ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.12.14

ရုရှားစတိုးဆိုင်တခုတွင် ခြေသုတ်ဖုံဖြစ်သွားသည့် အမေရိကန် အလံ

ရုရှားနိုင်ငံ မော်စကိုမြို့တော်က စတိုးဆိုင်ကြီးတခုမှာ အမေရိကန်အလံကို ခြေသုတ်ဖုံအဖြစ် ခင်းပြီး အမေရိကန်ဆန့်ကျင်ရေး ပြသခဲ့ပါတယ်။

ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဈေးရောင်းကာလအတွင်း အခုလို အမေရိကန်အလံကို ခြေသုတ်ဖုံအဖြစ် ချထားတာ ဖြစ်ပေမယ့် ဈေးဝယ်တွေအနေနဲ့ ထူးထူးခြားခြား မဖြစ်ကြပါဘူး။

ဈေးဝယ်တဦးကတော့ ယူကရိန်းနိုင်ငံမှာ ရုရှားအလံကို မီးရှို့၊ မြေချနင်းတဲ့အတွက် သူတို့ကလည်း ပြန်လုပ်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဈေးဝယ်နောက်တဦးကလည်း အမေရိကန်တွေဟာ ရုရှားပြည်သူတွေရဲ့ ဘ၀တွေကို ခက်ခဲအောင်၊ ဆိုးဝါးအောင်၊ အဲဒီကနေ ရုရှားအစိုးရကို ဖြုတ်ချအောင် လုပ်နေတာ။ အစိုးရကို ဘယ်တော့မှ မဖြုတ်ချဘူးလို့ ပြောဆိုခဲ့ပါတယ်။

တခြားတယောက်ကတော့ အခုလို ခင်းထားတာကို မနှစ်မြို့ပါဘူး။ သူမြင်တာကတော့ အခုလိုလုပ်တဲ့လူတွေကတော့ အဓိပ္ပာယ်မရှိတဲ့လူတွေလို့ ပြောဆိုပါတယ်။

ကုန်တိုက်ဝန်ထမ်းတွေကတော့ ရုရှားနိုင်ငံကို ထိခိုက်တဲ့ အမေရိကန်မူဝါဒတွေနဲ့ ခေါင်းဆောင်တွေကို ဆန့်ကျင်ဆန္ဒပြတာလို့ ပြောဆိုပါတယ်။

ယူကရိန်းပိုင် ကရိုင်းမီယားကို ရုရှားက သိမ်းပိုက်ခဲ့တာနဲ့ ယူကရိန်းအရှေ့ပိုင်းက ပြည်တွင်းစစ်မှာ ရုရှားနိုင်ငံက အားပေးအားမြှောက်လုပ်ဆောင်မှုတွေကြောင့် အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ စစ်အေးစစ်ပွဲအပြီး အဆိုးဆုံးကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

DVB

ဆူနာမီ ၁၀ နှစ်ပြည့် အခမ်းအနားများ ကျင်းပ

အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ထိခိုက်ခံရတဲ့ အင်ဒိုနီးရှား အပါအ၀င် ထိုင်း သိရီလင်္ကာနဲ့ တခြား နိုင်ငံတွေမှာ ၁၀ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေ ကျင်းပ နေကြပါတယ်။

ဆူနာမီကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဆုတောင်းပေးခဲ့ကြသလို ထိုင်းနိုင်ငံက ဘမ်နမ့်ခမ်းရွာမှာတော့ အမှတ်တရ နံရံမှာ သေဆုံးသူတွေအတွက် အမှတ်တရပန်းတွေ လာရောက်ထိုးပေးခဲ့ကြပါတယ်။

ဆူနာမီဒဏ်ကို အင်ဒိုနီးရှား အာချေးခရိုင်ကတော့ အဆိုးဆုံး ထိခိုက်ခံစားခဲ့ရသလို အင်ဒိုနီးရှား၊ သီရီလင်္ကာ၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား ၉ နိုင်ငံက လူ ၂ သိန်းကျော် သေဆုံးခဲ့ပါတယ်။

