ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.2.14

နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေး စာချုပ်မရှိ၍ ထိုင်းနိုင်ငံရှိ မြန်မာ အကျဉ်းသားများကို ပြန်မခေါ်နိုင်ဟုဆို

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများနှင့် တရားခံ၊ အကျဉ်းသား လဲလှယ်မှု ဆိုင်ရာ လက်မှတ် ရေးထိုးထားသည့် စာချုပ် သို့မဟုတ် စာချွန်လွှာ မရှိသောကြောင့် ထိုင်းနိုင်ငံ ဘန်ကောက် အကျဉ်းထောင်ရှိ အကျဉ်းသားများကို ပြန်ခေါ်ယူရန် မဖြစ်နိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထိုင်းအကျဉ်းထောင် အတွင်းရှိ မြန်မာနိုင်ငံသား များသည် ကျန်းမာရေး၊ စားသောက် နေထိုင်ရေးနှင့် အလုပ်ခိုင်းခံရသည့် အခြေအနေ အရပ်ရပ်များတွင် နှိမ့်ချဆက်ဆံ ခံနေရသောကြောင့် အစိုးရ အဖွဲ့အနေဖြင့် ပြန်လည် ခေါ်ယူရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကမ္ဘောဒီးယား အကျဉ်းသားတွေကို သူတို့အစိုးရက လုပ်ပေးတာကြောင့် ထိုင်းမှာ မရှိသလောက် ဖြစ်နေပြီ။ မြန်မာ အကျဉ်းသားတွေမှာ သံရုံးနဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်ခွင့် မရဘူး” ဟု ဦးသိန်းညွန့်က ဆိုသည်။

ထိုင်းအကျဉ်းထောင် အတွင်းရှိ မြန်မာ အကျဉ်းသားများသည် မူးယစ်ဆေး၊ လက်နက် အစရှိသည့် လုပ်ငန်းများ လုပ်ကိုင်မှုကြောင့် ပြစ်ဒဏ် ကျခံနေရခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အဆိုပါ ပြစ်မှုမျိုးကို ထည့်သွင်းပေးလေ့ မရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုသည်။

လက်ရှိတွင် ထိုင်းအကျဉ်းထောင်အတွင်း မြန်မာအကျဉ်းသား၊ အကျဉ်းသူ ၃၉၆၇ ဦး ရှိသောကြောင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ အကျဉ်းသား လွတ်မြောက်ခွင့်ကို ဆက်စပ် လုပ်ကိုင်နေကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော တည်ဆဲ ဥပဒေများတွင် အကျဉ်းသား၊ တရားခံများကို နှစ်နိုင်ငံ လဲလှယ်ရေး ကိစ္စနှင့် သက်ဆိုင်သည့် ဥပဒေ မရှိသေးသဖြင့် ပြည်တွင်း ဥပဒေများနှင့်အညီ နိုင်ငံတကာရေးရာ ကိစ္စရပ်များ ပါဝင်သည့် ဥပဒေတစ်ခု အတိအကျ ပြဋ္ဌာန်းပေးရန် လိုအပ်နေကြောင်း ၎င်းကလွှတ်တော်သို့ တိုက်တွန်း ပြောကြားခဲ့သည်။

The Voice Weekly

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းရန် အစီအစဉ်မရှိဟု သစ်တောဒုဝန်ကြီးဆို



ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

အရှေ့တောင်အာရှ နိုင်ငံများအတွင်း သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်နေသောကြောင့် သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွ လူပ်ရှားသူများ၏ ဝေဖန်မှု ခံနေရသော မြန်မာအစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။

ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်



ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန်လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တစ်ကိုယ်တော် အခွေအတွက် ကတော့ ညီမက အသံအားနည်းတော့ ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး ဟန်သီ



15-2-2014

တစ်ကိုယ်တော် အခွေအတွက် ကတော့ ညီမက အသံအားနည်းတော့ ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး ဟန်သီဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့
အခု အချိန်မှာ ပန့်(ခ်) ပုံစံ အဝတ်အစား ဒီဇိုင်းတွေကို ကြိုက်နေပါတယ် ဆိုတဲ့ မော်ဒယ်ဟန်သီက လတ်တလော မှာတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာကြော်ငြာတွေ ရိုက်နေ ပါတယ်။

ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ရန် ပြင်ဆင်နေသော ကုမ္ပဏီ လေးခုရှိ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်ရန် အတွက် ပြင်ဆင်လျက်ရှိသော အများပိုင် ကုမ္ပဏီ လေးခုရှိကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး (MSEC) မှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက The Voice သို့ ပြောကြားသည်။

ကန်ကြီးထောင့် ပေပင်ကြီးရွာ၌ စခန်းသွင်း လေ့ကျင့်နေသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ အစာအဆိပ်သင့်


