17-2-2014
အမေရိကန် ပညာရေးစနစ်နှင့် ဘာသာရပ်အလိုက် ဝင်ခွင့် လိုအပ်ချက်များနှင့် ပတ်သက်၍ University of Vermont ၏ ကျောင်းတာဝန်ရှိသူ Mr. Devin က ရန်ကုန်မြို့ UMFCCI ခန်းမ၌ ဖေဖော်ဝါရီ လ ၂၂ ရက် စနေနေ့တွင် ကျင်းပမည့် နိုင်ငံတကာ ပညာရေးပြပွဲတွင် ရှင်းလင်း ဆွေးနွေးမည် ဖြစ်ပြီး မြန်မာနိုင်ငံ မှ ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ပညာ အရည်အချင်း ပြည့်မီပါက ပညာသင် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ လျှောက်ထားနိုင်ကြောင်း ယင်းပြပွဲ ကိုစီစဉ်သည့် CROWN Education မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။