အင်ဒိုနီးရှားက မွတ်စလင် ဘာသာရေးခေါင်းဆောင်ကတော့ ဆူနာမီက နှစ် ၃၀ ကြာ လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ အားချေးကို အဖိုးတန်တဲ့ သင်ခန်းစာကို သင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။

ဆူနာမီဖြစ်ပြီးတဲ့နောက်မှာ လူတွေက ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က သမုဒ္ဒရာကြမ်းပြင်မှာ ပြင်းအား ၉.၁ ရှိတဲ့ ငလျင် လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကြီးမားတဲ့ရေလှိုင်းတွေ ပေါ်ပေါက်လာပြီး ကမ်းခြေက သိန်းချီလူတွေ အသက်ဆုံးရှုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လူ ၅ ထောင်ကျော်၊ သိရီလကာင်္မှာ ၁၇၀၀ သေဆုံးခဲ့ပါတယ်။  မြန်မာ စစ်အစိုးရကတော့ ၆၁ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ပေမယ့် လူမှုရေးအဖွဲ့အစည်းတွေကတော့ ၆၀၀ လောက်ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံက သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံကနေ တရားမ၀င် လာရောက် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ ထောင်ကျော်လောက် သေဆုံးသွားတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

လက်ရှိ အချိန်အထိ သေဆုံးသွားတဲ့ မြန်မာ အလုပ်သမား ၂၆ ဦးရဲ့ ရုပ်ကြွင်းကို တကွာပါခရိုင်က သုသာန်တခုမှာ မြှုပ်နှံထားသလို လာရောက် ယူဆောင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

DVB

စာသင်ကျောင်း တိုက်ခိုက်ခံခဲ့ရသည့် ပီရှာဝါမြို့သို့ အေမာခန်း သွားရောက်

ဗြိတိန်လက်ဝှေ့ အကျော်အမော်တစ်ဦး ဖြစ်သည့် အေမာခန်းသည် တာလီဘန် အကြမ်းဖက်သမားများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ စာသင်ကျောင်းရှိရာသို့ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနိုင်ရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကာ အဆိုပါခရီးစဉ်ကို အေမာခန်းနှင့်အတူ ၎င်း၏အစ်ကို ဖြစ်သည့် ဟာရွန်းလည်း လိုက်ပါသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးတို့သည် ပီရှာဝါမြို့ရှိ စာသင်ကျောင်းကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့၌ အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကာ အဆိုပါဖြစ်စဉ်တွင် အပြစ်မဲ့စာသင်သား ကလေးငယ်ပေါင်း ၁၃၂ ဦးနှင့်အတူ စုစုပေါင်း လူအရေအတွက် ၁၄၅ ဦးခန့် အသက်ဆုံးရှုံးခဲ့ကြရသည်။

အေမာခန်းသည် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ၎င်း၏ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အစပြုခဲ့သည့် ယင်းခရီးစဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိတိုင် ကြာမြင့်လိမ့်မည် ဖြစ်ကြောင်း အေမာခန်းက အသိပေးထားသည်။

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်သော အေမာခန်းသည် အမေရိကန် လက်ဝှေ့ကစားသမား ဒေဗွန်အလက်ဇန္ဒားကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သော ရွှေ ၂၄ ကာရက် ပါရှိသည့် ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အားကစား ဘောင်းဘီတိုကိုလည်း ယခု တိုက်ခိုက်ခံလိုက်ရသည့် စာသင်ကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လှူဒါန်းထားပြီး ဖြစ်ကာ ပါကစ္စတန်သို့ ရောက်ရှိအပြီးတွင် မြို့တော် အစ္စလာမ်မာဘတ်သို့ ခေတ္တဝင်ရောက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်း၏ ခရီးစဉ်ကို အေမာခန်းက ရှင်းပြထားသည်။

ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာသည့် အေမာခန်းကို အထူးလုံခြုံရေး အစီအစဉ်တစ်ရပ်နှင့် ကြိုဆိုခဲ့ကာ တာလီဘန် များ၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ဝိုင်းဝန်း ပံ့ပိုးပေးကြသူများမှာ ၎င်းတို့၏ ပစ်မှတ်သစ်များ ဖြစ်သွားတတ်ကြလေ့ ရှိသည့်အတွက် စိုးရိမ်ထိတ်လန့်မိပါကြောင်းများ မကြာမီကပင် အေမာခန်းက ထုတ်ဖော် ပြောဆိုထားခြင်းကြောင့် အစစအရာရာ စိတ်ချစွာ ဆောင်ရွက်နိုင်စေရန်အတွက် ယခုကဲ့သို့ လုံခြုံရေးပေးလိုက်ခြင်း ဖြစ်သည်ဟု ပါကစ္စတန် အစိုးရအာဏာပိုင်များက ဆိုသည်။

အေမာခန်း မတိုင်မီတွင် ပီရှာဝါရှိ အကြမ်းဖက်ခံရသော စာသင်ကျောင်းထံသို့ လာရောက်၍ ကျောင်းသားမိဘများနှင့် ကျောင်းဝန်ထမ်းများကို နှစ်သိမ့်မှု ပေးသွားခဲ့သည့် အခြားအားကစား အကျော်အမော်တစ်ဦးမှာ ပါကစ္စတန် ခရစ်ကက် လက်ရွေးစင်ဟောင်း အင်မရမ်ခန်းဖြစ်သည်။

The Voice Weekly

ငြိမ်းချမ်းရေး ဆုတောင်းသံလွှမ်းတဲ့ ၂၀၁၄ ခရစ်စမတ်

ဒီလို ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ မွေးဖွားလာတဲ့ သခင်ယေရှုခရစ်တော်ကို ကြိုဆိုတဲ့အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကနေ ခရစ္စမတ်ပွဲတော်ကို ကမ္ဘာတ၀ှမ်းမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဒီနှစ်ခရစ္စမတ်ရဲ့ ထူးခြားချက် ကတော့ နေရာ တော်တော်များများမှာ ငြိမ်းချမ်းရေး ဆုတောင်းသံတွေ လွှမ်းမိုးနေတာပါ။ Vatican City က St. Peter ရင်ပြင်မှာ စုဝေးရောက် ရှိနေကြတဲ့ ထောင်ပေါင်းများစွာသောသူတွေနဲ့ ကမ္ဘာတ၀ှမ်း ရုပ်မြင်သံကြားတွေ ကနေ ကြည့်ရှုနေကြသူတွေအားလုံးကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) က ကောင်းချီးမေတ္တာ ပို့ခဲ့သလို၊ အကျင့်ပျက်ခြစားမှု ဒုစရိုက်တွေထက် ငြိမ်းချမ်းရေးက ပိုပြီး အားကောင်းတယ်ဆိုတဲ့ ဘုရားသခင်ရဲ့ ဟောကြားချက်ကို မမေ့ကြဖို့ ကမ္ဘာတ၀ှမ်းက ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေကို တိုက်တွန်း ဟောကြားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိကြပြီး - ယေရှုခရစ်တော် မွေးဖွားရာနေရာလို့ ခရစ်ယာန်တွေ ယုံကြည်ထား ကြတဲ့ အရှေ့အလယ်ပိုင်း - ဂါဇာကမ်းမြှောင်ဒေသက Bethlehem မှာလည်း ခရစ္စမတ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ Bethlehem မြို့တော်ဝန် Vera Baboun ကတော့ - ဒီနှစ် ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အနေနဲ့ အဓိက လိုချင်တာက - တရားမျှတမှုဖြစ်ပြီး၊ တရားမျှတမှု ရှိမယ်ဆိုရင် ငြိမ်းချမ်းရေးလည်း ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ခရစ္စမတ်ကို အားလပ်ရက်အဖြစ် သတ်မှတ်ပြီး နေရာအနှံ့မှာ ခရစ္စမတ်ပွဲ ဆင်နွှဲနေကြတာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ - ခရစ္စမတ်ပွဲ ဆင်နွှဲနေကြတဲ့ နိုင်ငံတ၀ှမ်းက သန်းပေါင်းများစွာသော ပြည်သူတွေနဲ့အတူ သူ့မိသားစုလည်း ဆင်နွှဲနေတယ်လို့ ပြောကြားခဲ့ပါတယ်။

