ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.5.15

"အကြွေးဝယ်ကတ်တွေ ပြန်သုံးရဦးမည်"

ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၁၀ စုနှစ်တစ်ခုကျော် အချိန်အတွင်း အကြွေးဝယ်ကတ်စနစ်ကို
ကမ္ဘောဇဘဏ်မှ ပထမဆုံးအကြိမ် ပြန်လည်စတင်မည်ဖြစ်သည်။

20.5.15

ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့ခြင်း မဟုတ်ဟု ဦးရွှေမန်းဆို


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ အဆိုတင်သွင်းခဲ့တာဟာ ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့တာမဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာ ရေးသားဖော်ပြလိုက်ပါတယ်။

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပပေးရန် ဒေါက်တာတူးဂျာတောင်းဆို

 
လာမည့် ၂၀၁၅အထွေ ထွေရွေးကောက်ပွဲတွင်  ကချင် ပြည်နယ်ရှိ မဲဆန္ဒနယ်များအားလုံး ၌  ကျင်းပပေးရန်  ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ  ဒေါက်တာတူးဂျာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  တင်ပြလိုက်ကြောင်းသတင်းရရှိသည်။

NCA လက်မှတ်ထိုးရန် အစိုးရ အသင့်ရှိကြောင်း သမ္မတ ဦးသိန်းစိန် ပြော

တိုင်းရင်းသား ခေါင်းဆောင်များ ဘက်မှ အဆင်သင့်ဖြစ်သည်နှင့်တပြိုင်နက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အပြီးသတ် လက်မှတ်ရေးထိုးရန် အစိုးရက အဆင်သင့်ရှိကြောင်း သမ္မတ ဦးသိန်းစိန်က မေလ ၁၈ ရက်က နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ FPTP ရွေးကောက်သည့် စနစ်ကိုသာ ကျင်သုံးမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ အတည်ပြု ပြောကြား

၂၀၁၅ ရွေးကောက်ပွဲ FPTP ရွေးကောက်သည့်စနစ်ကိုသာ ကျင်သုံးသွား မည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ ဦးတင်အေး ကပြောသည်။

19.5.15

အစိုးရသစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ မတည်ဆောက်နိုင်ပါက ဆန္ဒပြမည်ဟု ဦးစိုးသိန်းပြော

 လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရမည့်အစိုးရသည် ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ရမည့် တာဝန်ရှိပြီး ယင်းသို့ မလုပ် ဆောင်ပါက ၎င်းကိုယ်တိုင် ဆန္ဒပြ မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ရွှေ့ပြောင်းအခြေချလှေပေါ်တွင် အစားအစာလုရင်း သတ်ဖြတ်မှုများဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး


ပင်လယ်ကိုဖြတ်၍ နိုင်ငံရွှေ့ပြောင်းအခြေချမည့် လှေပေါ်တွင် လိုက်ပါ လာသော လူများ လက်ကျန်အစားအစာကို အချင်းချင်း လုယက်မှုကြရာမှ သတ်ဖြတ်မှု များဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး ကြောင်း အင်ဒိုနီးရှား ကမ်းလွန်တွင် နစ်မြုပ်မည့်ဘေးမှ ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းလှေတွင် ပါရှိသူများ ကပြောကြ သည်။

18.5.15

ကျောင်းကြိုပို့လိုက်ထရပ်ယာဉ်များကို မီနီဘတ်စ်များဖြင့် အစားထိုးရန် အသင့်မဖြစ်သေး

ကျောင်းကြိုပို့ယာဉ်များ ကို မီနီဘတ်စ်ယာဉ်များဖြင့် အ စားထိုးရန် စီစဉ်ထားသော်လည်း အသင့်မဖြစ်သေး၍ လိုက်ထရပ်ယာဉ်များကိုဆက်လက်သုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

IS ထိပ်တန်းတပ်မှူးကြီး တယောက်ကို အမေရိကန်သုတ်သင်


ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက IS စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို သုတ်သင်နိုင်ခဲ့ပြီး သူ့ဇနီးကို ဖမ်းဆီးခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ ပန်တဂွန်စစ်ဌာနချုပ်က ဒီကနေ့မှာ ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို


အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက်တွန်းပြောဆိုလိုက် ပါတယ်။