ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်
ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က
နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
