 “ခရစ်တော် ဖွားမြင်မှုဟာ သာမာန် ကလေးတယောက်အဖြစ် မဟုတ်ပဲနဲ့ နေထိုင်မကောင်း ဖြစ်နေသူတွေ၊ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ အထူးသဖြင့် ကိုယ့်ကိုယ်ကို ချစ်သလို တခြားသူကို ချစ်တတ်တဲ့ စိတ် မွေးတတ်ဖို့လို ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ဖို့ သတင်းစကားပါးခဲ့သူတဦး မွေးဖွားခဲ့တဲ့ အခါသမယ အဖြစ် ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။ ပျော်စရာ ခရစ္စမတ် အခါသမယအဖြစ် ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျန်းမာပျော်ရွှင်တဲ့ ၂၀၁၅ ခုနှစ် ဖြစ်စေဖို့လည်း ဆုတောင်းပါတယ်။”

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို အကြောင်းအမျိုးမျိုး နဲ့ ရောက်ရှိနေကြတဲ့ မြန်မာ တိုင်းရင်းသားတွေကလည်း - ခရစ္စမတ်ပွဲတော်အဖြစ် ဘုရားကျောင်းတွေမှာ ဆုတောင်းပွဲတွေကျင်းပ၊ မိသားစုတွေ၊ မိတ်ဆွေတွေ ဆုံဆည်းကြပြီး ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲနေခဲ့ကြတာပါ။

ဒီနှစ် ခရစ္စမတ်မှာတော့ ၀ါရှင်တန်ဒီစီ အပါအ၀င် အမေရိကန် အရှေ့ဘက်ခြမ်း ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရေဒါ၊ အိုဟိုင်းရိုး၊ ကော်လိုရာဒို၊ ဗာဂျီးနီးယား၊ မယ်ရီလန်း ပြည်နယ်တွေက မြန်မာတိုင်းရင်းသား ၃၀၀ နီးပါးလောက်ဟာ မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့မှာ စုဝေးကြပြီး ခရစ္စမတ်ပွဲတော်ကို ထူးထူးခြားခြား ဆင်နွှဲခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာခရစ်ယာန် ကက်သလစ်အဖွဲ့ချုပ်ကို တည်ထောင်သူ ဆရာ ဂျွန်စိုင်းလုံ ကတော့ - ခရစ်တော်မွေးဖွားခြင်းနဲ့ ငြိမ်းချမ်းရေး ဆက်စပ်မှုနဲ့ မြန်မာနိုင်ငံမှာလည်း တဦးနဲ့တဦး မေတ္တာထားပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ကို အခုလို ပြောကြားခဲ့ပါတယ်။

" သူမွေးတဲ့အချိန်မှာ သိကြားမင်းက သိုးကျောင်းသားတွေကို နှုတ်ဆက်တဲ့ စကားသံနဲ့ ပြောရမယ်ဆိုရင် ဒီကမ္ဘာတခွင်မှာ ရှိနေတဲ့ လူသားတွေ အားလုံး စိတ်ကောင်းနှလုံးကောင်း ရှိတဲ့သူတွေ အားလုံးအပေါ်မှာ ငြိမ်းချမ်းခြင်း ရှိပါစေဆိုတဲ့ မတ်ဆေ့ပဲ ဖြစ်ပါတယ်။ ဒီခရစ်စမတ်နေ့မှာ ဒါကြောင့် နှစ်ဦးနှစ်ဘက် နားလည်သဘောပေါက်ပြီးတော့မှ ကမ္ဘာတခုလုံး ငြိမ်းချမ်းသာယာဖို့အတွက် ငြိမ်းချမ်းရေး ရှိဖို့က အားလုံးက လျှော့ပေါ့ပြီးတော့မှ လက်တွေ့ကျင့်သုံးသွားစေချင်တယ်။"

