ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.6.15

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က မျှော်လင့်သလို ဖွဲ့စည်းပုံ ပြင်နိုင်မလား


ခုဆိုရင် သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဟာ (၆) ပွင့်ဆိုင် ဆွေးနွေး ပွဲကို မစောင့်တော့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်း တင်သွင်းလိုက်ပါပြီ။ လွှတ်တော်နဲ့ နီးစပ်တဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် တစ်ချို့ရဲ့ ပြောဆိုချက်အရ ဒီဥပဒေကြမ်း ကို ရေးပြီးထားတာ ကြာပြီ၊ ဒီအတိုင်း လွှတ်တော်တင်၊ ဆွေးနွေး၊ မဲခွဲဆုံးဖြတ် လိုက်ရင် ထောက်ခံသူ ၇၅ ရာခိုင်နှုန်းကျော် မရပဲ အရှုံးနဲ့ ရင်ဆိုင်ရမယ်၊ ဒါကြောင့် (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကို စောင့်ဆိုင်းနေကြရတာလို့ ဆိုပါတယ်။ သူတို့ ထင်မြင် ယူဆချက်အရ အဲဒီ ဥပဒေကြမ်းဟာ အင်န်အယ်လ်ဒီ က လက်ခံနိုင်တဲ့ ဥပဒေကြမ်းလို့ မျှော်လင့်ထားပုံပါ။

မြန်မာ့လေကြောင်းအတွက် အမေရိကန်က ဘိုးရင်းလေယာဉ်၁စီး ပေးအပ်

 နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)သည် အမေရိကန်ထိပ်တန်းကုမ္ပဏီကြီး General Electric ၏ လုပ်ငန်းခွဲတခုဖြစ်သောGeneral Electric Capital Aviation Services (GECAS)ထံမှ ဆီယက်တဲလ်မြို့ ဘိုရင်းလေယာဉ် လေယာဉ်စက်ရုံ ထုတ် ဘိုရင်း 737 ခရီးသည်တင်လေယာဉ်တစီးကို ပြီးခဲ့သည့် ရက်ပိုင်းက ရယူလိုက်သည်။ MNAအနေဖြင့် ယခုလေယာဉ်ကို နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က GECAS မှ မြန်မာ့ လေကြောင်းအတွက် ဘိုးအင်း ဂျက်လေယာဉ် အသစ် ၁၀ စီး ငှားရမ်းရန် သဘောတူညီခဲ့ကြပြီး ၂၀၁၅ခုနှစ်မှ စတင်ကာအမေရိကန် ဒေါ်လာ သန်း ၉၆၀ တန် ဘိုးအင်း 737-800 လေယာဉ် ၆ စီးနှင့် ဘိုးအင်း 737-8 MAXs လေယာဉ် ၄ စီးကို ၂၀၂၀ ခုနှစ် အတွင်း ပေးပို့သွားမည် ဖြစ်သည်။
Credit to>>>The Irrawaddy

12.6.15

မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေသည့် မဲခေါင်ဒေသအတွင်း အထူးစီးပွားရေးဇုန်အသစ်များ ဖော်ထုတ်မည့်အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများမှ အတည်ပြု

 ရန်ကုန်၊ ဇွန် ၁၁- မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေသည့် မဲခေါင်ဒေ သအတွင်း အထူးစီးပွားရေး ဇုန်အသစ်များ ဖော်ထုတ်မည့် အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများမှ အတည် ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB) ၏ ထုတ်ပြန် ချက်အရ သိရသည်။

၄၂ သိန်းတန် တိုက်ခန်း သုံးသိန်း တည်ဆောက်ရန် ပြည်ထောင်စုအစိုးရသို့ တော်ဝင်ကုမ္ပဏီ တင်ပြထား

