ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.7.15

အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေး လွတ်မြောက်

အကျဉ်းဦးစီးဌာန၏ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်အမှတ်(၂) စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေး မှုအတတ်သင်စခန်းမှ အကျဉ်းသား လေးဦး တပြိုင်တည်း ထွက်ပြေးလွတ်မြောက် သွားသည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် မြန်မာ ယူ-၁၈ အသင်း စီစဉ်

၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းအနေဖြင့် ခြေစစ်ပွဲ မတိုင်ခင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်သွားမည် ဟု မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

၂၀၁၉ SEA Games ဖိလစ်ပိုင်မှာကျင်းပမည်

၂၀၁၅ စင်ကာပူ SEA Game မြင်ကွင်း။
၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ဖိလစ်ပိုင်နိုင်ငံက သဘောတူလိုက်ပါပြီ။

သမ္မတ ဦးသိန်းစိန် ကျန်းမာရေးအခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီထံ စာပေးပို့ အကြောင်းကြား

ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းထံ ဇူလိုင် ၁၃ ရက်က စာပေးပို့ အကြောင်းကြားခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

13.7.15

အမေရိကန် ဒရုန်းလေယာဉ်များ ထိုးစစ်ကြောင့် IS ထိပ်ပိုင်းခေါင်းဆောင်နှင့် စစ်သွေးကြွများ သေဆုံး



အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ခြေကုပ်ယူလှုပ်ရှားနေသည့် IS အုပ်စု ထိပ်တန်းခေါင်းဆောင်ဖြစ်သူ ဟာဖစ်ဇ်ဆာအိဒ်ကို အမေရိကန် စစ်ဘက် မောင်းသူမဲ့ ဒရုန်းလေယာဉ်များက ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်ဟု အာဖဂန် ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်လက်မှတ်ထိုး၍ နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန်သဘောတူ

ရွးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးပြီး နိုင်ငံ ရေးဆွေးနွေးပွဲများ  စတင်ရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးအလွတ် သဘောအစည်းအဝေး၌သဘောတူညီခဲ့ကြောင်း သတင်း ရရှိသည်။

ဒီမိုကရေစီလိုလားသူ အင်အားစုများနှင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆက်လက်ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း NLD အထူးကြေညာချက် ထုတ်ပြန်




ဒီမိုကရေစီလိုလားသူ အင်အားစုများနှင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆက်လက်ထောက်ခံမှုများဖြင့်၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် လျှပ်စစ်ဓာတ်အား အလျှံပယ်ရရှိရေး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဂျပန်ခရီးစဉ်၌ ညှိနှိုင်းခဲ့ဟု မှော်ဝန်းမြစ်ကူးတံတား ဖွင့်ပွဲတွင် သမ္မတ ပြောကြား


မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ လျှပ်စစ်ဓာတ်အား အလျှံပယ်ရရှိရေး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဂျပန်ခရီးစဉ်တွင် ညှိနှိုင်းခဲ့သည်ဟု ဇူလိုင် ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ၀ဲကြီးကျေးရွာအနီးရှိ မှော်ဝန်းမြစ်ကူးတံတား ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

အနိမ့်ဆုံးလုပ်ခလစာနှင့်ပတ်သက်၍ အစိုးရပါဝင်ဖြေရှင်းရန်လိုအပ်ဟု ကဏ္ဍပေါင်းစုံမှလုပ်ငန်းရှင်များ တောင်းဆို


အမျိုးသားကော်မတီမှ အဆိုပြုထားသည့် တစ်ရက် အ နိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် နှင့်ပတ်သက်၍ ဝန်ကြီးဌာနတစ်ခု တည်း ဖြေရှင်း၍ မဖြစ်နိုင်ဘဲ နိုင် ငံတော်အစိုးရအဆင့်က ပါဝင်ဖြေရှင်းပေးရန်

ဒေါက်တာမောင်မောင်လေး နိုင်ငံတကာဆက်ဆံရေးကော်မတီခေါင်းဆောင် UMFCCI ဒုတိယဥက္ကဋ္ဌ


ယခုတစ်ပတ် ဖလားဝါးနယူးစ်ဂျာနယ်ရဲ့ပညာရှင်ကဏ္ဍမှာ ဒေါက်တာမောင်မောင်လေးက ဇူလိုင် ၇ရက် ပြည်ထောင်စုလွှတ်တော်အစိုးရက ဒဂုံစီးတီးစီမံကိန်းအပါအဝင် ရွှေတိဂုံစေတီ တော်အနီး စီမံကိန်းအားလုံး ရပ်ဆိုင်းမယ်ဆိုတဲ့ ထုတ်ပြန်လိုက်တဲ့အပေါ် သုံးသပ်ထားပါတယ်။ ဝန်ကြီးဌာနတွေရဲ့
အတွေ့အကြုံအားနည်းမှုကြောင့် ယခုလိုဖြစ်သွားရတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ ဟာလည်း တစ်ဆင့်ပြီးတစ်ဆင့် လေ့လာမှုများပြုလုပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်တယ်ဆိုတဲ့အကြောင်း အောက်ပါအတိုင်း
ဒေါက်တာမောင်မောင်လေးကပြောကြားထားရာ ...