အလားတူ မြန်မာတိုင်းရင်းသားတွေ အများစုနေထိုင်ရာ အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာလည်း ခရစ္စမတ်ဆုတောင်းပွဲတွေ၊ ကလေးတွေကို အပြန်အလှန် လက်ဆောင်ပေးတာတွေ၊ ခရစ္စမတ်သီချင်း သီဆိုဖျော်ဖြေမှုတွေနဲ့ ဆင်နွှဲခဲ့ကြပြီး၊ ခရစ္စမတ်ရဲ့ ငြိမ်းချမ်းရေး အနှစ်သာရနဲ့ ပတ်သက်လို့ Burmese-Christian Fellowship အသင်းတော်က သင်းထောက် ကိုအက်ဒီစင် က -

" အယောက်စီတိုင်းရဲ့ အသက်တာမှာ ခရစ်တော် ယူဆောင်လာတဲ့ ငြိမ်သက်ခြင်းနဲ့ ခရစ်တော်ရဲ့ မေတ္တာကို ရလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေးဆိုတာ ရှိတာပေါ့နော်။ အယောက်စီတိုင်းရဲ့ အသက်တာမှာ ခရစ်တော်ယူဆောင်လာတဲ့ ငြိမ်သက်ခြင်း တကယ်ပဲရလို့ရှိရင် ခရစ်တော်က ဘာပြောလဲဆိုတော့ သူက မေတ္တာဖြစ်တယ်။ အဲ့ဒီ့တော့ ကျနော်တို့ အယောက်စီတိုင်း မေတ္တာကိုယ်စီနဲ့ နှိမ့်ချခြင်းနဲ့ လုပ်မယ်ဆိုရင် ဒါလူမျိုးတမျိုးနဲ့ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ တကယ်ပဲ ခရစ်တော်ရဲ့ မေတ္တာရမယ်ဆိုရင် တကယ်ပဲ ငြိမ်းချမ်းခြင်းရမယ်ပေါ့နော်။"

တခါ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အဆိုတော် ရတနာဦးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အခုလို ဆုတောင်းပေးခဲ့ပါတယ်။

" ကျမအနေနဲ့ ကိုယ်အမြဲတမ်း ထမင်းတလုပ်စားလိုက်တိုင်းမှာ ကမ္ဘာအရပ်ရပ်မှာ မစားရသူများစွာရှိတယ်ဆိုတာ အမြဲတမ်း သတိရတယ်။ ပြီးတော့ ကိုယ်ကျန်းကျန်းမာမာနေနေရတဲ့အချိန်မှာ သူများတွေ ဘယ်လို မလုံခြုံစွာနဲ့ ခဲယဉ်းစွာ ဆုံးရှုံးခြင်းတွေနဲ့ မိသားစုတွေမှာ စစ်ဘေးဒဏ်တွေနဲ့ ရာသီဥတု ကပ်ဆိုးဘေး အဲ့လိုမျိုး အရာတွေနဲ့ အမြဲတမ်းလည်း တွေ့နေရတဲ့အခါမှာ ကိုယ်တယောက်တည်း ပျော်ရွှင်နေတာထက် ဒီလိုလူတွေအတွက်ကို အမြဲတမ်း စိတ်ထဲမှာ ဝန်တာထားပြီးတော့ ဆုတောင်းပေးတယ်။ ပြီးတော့ အခုလာမယ့် ၂၀၁၅ ခရစ်စမတ်အထူးဆုတောင်းအနေနဲ့ကတော့ မြန်မာပြည်သာယာငြိမ်းချမ်းစေချင်တယ်။ တကယ်ပဲ ခရစ်တော်အားဖြင့် လူတွေကို လွတ်မြောက်စေချင်တယ်။