Saturday, February 15, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ပေပင်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် စခန်းသွင်း လေ့ကျင့်နေသည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားများ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အစာအဆိပ်သင့်ခဲ့သဖြင့် ကျောင်းသား ၁၅ ဦး ပုသိမ် ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခံနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ယောက်ျားလေး ၁၀ ဦး၊ မိန်းကလေးငါးဦး ဆေးရုံတက်နေပါတယ်။ အားလုံး အခြေအနေ ကောင်းပါတယ်” ဟု ပုသိမ်ဆေးရုံမှ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စိန်စိန်က ပြောကြားသည်။

ကိုးရီးယားနိုင်ငံ အင်ချွန်းမှာ မတ်လ ၁၆ ရက်နေ့ပြုလုပ်မယ့် 7.Ladies Show in Korea ပွဲမှာ ပါဝင်ဖျော်ဖြေ သီဆိုကြမယ့် အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကို မေးမြန်းပေးထားပါတယ်။ (သန့်ဇင်ဦး)



ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

L လွန်းဝါ

ကျွန်တော်က ဒီပွဲအပါအဝင် ကိုရီးယားကို သွားဖျော်ဖြေဖြစ်တာ လေးပွဲလောက် ရှိပါပြီ။ ဒီပွဲမတိုင်ခင် ကြားထဲမှာ ကိုရီးယားကို သွားဖျော်ဖြေဖို့ စီစဉ်လိုက်သေးတယ်။ အစီအစဉ် ပျက်သွားလို့ မသွားဖြစ်တာ။ ကျွန်တော်နဲ့ ကိုဟဲလေးက ဒီပွဲလေးမှာ ကူညီပြီး ဆိုပေးတဲ့ သဘောပါ။ အဓိက ကတော့ မိန်းကလေး အဆိုတော် ခုနစ်ယောက်ရဲ့ ပွဲပေါ့။ သူတို့ထဲမှာက ကျွန်တော်နဲ့ စုံတွဲဆိုလို့ ရတဲ့ သူက အိမ့်ချစ်၊ ဝိုင်းစုနဲ့ N ကိုင်ရာ တို့လောက်ပဲ ရှိတယ်။ ကျန်တဲ့သူတွေက အငယ်တွေ ဆိုတော့ သူတို့နဲ့ စုံတွဲ သိပ်မဆိုဖူးဘူး။ ကိုရီးယားက မြန်မာပရိသတ်တွေက ကျွန်တော်တို့တွေ သွားဆိုကြရင် တော်တော်လေး အားပေးတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေက တကယ့်ကို ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရတာပါ။ ကိုရီးယားတို့၊ ဂျပန်တို့က ကုန်ကျစရိတ်လည်း အရမ်းများတဲ့အခါကျတော့

ကျေးလက်ဒေသတွင် အသက်မွေးရန်နှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေ ကန်ဒေါ်လာ၂၂သန်းပေးအပ်

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းနှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန် ဒေါ်လာ ၂၂သန်းကို ဂျပန်အစိုးရက ဖေဖော်ဝါရီလ ၁၄ရက်တွင် ဂျပန်နိုင်ငံ ရန်ပုံငွေပရိုဂရမ် (JFPR )မှ တစ်ဆင့် ပေးအပ်ခဲ့သည်။

ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သည့် မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေကို ဖောက်ဖျက်ခဲ့သည်ဆိုသော စွဲချက်အား ကြားနာစစ်ဆေးရန် ပခုက္ကူခရိုင်တရားရုံးက အတည်ပြုလက်ခံ



15-2-2014

ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ် အတွဲ (၃) အမှတ် (၄) တွင် ဖော်ပြခဲ့သော လျှို့ဝှက်လက်နက်စက်ရုံ သတင်းဆောင်းပါးနှင့်
ပတ်သက်၍ အဆိုပါဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအပါအ၀င် သတင်းရေးသားသူ သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သော မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်
ခဲ့မှုဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်ပြီး ပေါက်မြို့မ
ရဲစခန်းတွင် (ပ)၈/၂၀၁၄ ဖြင့် စွဲဆိုထားသောအမှုအား ကြားနာစစ်ဆေးရန် ဖေဖော်ဝါရီ ၁၄ ရက်က ပခုက္ကူခရိုင်တရားရုံးတရားသူကြီး ဦးမောင်မောင်ဌေး
က လက်ခံလိုက်သည်။

ဒုချီးရားတန်းအရေး စုံစမ်းဖော်ထုတ်ချက် အစီရင်ခံစာ ထုတ်ပြန်

15.2.2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာမှာ ဇန်န၀ါရီလ ၉ ရက်နေ့က လူအများအပြား အသတ်ခံခဲ့ရတဲ့အကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်တဲ့ အထောက်အထားမရှိတဲ့အကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။