ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.1.15

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ၂ နှစ်ဆက်တိုက်ရရှိ


၂၀၁၄ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (ဖီဖာဘလွန်းဒီအောဆု)ကို ရော်နယ်ဒိုက ၂ နှစ်ဆက်တိုက် ဆွတ် ခူးသွားသည်။
ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမာဆု လေးနှစ်ဆက်ရရှိ ထားသော မက်ဆီ၊ ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိရာတွင် အဓိက လက်စွမ်းပြခဲ့သော နူအာတို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံး သမားဆုကိုဆွတ်ခူးသွားခြင်း ဖြစ်သည်။ ရော်နယ်ဒိုအတွက် ကမ္ဘာ့အကောင်းဆုံးဆုမှာ သုံးကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ် သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံယာဉ်များအပါအ၀င် အမြန်ရောက်ရန်လိုအပ်သည့်ယာဉ်များအား အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေ


ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေနှင့် ဖြတ်သန်းခွင့်ပြုရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီး အာရှခရီးစတင်


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ သီတင်းတပတ်ကြာ အာရှခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ရောမမြို့ကနေ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကက်သလစ်ဘာသာအနဲ့ ရင်းနှီးဖို့ကြိုးစားတဲ့တစိတ်တပိုင်းအဖြစ် ပုပ်ရဟန်းမင်းကြီးဟာ အာရှကိုဒုတိယအကြိမ်ခရီးထွက်ခြင်း ဖြစ်ပါတယ်။

9.1.15

ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များကို သဘာဝဘေးအန္တရာယ် ကူညီရေးလုပ်ငန်းများတွင် အသုံးချရန် ဆက်လက် ထုတ်လုပ်သွားမည်

ပြည်တွင်း၌ မောင်းသူမဲ့လေယာဉ် ၇ စီးကို ထုတ်လုပ်နိုင်ခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်က အဆိုပါ လေယာဉ်ငယ်များကို သဘာဝဘေးအန္တရာယ် ကျလာသော ဒေသများတွင် ကူညီကယ်ဆယ်ရေး ယာဉ်များအဖြစ်လည်းကောင်း၊ သုတေသနပြု လုပ်ငန်းများ အတွက်လည်ကောင်း အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။

7.1.15

မူဝါဒသစ်ကြောင့် ကားအရောင်းပြခန်းများ အကျိုးအမြတ်ဖြစ်ထွန်း

ကားတင်သွင်းခွင့်ပါမစ် အသစ်ကန့်သတ်ချက်များသည် ကားလမ်းပိတ်ခြင်းကို ဖြေရှင်း သည်ထက် အရောင်းပြခန်းပိုင် ရှင်များအတွက်သာ အကျိုးဖြစ် ထွန်းစေကြောင်း  သတင်းရရှိ သည်။
ယခုနှစ်တွင် ကားသွင်းခွင့် ပါမစ်လျှောက်ရာ၌ကားပါကင် လိုအပ်ခြင်း၊ သန်းခေါင်စာရင်း ပါအိမ်ထောင်ဦးစီးဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ သန်းခေါင်စာရင်း မူရင်းဖြင့်သာ လျှောက်ထားနိုင် ခြင်း၊ ရဲစခန်း၊ ရပ်ကွက်ထောက်ခံ စာများလိုအပ်နေခြင်းတို့ကြောင့် တစ်ဦးချင်းကား ပါမစ်လျှောက်ရာ တွင် အခက်အခဲများဖြစ်စေသည် ဟု ကားဝယ်ရောင်းများက ပြော သည်။

26.12.14

ဗော်ဒ်ဂါအရက်ဈေး ချရန် ရုရှားသမ္မတပူတင် အမိန့်ထုတ်

ဗော်ဒ်ဂါဈေးနူန်း တက်နေခြင်းကို ကန့်သတ်ရမည်ဟု ရုရှားသမ္မတ ဗလာတီမာပူတင်က ၎င်း၏ အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စီးပွားရေး အကျပ်အတည်း ရုရှားတွင် ဖြစ်လျက်ရှိစဉ် မစ္စတာပူတင်က အရက်များ ဈေးကြီးနေပါက ပြည်သူများကို တရားမဝင် ချက်ထားသော အန္တရာယ် မကင်းသည့် အရက်များကို သောက်ရန် တိုက်တွန်းသကဲ့ ဖြစ်နေမည်ဟု ဆိုထားသေးသည်။
ရေနံဈေးကျခြင်းနှင့် အနောက်အုပ်စုက ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုတို့ကြောင့် ရုရှား ရူဘယ်ငွေကြေးဈေး ကျဆင်းသွားခဲ့ရသည်။
လာမည့်နှစ်အတွင်း ရုရှားသည် စီးပွားပျက်ကပ်အတွင်း ကျရောက်လိမ့်မည်ဟု ရုရှား၏ ဘဏ္ဍာရေး ဝန်ကြီးဟောင်းကလည်း သတိပေးထားသည်။
ကျန်းမာရေး လိုက်စားလေ့ရှိသော ရုရှားသမ္မတပူတင်က ဗော်ဒ်ဂါဈေးနှင့် ပတ်သက်ပြီး ၎င်း၏ ပြောဆိုမှုကို သက်ဆိုင်ရာ အေဂျင်စီများက စဉ်းစားပေးကြပါရန် တိုက်တွန်းလိုက်ကာ အရက်မှောင်ခို ရောင်းဝယ်မှုကို ၎င်း၏အစိုးရက ဦးဆောင် တိုက်ဖျက်မည်ဟုလည်း ပြောကြားခဲ့သည်။
၂၅ ရာခိုင်နူန်းသော ရုရှားအမျိုးသားများသည် အသက် ၅၀ တန်းသို့ မရောက်ခင် သေဆုံးကြရသည်ဟု ရုရှားထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုက ပြုလုပ်ထားသော စစ်တမ်းအရ သိရှိရသည်။ ယင်းသို့ လူလတ်ပိုင်းတွင် ကွယ်လွန်ခဲ့ရခြင်းများနှင့် အရက်သောက်သုံးမှု ဆက်စပ်ကြောင်းလည်း ယင်းစစ်တမ်းက ထောက်ပြထားသည်။
ပြီးခဲ့သည့် နှစ်အတွင်းက အစိုးရက ဗော်ဒ်ကာဈေးကို အနိမ့်ဆုံး သတ်မှတ်ထားမှုထက် ယခုအခါ ၃၀ ရာခိုင်နှုန်း ပိုတက်သွားခဲ့ကာ ၂၂၀ ရူဘယ်ငွေ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁) အဆင့်အထိ ရှိသွားကြောင်း Reuters က ရေးသားထားခဲ့သည်။ ဗော်ဒ်ကာ တစ်မျိုးတည်းသာ မဟုတ်ဘဲ အခြားအရက်များလည်း ဈေးတက်ခဲ့သည်။
ရုရှား၏ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းသည် ၉ ဒသမ ၄ ရာခိုင်နူန်းအထိ တက်သွားခဲ့သည်။

The Voice Weekly