VOA

ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်



ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလသမဂ္ဂက ပြောပါတယ်။

ဒါဖာမှာ ငြိမ်းချမ်းရေးမစ်ရှင်နဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခုလို အမိန့်ထုတ်လိုက်တာလို့ အေအက်ဖ်ပီ သင်းမှာရေးပါတယ်။

ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အလီဇာတာရီနဲ့ ဆူဒန်နိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး အီဝေါင်ဟယ်လင် တို့ကို ထွက်ခွာဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပြီး ကုလသမဂ္ဂကအတွင်းရေးမှူးချုပ်က ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်သလို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။

ထွက်ခွာခိုင်းတဲ့အကြောင်းအရင်းနဲ့ ထွက်ခွာရမယ့် အချိန်အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိပါဘူး။

အောက်တိုဘာ ၃၁ ရက်က စစ်ဘေးသင့်ဒေသမှာ အစိုးရတပ်ဖွဲ့တွေက အမျိုးသမီးနဲ့ မိန်းကလေး ၂၀၀ ကို အဓမ္မပြုကျင့်တာ စုံစမ်းစစ်ဆေးဖို့ ကုလရဲ့ကြိုးပမ်းမှုကြောင့် ဆူဒန်က ဒေါသထွက်ခဲ့ပါတယ်။

ဧပြီလမှာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့အကြီးအကဲကိုလည်း ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တဲ့အတွက် တိုင်းပြည်က ထွက်ခွာဖို့ ဆူဒန် အစိုးရက ပြောဆိုခဲ့ပါတယ်။

DVB

ဟောင်ကောင်တွင် လုံခြုံရေးကုမ္ပဏီကားထဲက အမေရိကန်ဒေါ်လာ ၂ သန်းခန့် လွင့်စဉ်

ဟောင်ကောင်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က လုံခြုံရေးကုမ္ပဏီကြီးတခုရဲ့ ဗင်ကားတစီးထဲက အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး လွင့်စဉ်ကျကုန်လို့ ဟောင်ကောင်ရဲတွေဟာ ပတ်ဝန်းကျင်ကို အပြင်လူမဝင်နိုင်အောင် အမြန်ကန့်သတ်ခဲ့ရပါတယ်။

အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲတွေက ဝမ်ချိုင်းခရိုင်ထဲက လမ်းပိုင်းကို ပိတ်ခဲ့ပြီး လူတွေ ဘဏ်ငွေစက္ကူတွေကို ပြန်အပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဖြတ်သွားဖြတ်လာတယောက်က သက်ကြီးအမျိုးသမီးတဦးက ကောက်ထားတဲ့ ငွေစက္ကူတွေကို ရဲက ပြန်ပေးခိုင်းခဲ့တယ်လို့ အေတီဗီ ရုပ်သံကို ပြောပါတယ်။

ဝမ်ချိုင်းခရိုင်ရဲမှူး ဝမ်စူးဟောင်က ပလတ်စတစ်သေတ္တာ ၃ ခုထဲက ၂ ခုက အပိတ်တွေ ကျိုးနေပြီး မြေပေါ်ကျချိန်မှာ ကွဲသွားတာလို့ ဆိုပါတယ်။

သတ္တာထဲက ငွေ အမေရိကန်ဒေါ်လာ ၁.၉၆ သန်းနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁၅.၂၃ သန်း ဆုံးရှုံးခဲ့ပြီး ငွေတွေက ဟောင်ကောင်ဒေါ်လာ ၅၀၀ တန်တွေလို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ လူ ၁၃ ဦးက အမေရိကန်ဒေါ်လာ ၄ သိန်း ၆ သောင်းနဲ့ ညီမျှတဲ့ ဟောင်ကောင် ဒေါ်လာ ၃. ၆ သန်းကို ရဲဆီ ပြန်အပ်ခဲ့ကြောင်း အစိုးရပိုင်ဒေသခံရေဒီယို RTHK က အစီရင်ခံပါတယ်။

ငွေစက္ကူတွေ သယ်ပို့မှုအတွက် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကုမ္ပဏီ G4S ကတာဝန်ရှိပြီး လုပ်ငန်းတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ RTHK က အစီရင်ခံပါတယ်။

