးသိန်း သုံးစွဲမည်

မန္တလေးတောင်ခြေရှိ နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသော ရွှေနန်းတော်ကျောင်း ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ၂ နှစ်ကာလအတွင်း အမေရိကန် ပြည်ထောင်စု Ambassador Fund for the Cultural Preservation က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းခန့် သုံးစွဲသွားရန် လျာထားကြောင်း အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က ဇူလိုင်လ ၂၅ရက်နေ့တွင် မန္တလေးမြို့တော်၌ ကျင်းပသည့် အဆိုပါ ကိစ္စရပ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

" အနုပညာရှင်နှင့် တတ်တူးဖက်ရှင် "

၂၁ရာစုလူငယ်တွေရဲ့ ဖက်ရှင်အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ်ပါဝင်လာတဲ့ တက်တူးဖက်ရှင်က ၂ဝ၁၂၊ ၂ဝ၁၃ ဝန်းကျင်မှာတော့ ပိုမိုကျယ်ပြန့်စွာ တွေ့ရှိလာရပါတယ်။ ခန္ဓာကိုယ်ပေါ်က အနုပညာတစ်ခု ဖြစ်တဲ့ တက်တူးဟာ ရှေးမြန်မာမင်း များလက်ထက် ထိုးကွင်းမင်ကြောင် များ ရေးဆွဲခြင်းမှ အစပြုခဲ့တယ် ဆိုရပါမယ်။ တိုးတက်လာတဲ့ ခေတ်နဲ့ အညီတက်တူး ဒီဇိုင်းဆန်းများကို လည်း ၂၁ ရာစုအတွင်းမှာတွေ့ရှိ လာရပါတယ်။ လူကြီး၊ လူငယ်အရွယ် စုံနှစ်သက်လာကြတဲ့ တက်တူးဖက်ရှင် များနဲ့ ပတ်သက်ပြီး အနုပညာရှင်များ ထဲက တက်တူးခရေဇီအချို့ရဲ့ စကား သံများကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

ကလေးသို့ မဟာဓာတ်အားလိုင်း ၂၀၁၄ အပြီး သွယ်တန်းမည်

စစ်ကိုင်းဒေသကြီး ဂန့်ဂေါ-ကလေး သွယ်တန်းမည့် ၆၆ ကေဗီ မဟာ ဓာတ်အားလိုင်းကို ၂၀၁၄ ခုနှစ် တွင် အပြီး သွယ်တန်းသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

အိုကီနာဝါကျွန်း အနီး ဝေဟင်ပိုင်နက်သို့ ဂျပန် တိုက်လေယာဉ်များ အရေးပေါ် ပျံတက်ခဲ့

ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းအနီးရှိ နိုင်ငံတကာ လေပိုင်နက် အတွင်းသို့ တရုတ်စစ်ဘက် လေယာဉ် တစ်စင်းဇူလိုင် ၂၄ ရက်တွင် ဝင်ရောက် ပျံသန်း ခဲ့ပြီးနောက် ဂျပန်တိုက်လေယာဉ်များ အရေးပေါ် ပျံတက် ခဲ့ရကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

ဆီးဂိမ်းအတွက် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များ ထပ်မံဖိတ်ခေါ် လျက်ရှိ

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားမှာ ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များ ပါဝင် ဆောင်ရွက်ဖို့ယဉ်ကျေးမှုဝန်ကြီးဌာန ဖွင့်ပွဲ၊ ဖိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး ကော်မတီမှ ထပ်မံ ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ Volunteer ဆောင်ရွက်ဖို့ စိတ်ဝင်စားသူ လူငယ် အမျိုးသမီး အနေနဲ့ လျှောက်ထား နိုင်ပြီး သတ်မှတ် ထားတဲ့ အရည်အချင်းများ နဲ့အတူ စာရင်းသွင်း အရွေးချယ် ခံရမှာ ဖြစ်ပါတယ်။

မလေးရှားပြန် အလုပ်သမား ၅၃၀ အား အလုပ်နေရာများ ပြန်လည် ရှာဖွေပေး နိုင်ခဲ့

မလေးရှားနိုင်ငံမှ ပြန်ရောက် လာတဲ့ လုပ်သားတွေ အနက် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တစ်ဆင့် ဆက်သွယ်ပြီး
အလုပ်လာရောက် လျှောက်ထားသူ ၅၇၅ ဦးခဲ့ရှိပြီး အဲ့ဒီ အထဲကမှ အလုပ်သမား ၅၃၀ ခန့်ကို ပြည်တွင်းမှာ အလုပ်နေရာများ ပြန်လည် ရှာဖွေး ပေးထားတယ်လို့ သိရပါတယ်။

ရေကူးကန်ကသတိပေးနေတဲ့ Global Warming

India နိုင်ငံ မွန်ဘိုင်း Wadala,Bhakti Park မှာတည်ရှိတဲ ရေကူးကန်ပါ။
လူတွေရဲ့ အမြင်အာရုံကို ပုံမှန်ထက်ဆန်းသစ်အောင် ဖန်တီးထားတဲ့
အဆိုပါရေကူးကန်ဟာ နယူးယောက်မြို့ပုံရိပ်ကို ကောင်းကင်ယံမှ ရိုက်ကူးထားပြီး ရေကူးကန်ကြမ်းပြင်မှာ ရေးဆွဲထားတာကို ထူးခြားစွာ
မြင်တွေ့ရမှာပါ။

၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစား သမားများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်

ပြီးခဲ့သော ၂ဝ၁၁ အင်ဒို ဆီးဂိမ်းတွင် အိမ်ရှင် အင်ဒိုနီးရှားမှ အားကစားသမား ၁ဝ၅၉ ဦးဖြင့် အများဆုံး ဝင် ရောက် ယှဉ်ပြိုင်ခဲ့သလိုလာမည့် ၂ဝ၁၃ မြန်မာ ဆီးဂိမ်းတွင်လည်း အိမ်ရှင် မြန်မာမှ အားကစားသမား ၉ဝဝ ကျော်ဖြင့် အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

"ဖွေရှာသူ မောလို့ ငိုရလိမ့်မယ်"

တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။

ကောင်တာစာရေးမက ဆက်ပြောလာတယ်... …
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေမယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"