 ၄၂ သိန်းတန် တိုက်ခန်း သုံးသိန်း တည်ဆောက်ရန် ပြည်ထောင်စုအစိုးရသို့ တော်ဝင်ကုမ္ပဏီ တင်ပြထား
အများပြည်သူ အိမ်ရာလိုအပ် ချက်အား ဖြည့်ဆည်းနိုင်ရန်အတွက် တစ်ခန်းလျှင် (၄၂) သိန်း ကျသင့်မည့် တန်ဖိုးနည်း တိုက်ခန်းပေါင်း (၃)သိန်း ကို တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အမြန်ဆုံး ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုထွေးက The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားသည်။

ကိုးကန့်တပ်ရဲ့ အပစ်ရပ်ကြေညာမှုကို လေ့လာနေဆဲလို့ အစိုးရပြော

ye_htut
 ကိုးကန့်တပ် MNDAA ရဲ့ တဖက်သတ် အပစ်ရပ် ကြေညာ ချက်ကို လေ့လာ နေဆဲ ဖြစ်ပြီး မြေပြင် မှာ ကိုးကန့် တပ် အနေနဲ့ လက်တွေ့ ဘယ်လို ဆောင်ရွက် သလဲ ဆိုတာ ကို စောင့် ကြည့် သွား မှာ ဖြစ်တယ် ဆိုပြီး မြန်မာ အစိုးရ က တုန့်ပြန် လိုက် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းပြီးဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆို ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ပြန်လည်တင်သွင်း

ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်မှုများနှင့်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဇွန် ၁၁ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

11.6.15

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၃၂ ဦး ထပ်မံရောက်ရှိ

 အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း တွင် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၃၂ ဦးသည် စတုတ္ထအကြိမ် အဖြစ် ယမန်နေ့ ညပိုင်းတွင် MAI လေကြောင်း လိုင်းဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါ ရေလုပ်သား များသည် တနင်္သာရီတိုင်း ဒေသကြီးမှ ၁၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၂ဝ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)မှ ၁၇ ဦး၊ ရှမ်းပြည်နယ်
(မြောက်ပိုင်း)မှ နှစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ လေးဦး၊ မကွေးတိုင်း ဒေသကြီးမှ တစ်ဦး၊ ကရင်ပြည်နယ် မှ သုံးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ နှစ်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ တစ်ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ တစ်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ
၁၃ ဦး၊ စုစုပေါင်း ၁၃၂ ဦးဖြစ်သည်။

လူတော် လူကောင်းများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ကော်မရှင်ဥက္ကဋ္ဌ ပြော

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကို မနေ့က ပြုလုပ်သည့် မြန်မာ့နိုင်ငံရေး သင်တန်းကျောင်း (Myanmar School of Politics) သို့ တက်ရောက်ခဲ့သည့် သင်တန်း သားဟောင်း များ တွေ့ဆုံပွဲတွင် တွေ့ရစဉ် (MOI)
လူထုအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် များကို ရွေးကောက် တင်မြှောက်ရာတွင် လူတော်လူကောင်းများ ရွေးချယ်ရန် လိုကြောင်း၊ သို့မှသာ လွှတ်တော်အတွင်း အရည်အချင်း ပြည့်ဝသော ကိုယ်စားလှယ်များ ရောက်ရှိပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က မနေ့က နေပြည်တွင် မြန်မာ့နိုင်ငံရေး သင်တန်းကျောင်း (Myanmar School of Politics) ၌ ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်ဆူပူမှုဖြစ်အောင် မဖန်တီးရန်လိုကြောင်း သမ္မတဦးသိန်းစိန်ပြော


၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်တွင် ဆူပူမှုဖြစ်အောင် လုပ်ကြံဖန်တီးခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။

10.6.15

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် နိုင်ငံကြီး ခုနစ်နိုင်ငံ အသိသက်သေ ပါဝင်ရေးသဘောတူ

လ်ာခီးလာထိပ်သီး အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် (NCA) ဆက်လက်ညှိ နှိုင်းရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း လိုက်ပြီး NCA ရေးထိုးရာတွင်  အ မေရိကန်၊ တရုတ်အပါအ၀င်နိုင်ငံ  ခုနစ်နိုင်ငံက အသိသက်သေအ ဖြစ်ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။