DVB

အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်

အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော်တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့ တယ်လို့ CDC အဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူ က ပြောပါတယ်။

ပြောင်းရွှေ့ပေးပို့လိုက်တဲ့ ဓါတ်ခွဲခန်းမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖို့ အတွက် ပစ္စည်းကရိယာ တန်ဆာပလာ တွေ တတ်ဆင်မထားဘူးလို့ပြောပါတယ်။
ဒီဓါတ်ခွဲခန်းဝန်ထမ်းကို အီဘိုလာရောဂါပိုး ကူးစက်နိုင်တဲ့ကာလဖြစ်တဲ့ ၂၁ ရက် စောင့်ကြည့်ကာလ သတ်မှတ် အကဲခတ်နေကြောင်း၊ ဒီဓါတ်ခွဲခန်းကို အ၀င်အထွက် လုပ်ခဲ့ကြတဲ့ တခြားဝန်ထမ်းအချို့ အနေနဲ့ကော ဗုင်းရပ်ပိုးမွှားကို သယ်ဆောင် သွားတာမျိုးရှိမရှိ CDC က လေ့လာနေတယ်လို့ ဆိုပါတယ်။

VOA

စိန့်လူးဝဇ် ပစ်ခတ်မှုသည် ဖာဂူဆန် ပြဿနာနှင့် မတူကြောင်း မြို့တော်ဝန် ပြောကြား

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မစ်ဆူရီပြည်နယ် စိန့်လူးဝဇ်မြို့စွန် ဘာကလေမြို့တွင် ဒီဇင်ဘာ ၂၃ ရက်ညက ရဲတစ်ဦး ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ် အရွယ် လူမည်းလူငယ် တစ်ဦး သေဆုံးသွားခဲ့ရာ ယခု ဖြစ်စဉ်သည် ပဋိပက္ခများ ဖြစ်ပွား စေခဲ့သည့် ဖာဂူဆန်ဖြစ်စဉ်နှင့် မတူညီကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။
မစ်ဆူရီ ပြည်နယ် အတွင်း၌ပင် တည်ရှိသည့် ဖာဂူဆန် မြို့တွင် လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို ရဲများက ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွား ခဲ့သောကြောင့် အသားအရောင် ခွဲခြားမှုအဖြစ် ရှုမြင်ကာ ပဋိပက္ခနှင့် ဆန္ဒပြပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သေး သည်။ ယင်းအပြင် အဆိုပါ ဖြစ်ရပ်ကို လက်စားချေမှုဟု ယူဆရသည့် မှုခင်း တစ်ခုလည်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း နယူးယော့ခ် မြို့ပေါ်တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်တွက် ရဲနှစ်ဦးမှာ မြို့လယ်ကောင်၌ အသေပစ်သတ်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုဖြစ်ရပ်တွင် သေဆုံး သွားသူ လူငယ်သည် သေနတ်ဖြင့် ရဲများကို ရန်ပြုရန် အားထုတ်ခဲ့ သောကြောင့် ပစ်ခတ်ရခြင်းဟု ဆိုသည်။

ထောက်လှမ်းရေး ကင်မရာ မှတ်တမ်းများ အရ အသက် ၁၈ နှစ်အရွယ် အန်တိုနီယို မာတင်သည် အသင့် ပါလာသော သေနတ်တစ်လက်ကို ဆွဲထုတ် လိုက်ကြောင်း တွေ့ရှိခဲ့ရ သည်ဟု ဘာကလေ မြို့ဝန် သီရိုဒိုဟော့စ်ကင်က ပြောကြားသည်။ ဖာဂူဆန်မြို့ ဖြစ်ရပ်တွင် အပစ်ခံရ သူသည် လက်နက်မပါပေ။ ယခု ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရဲများနှင့် လူအုပ်စုတို့ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။ အဆိုပါ လူငယ်ပစ်ခတ် ခံခဲ့ရသည့် နေရာရှိ ဓာတ်ဆီဆိုင်တွင် လူအနည်းငယ်စုဝေးခဲ့ကြသည်။

