ယခုတစ်ပတ် ဖလားဝါးနယူးစ်ဂျာနယ်ရဲ့ပညာရှင်ကဏ္ဍမှာ ဒေါက်တာမောင်မောင်လေးက ဇူလိုင် ၇ရက် ပြည်ထောင်စုလွှတ်တော်အစိုးရက ဒဂုံစီးတီးစီမံကိန်းအပါအဝင် ရွှေတိဂုံစေတီ တော်အနီး စီမံကိန်းအားလုံး ရပ်ဆိုင်းမယ်ဆိုတဲ့ ထုတ်ပြန်လိုက်တဲ့အပေါ် သုံးသပ်ထားပါတယ်။ ဝန်ကြီးဌာနတွေရဲ့
အတွေ့အကြုံအားနည်းမှုကြောင့် ယခုလိုဖြစ်သွားရတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ ဟာလည်း တစ်ဆင့်ပြီးတစ်ဆင့် လေ့လာမှုများပြုလုပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်တယ်ဆိုတဲ့အကြောင်း အောက်ပါအတိုင်း
ဒေါက်တာမောင်မောင်လေးကပြောကြားထားရာ ...






ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြ၀တီမြို့သို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီး (လမ်းသစ်လမ်း)နှင့် လမ်းဟောင်း (ဒေါန တောင်ပတ်လမ်း) ပေါ်တွင် တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား တိုက်ပွဲများရပ်တန့်သွားပြီ ဖြစ်၍ အာရှလမ်းမကြီးကို ဇူလိုင် ၁၀ ရက်မှ စ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ သွားလာခွင့်ရှိပြီဟု သတင်းရရှိသည်။
၉-၇-၂၀၁၅

