ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.9.13

ကော့သောင်းအကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းများကို မကျေနပ်၍ ဆူပူအုံကြွခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ ခုနစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊
 ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အတွင်း ရှိ ၉ မိုင် အကျဉ်းထောင်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီကျော် တွင် အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ် ချယ် မှု များအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းအတွင်းမှ ဆူပူ အုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင်မီးများ ကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေးလအတွင်း လေဆိပ်နှင့် ရေဆိပ်များမှ ဖုန်းနှင့် ကွန်ပျူတာပစ္စည်းများ ကျပ်သိန်း ၁၆၀၀ဝကျော်ဖိုးဖမ်းမိ

ယခု ဘဏ္ဍာနှစ်လေးလအတွင်း ရန် ကုန်လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ဝင်ပေါက်များမှ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ကျော်တန် ဖိုးရှိ တရားမဝင်မိုဘိုင်းဖုန်း၊ ကွန် ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။

ဘုရင့်နောင်သယ်ယူပို့ဆောင်ရေးဂိတ်များ တိုးလာခြင်းကြောင့် ယာယီယာဉ်ရပ်နားကွင်းများ လိုအပ်နေ

ဘုရင့် နောင်တွင် သယ်ယူပို့ဆောင်ရေး ဂိတ်များ ယခင်နှစ်များထက် သိ သာစွာ တိုးတက်လာနေခြင်း ကြောင့် ယာယီယာဉ်ရပ်နားကွင်း များ အလျင်အမြန်လိုအပ်နေပြီ ဟု ဘုရင့်နောင်အခြေစိုက်ပွဲရုံ လုပ်ငန်းရှင်များနှင့် ကားဂိတ်လုပ် ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီလင်းပိုင် မြန်မာ တစ်ပြည်လုံးအတိုင်းအတာဖြင့် အကောင်ရေ ၇ဝနီးပါးသာကျန်ရှိ

မျိုး သုဉ်းမှုအန္တရာယ်မှ ကာကွယ်ထိန်း သိမ်းထားသော ဧရာဝတီလင်း ပိုင်များ မြန်မာတစ်ပြည်လုံးအ တိုင်းအတာဖြင့် အကောင်ရေ ၇ဝနီးပါးသာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေး လက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာ နမှ ဒုတိယဝန်ကြီး ဦးခင်မောင် အေးကပြောသည်။

တာချီလိတ်သို့အလုပ်လုပ်ရန်ထွက်ခွာလာသော လိုက်ထရပ်ချောက်ထဲကျ ၉ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော
မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦး--စက် တင်ဘာ၁၄ ရက်နေ့ နံနက်၁၀း၃၀ အချိန် မောင်းနှင်လာသည့်
၇က/xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊
မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့ရာခရီးသည် ၉ ဦးသေဆုံးခဲ့ကြောင်းရဲဇာနည်မှသိရသည်။

တရားရုံးသို့ လယ်သမားများစီတန်းသွားရောက်မှုကြောင့် စစ်ဆေးမည့်အမှုများ ရက်ချိန်းလွှဲပြောင်းပေးခဲ့ရ

ပုသိမ် မြို့တွင် စက်တင်ဘာ ၁၂ ရက်က ပုဒ်မ ၁၈ဖြင့် အမှုရင်ဆိုင်ရမည့် သူအတွက် လိုက်ပါခဲ့ကြသည့် လယ်သမားများ တရားရုံးသို့ စီ တန်းသွားရောက်မှုကြောင့် ထိုနေ့ စစ်ဆေးမည့်အမှုများ အားလုံးကို ရက်လွှဲချိန်းဆိုပေးခဲ့သည်ဟု သိ ရသည်။

US တွင် တားမြစ်ထားတဲ့ ဂျပန်ငါး Fugu

ကမ္ဘာပေါ်မှ အသီးသီးသော နိင်ငံတွေဟာ နေရာဒေသတွေ၊
ယဉ်ကျေးမူတွေ ကွဲပြားလေ့ ရှိတဲ့ အပြင် သူတို့ ရဲ့ ယဉ်ကျေးမူ တွေ၊ ယူဆမူ အတွေးအခေါ်တွေဟာ လည်း အံ့ သြစရာကောင်း လောက် အောင်ကွဲပြား တတ်ကြပါတယ်။ ဒီထဲမှာ မှ တစ်နိင်ငံအတွက် အလေးထားရတဲ့ အရာတွေ ဟာ လည်း နောက် နိင်ငံများအတွက် ရယ် စရာ လို လိုဖြစ်နေတတ်တာ ရှိပါတယ်။ အစားစားတွေထဲမှာလည်း ဒီလို ပါပဲ ..

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများကို သာ ရွေးချယ်မည်

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကူးရေးပိုင်း ကိစ္စရပ်အားလုံး အတွက် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။

13.9.13

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန် ကြက်ခြေနီအသင်း တို့ ဘေး အန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းမည်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင် သွား မည်ဖြစ်ပြီး လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှု စာချွန် လွှာကို စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ရန်ကုန်ရုံးခွဲ)တွင် လက်မှတ်ရေး ထိုး ခဲ့ကြောင်း သိရသည်။

Nibiru နဲ့ ဂြိုဟ်သား

Photo: Nibiru နဲ့ ဂြိုဟ်သား
Friday, September 13, 2013

ကမ္ဘာပျက်အောင်လုပ်နိုင်တယ်လို့ ယုံကြတဲ့ Nibiru ဂြိုဟ် ဒါမှမဟုတ် X- Planet ဆိုတာ တကယ်ရှိသလားဆိုတာနဲ့ ဂြိုဟ်သားဆိုတာကို သိပ္ပံပညာရှင်တွေ ဘယ်လိုမြင်ကြတယ် ဆိုတာကို Illinois တက္ကသိုလ် Spoon River ကျောင်းက ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။

ကမ္ဘာ့ထက် ၅ ဆလောက်ကြီးတဲ့ Nibiru ဂြိုဟ် ကြီး ကမ္ဘာကို ဝင်တိုက်ရင် ကမ္ဘာပျက်မယ်လို့ ပြောကြတာတွေနဲ့ ပါတ်သက်ပြီး နက္ခတ္တဗေဒ ပညာ ရှင်တွေက ဘယ်လိုလက်ခံကြတယ် - Alien လို့ခေါ်ကြတဲ့ ဂြိုဟ်သားတွေရဲ့ အရိပ်အယောင် တွေ့ပြီလားဆိုတာတွေကိုတင်ပြထားတာပါ။

Roswell UFO Festival-aliens
VOA
ကမ္ဘာပျက်အောင်လုပ်နိုင်တယ်လို့ ယုံကြတဲ့ Nibiru ဂြိုဟ် ဒါမှမဟုတ် X- Planet ဆိုတာ တကယ် ရှိသလားဆိုတာနဲ့ ဂြိုဟ်သားဆိုတာကို သိပ္ပံပညာရှင်တွေ ဘယ်လိုမြင်ကြတယ် ဆိုတာကို Illinois တက္ကသိုလ် Spoon River ကျောင်းက ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။