မြို့တော်ဝန် ဟော့စ်ကင်းက "အခုဖြစ်စဉ်ဟာ နယူးယောက်က ဖြစ်စဉ်၊ ဖာဂူဆန်က ဖြစ်စဉ်တွေနဲ့ မတူပါဘူး။ သေသွားတဲ့ အခုလူငယ်က ရဲအရာရှိကို သေနတ်နဲ့ ထုတ်ချိန်ခဲ့ပါတယ်" ဟု ပြောကြား သည်။ ဘာကလေမြို့ရှိ ရဲများစုသည် လူမည်းများဖြစ်သောကြောင့် လူဖြူရဲများ ရှိပြီး လူမည်း ပြည်သူများသော ဖာဂူဆန်နှင့်မတူညီကြောင်း မြို့တော်ဝန်က ပြောကြားသည်။

"မြို့တော်ဝန် ကျွန်တော်ကလည်း လူမည်း၊ မြို့အုပ်ချုပ်ရေးမှူးကလည်း လူမည်း၊ ဘဏ္ဍာရေးအရာရှိကလည်း လူမည်း၊ ရဲချုပ်ကလည်း လူမည်းဖြစ်တဲ့အတွက် ကျွန်တော်တို့က သတိအများကြီးထားပါတယ်" ဟု ဟော့စ်ကင်းက ပြောကြားသည်။ ယခုဖြစ်စဉ်အား မြို့တော် အုပ်ချုပ်ရေး အဖွဲ့နှင့် စိန့်လူးဝဇ်စီရင်စု တာဝန်ရှိသူများက လွတ်လပ်သော စုံစမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Ref: BBC

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော

ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။

အာဖဂန် နစ္စတန်ရဲ့အခြေအနေကို စိုးရိမ်ပြီး ရုရှား၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နို်င်ငံတွေ ပါတဲ့ လုံခြုံရေးသဘောတူညီမှု CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်လို့ ပူတင်က မော်စကိုမှာ ကျင်းပတဲ့ CSTO အဖွဲ့ဝင်နိုင်ငံများ ဒီဇင်ဘာ ၂၃ ရက်နေ့ ထိပ်သီးညီလာခံမှာ ပြောပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ CSTO အဖွဲ့ဝင်နိုင်ငံတွေက အာရုံစိုက်ထားသင့်ကြောင်း၊ နိုင်ငံတကာတပ်တွေဆုတ်ခွာပြီးရင် ဒေသတခုလုံးအတွက် အစွန်းရောက်အန္တရာယ်နဲ့ မူးယစ်ကုန်ကူးမှုတွေ တိုးလာနိုင်ချေအတွက် အဆင်သင့် ဖြစ်သင့်တယ်လို့ ရုရှားနဲ့ မဟာမိတ်တွေကို ပူတင်က သတိပေးပါတယ်။

အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန်ကြား နယ်စပ်လုံခြုံရေးကို အာရုံစိုက်သင့်ပြီး တာဂျစ်အစိုးရကို လက်နက်ကိုင်တပ်တွေ ခေတ်မီရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့ရမယ်လို့လည်း ပူတင်က ဆိုပါတယ်။

တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်ကလည်း CSTO မဟာမိတ်တွေအနေနဲ့ အာဖဂန်စစ်သွေးကြွတွေနဲ့ မူးယစ်ကုန်ကူးသူတွေဆီက ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်ဖို့ သူ့နိုင်ငံကို ကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

DVB

24.12.14

Christmas Wishing


Is it just me or Christmas is one of the most tiring holidays ever?! You have to prepare and decorate the tree, create the right Christmas atmosphere by decorating the house (inside and out!), buy, wrap and place all the presents under the tree. It's too much work! Thank goodness it's also all worth it being able to spend with special day with you :)
~~ မြန်မာ့လင်းရောင်ခြည်